Home လူထုအသံ ပေးစာကဏ္ဍ လကမ္ဘာ မျက်နှာပြင်နှင့် တူ‌သော သဃင်္န်းညီ‌နောင်-မြဝတီ ကားလမ်း ( KIC သို့‌ပေးစာ)

လကမ္ဘာ မျက်နှာပြင်နှင့် တူ‌သော သဃင်္န်းညီ‌နောင်-မြဝတီ ကားလမ်း ( KIC သို့‌ပေးစာ)

2609
မြဝတီမြို့တ‌စ္ဆေ၏ KIC သို့‌ပေးစာ

ကရင်ပြည်နယ် ဘားအံ-‌ကော့ကရိတ်-သဃင်္န်းညီ‌နောင်-မြဝတီ ကားလမ်းတ‌လျှောက်တွင် မိုးရာသီတွင် အလွန်ပင် လမ်းများဆိုးလျှက်ရှိရာ သဃင်္န်းညီ‌နောင်-မြဝတီ လမ်းအပိုင်းသည် အဆိုးဆုံးပင်ဖြစ်ပါသည်။ ကားသမားများနှင့် ခရီးသည်များကပင် လကမ္ဘာမျက်နှာပြင်ကို သွားရန် ပြည်နယ်အစိုးရက ‌လေ့ကျင့်‌ပေး‌နေသည်ဟုပင် တင်စား‌ပြောဆို‌နေကြပါသည်။

လမ်းတံတား‌ကြေး ပုံမှန်‌ကောက်ခံ‌နေ‌သော်လည်း ယခုဆိုလျှင် (၃)နှစ်‌ကျော် လမ်းပြုပြင်ခြင်း လုံးဝမရှိပါ။ ဒီလို ပိုက်ဆံ‌တောင်း‌ကောက်ခံပြီး လမ်းမပြင်သည်ကို ဂျာနယ်၊ စာ‌ဆောင်များနှင့် အင်တာနက်စာမျက်နှာ‌ပေါ်တွင် မကြာခဏဆိုသလို ‌တွေ့ရှိ‌နေ‌သော်လည်း ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် လစ်လျှူရှုကာ ပို၍ပင် အရွက်တိုက်မလုပ်‌ပေးသည်ကို ‌တွေ့ရှိရပါသည်။ ဘားအံမှ မြဝတီကို မကြာခဏလာ‌နေ‌သော ပြည်နယ်ဝန်ကြီးချုပ်သည် သူစီး‌နေသည့် ကားထဲတွင် ပခက်‌ပေါ် ထိုင်သွားတာဖြစ်တာ‌ကြောင့် လမ်းပျက်မှန်း မသိဘူးလို့ ခရီးသွားပြည်သူများ‌ပြောဆို ‌ဝေဖန်သ‌ရော်‌နေကြပါသည်။

လမ်း‌တွေပျက်ဆီးလွန်းတာ‌ကြောင့် မကြခဏ ‌မော်‌တော်ယာဉ်များ ‌တောင်‌ပေါ်မှ ‌ချောက်ထဲသို့ ကျခြင်း၊ ယာဉ်တိုက်မှုများ ဖြစ်ခြင်း၊ လမ်းပိတ်ခြင်းတို့‌ကြောင့် ပြည်သူ‌တွေ အသက်‌တွေ များစွာ ဆုံးရှုံး‌နေကြရပါသည်။ မြို့တွင်းလမ်း‌တွေ ဆိုရင်လည်း စည်ပင်သာယာမှ ‌နေ့စဉ်အ‌ကောက်‌ကောက်‌နေပြီး လမ်း‌ပေါက်ဖာခြင်းကို‌တောင် မလုပ်နိုင်‌သော အ‌ခြေအ‌နေကို ‌ရောက်‌နေပါသည်။ လာဘ်စားမှုများ အလွန်ပင် ပို၍ ကြီးထွား‌နေပါသည်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်သူလူထုအ‌ပေါ် အုပ်ချုပ်သည့် ဒီမိုက‌ရေစီမှာ လက်သံ‌ပြောင်သည်ဟု ပါတီအဖွဲ့အစည်းများက သ‌ရော်‌ဝေဖန် ‌ပြောဆို‌နေကြပါသည်။

အနိုင်ရအစိုးရဖြစ်‌သော်လည်း ‌အောက်‌ခြေပြည်ခိုင်ဖြိုးပါတီဝင်‌တွေ ကိုယ်တိုင်ကပင် အစိုးရအ‌ပေါ်လွန်စွာ စိတ်ပျက်‌နေကြဟု သိရှိရသည်။ ၎င်းတို့မှာ လူမှုအသိုင်းအဝိုင်းတွင် တိုင်းပြည်ဖျက်ဆီးမည့်သူအား ကိုယ့်ထမင်းကိုယ်စားကာ လိုက်လံအား‌ပေး‌သောအဖွဲ့ဟု ဆိုကာမည်သူမျှ ‌ပေါင်းသင်းဆက်ဆံမှု မပြုခြင်းကိုခံ‌နေကြရသည်။ အထူးသဖြင့် အာဏာရှင်ဘဝကို နှစ်သက်မြတ်နိုး‌သော (၂)သီးစားဝန်ထမ်းဖြစ်သည့် စစ်တပ်ကလာသည့် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အုပ်ချုပ်‌ရေးမှူးတို့‌ကြောင့် ဖြစ်သည်။ သူတို့သာလျှင် အုပ်ချုပ်တတ်သည် စီမံခန့်ခွဲမှုတတ်သည်ဟု စိတ်ကြီးဝင်ကာ အမှားများကို ‌နေ့စဉ်ကျူးလွန်‌နေ‌သော တရားခံများ‌ကြောင့် ဖြစ်ပါသည်။

ထို့အပြင် ပို၍ဆိုးဝါးသည်မှာ ပြည်သူလူထုမလိုလား‌သော မနှစ်သက်‌သောသူကိုမှ မြဝတီမြို့ (၂၄)နာရီ လျှပ်စစ်မီး လုပ်ပိုင်ခွင့် ထိုး‌ပေးလိုက်ခြင်း ဖြစ်ပါသည်။ ‌ခေတ်အဆက်ဆက် နှိတ်ကွတ်ခဲ့တဲ့၊ ကရင်ပြည်သူ‌တွေကို လိမ်ညာ‌နေတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် တရုတ်မ ‌ဒေါ်သင်းသင်းမြတ် တို့ ပူး‌ပေါင်းလုပ်ပိုင်ကိုင်ခြင်းတို့သည် အလွန်းပင် အကျီးတန်ရုပ်ဆိုးလွန်းပါသည်။ ယခုဆိုလျှင် အာဏာပိုင်‌တွေ ဌာနကြီး‌တွေ အလွန်အကျွန် သုံးစွဲ‌နေတဲ့ လျှပ်စစ်မီတာခကို ကာမိ‌စေရန် ပြည်သူလူထု ‌နေအိမ်‌တွေ အ‌ပေါ် မမှန်မကန် ယူနစ်တိုး ‌ကောက်ခံ‌နေမှု‌တွေဟာ ဖြစ်‌ပေါ်‌နေပါသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများကို အကြံပြုလိုသည်မှာ မိုးရာသီတိုင်း စိုက်သ‌လောက် တခါမျှကြီးပြင်းလာတာ မ‌တွေ့ရတဲ့ သစ်ပင်များ စိုက်ပျိုး ယတြယျာ ‌ချေသည့် (ခ‌ရေ ၊ ဂန့်‌ဂေါ်ပင်စိုက်ပျိုးခြင်း) လုပ်ငန်းထက် ‌လေလုံးထွားမ‌နေပဲ မိုင်(၉၀)သာ ‌ဝေးကွာ‌သော ဘားအံ-မြဝတီ‌မော်‌တော်ကားလမ်းကို လမ်းအပိုင်းလိုက်တာဝန်ဝန်ယူကာ (၂၀၁၅) မတိုင်ခင် ‌ကောင်းမွန်းစွာ လမ်းခင်းနိုင်ရန် တာဝန်ယူသင့်သည်။ ကိုယ်ထူကိုယ်ထ စနစ်သည် နဝတ (နအဖ) လက်ထက် နှစ်‌ပေါင်း(၂၀)‌ကျော်မှ ယ‌နေ့ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရလက်ထက်အထိ ဖြစ်‌နေသည့်အတွက် ပြည်သူလူထုကို လိမ်ညာလှည့်ဖျား‌နေသည်ကို ယ‌နေ့ပြည်သူများက သိ‌နေကြပါသည်။ ဒါ‌ကြောင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အ‌နေဖြင့် ပြည်သူလူထု အတွက် ဘာမျှလုပ်‌ပေးနိုင်စွမ်းမရှိသည့်အပြင် ‌နေ့စဉ် အကြံအဖန် ရိုက်ဖို့ပဲ စဉ်းစား‌နေကြတာဖြစ်၍ ကိုယ့်အရှက်နှင့် သိက္ခာကို ငဲ့ကာ နှုတ်ထွက်သွားရန် သင့်‌တော်‌ကြောင်း အကြံပြုပါသည်။

( မြဝတီမြို့တ‌စ္ဆေ)