Home လူထုအသံ ပေးစာကဏ္ဍ မွန်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ထမင်းရှင်ဘယ်သူလဲ (‌ပေးစာ)

မွန်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ထမင်းရှင်ဘယ်သူလဲ (‌ပေးစာ)

2665

မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်‌စောပုလမ်းအတွင်း တရားမဝင် ဖွင့်လှစ်လုပ်ကိုင်‌နေ‌သော အနှိပ်ခန်းနှင့် အခြား ‌သော မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမဝင် ဖွင့်လှစ်ထား‌သော အနှိပ်ခန်းများအား တိုင်ကြား‌သော်လည်း ဖမ်းဆီးအ‌ရေးယူ ဖယ်ရှား ခြင်း မရှိ‌သော‌ကြောင့် အွန်လိုင်းမီဒီယာများမှတစ်ဆင့် ‌နေပြည်‌တော်မှ သက်ဆိုင်ရာလူကြီးမင်းများမှ လိုအပ်သလို အ‌ရေးယူ‌ဆောင်ရွက် ‌ပေးပါရန် တင်ပြခဲ့ပါသည်။
ထိုသို့တင်ပြခဲ့ရာ ၉-၇-၂၀၁၂ ရက်‌နေ့တွင် မိုးမခအွန်လိုင်းမီဒီယာ၊ ၁၃-၇-၂၀၁၂ရက်‌နေ့တွင် သစ်ထူးလွင်အွန်လိုင်းမီဒီယာများတွင် ‌ဖေါ်ပြ ပါရှိခဲ့ပါသည်။
ထိုသို့ပါရှိခဲ့မှု‌ကြောင့် ၁၅-၇-၂၀၁၂ရက်‌နေ့ ညတစ်နာရီခန့်တွင် မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ အပါအဝင် အဖွဲ့‌ပေါင်းစုံမှ ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝခန့်ဖြင့် အ‌ယောင်ပြ ရှာ‌ဖွေပြခဲ့ပါသည်။ ထိုသို့ အ‌ယောင်ပြရှာ‌ဖွေပြ‌သောအချိန်တွင် မြိုင်သာယာရပ်ကွက်တစ်ခွင်ရှိ အနှိပ်ခန်းအသီးသီးမှာ တံခါးပိတ်၊ မီးမှိတ် ကိုယ်‌ဖျောက်‌နေခဲ့ကြပါသည်။ အချိန်နှစ်နာရီခန့် ကြာမြင့်‌သော အဆိုပါ အ‌ယောင်ပြ ရှာ‌ဖွေစစ် ‌ဆေးမှု ပြီးစီး‌သော နံနက်သုံးနာရီအချိန်ခန့်မှ စတင်၍ ပြန်လည် ဖွင့်လှစ်လုပ်ကိုင်‌နေကြသည်မှာ ယ‌နေ့ထက်တိုင် ဖြစ်ပါသည်။

မြိုင်သာယာရပ်ကွက်၊ ရှင်‌စောပုလမ်း၊ အမှတ်(၄၇)တွင် ဖွင့်လှစ်ထား‌သော တရားမဝင်အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ငန်းကိုပါ ပူးတွဲလုပ် ကိုင်‌နေ‌ကြောင်း သိရှိရပါသည်။ ယင်းကို တိုင်ကြားပါက တိုင်ကြားသူသာ စစ်‌ဆေး‌မေးမြန်းခံရခြင်း၊ အ‌ရေးယူဖယ်ရှားမှုမရှိခြင်း၊ အ‌ယောင် ပြရှာ‌ဖွေပြပီး အထက်သို့ တရားမဝင် အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှုမရှိ‌ကြောင်း တင်ပြ‌နေခြင်းများ‌ကြောင့် ရပ်ကွက်အတွင်း‌နေ ပြည်သူ လူထုအ‌နေဖြင့် ရဲတပ်ဖွဲ့၏ ထမင်းရှင်မှာ အခွန်ထမ်းပြည်သူလူထု မဟုတ်ပဲ တရားမဝင်အနှိပ်ခန်းများ ဖြစ်‌နေသလားဟူ‌သော ယူဆချက် များ ဖြစ်‌ပေါ်‌စေပြီး ရဲတပ်ဖွဲ့အ‌ပေါ် ယုံကြည်မှုကင်းမဲ့‌စေပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ‌နေပြည်‌တော်မှ တာဝန်ရှိလူကြီးမင်းများမှ ‌သေချာစွာ ကြီးကြပ်ကွပ်ကဲ၍ မွန် ပြည်နယ်၊ ‌မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမဝင်အနှိပ်ခန်းများ ‌ပျောက်ကွယ်သွား‌စေရန် လိုအပ်သလို အ‌ရေးယူ ‌ဆောင်ရွက်‌ပေးပါရန် ထပ်မံ တင်ပြလိုက်ရပါသည်။
ရာမညသား