Home သတင်း ဘုရားသုံးဆူ KNU ဆက်ဆံ‌ရေးရုံး အပြန်အလှန် သတင်း‌ပေးပို့မှု လုပ်‌ဆောင်‌နေ

ဘုရားသုံးဆူ KNU ဆက်ဆံ‌ရေးရုံး အပြန်အလှန် သတင်း‌ပေးပို့မှု လုပ်‌ဆောင်‌နေ

2932
ဇူလိုင်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အပစ်အခတ် ရပ်စဲ‌ရေးကာလအတွင်း မြန်မာအစိုးရ စစ်တပ်နှင့် ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှု မရှိ‌စေရန်အတွက် ဘုရားသုံးဆူမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဆက်ဆံ‌ရေးရုံးက လက်ရှိအချိန်တွင် နှစ်ဖက် သတင်း‌ပေးပို့မှုများကို ပြုလုပ်‌နေ‌ကြောင်း သိရသည်။

အစိုးရဘက်မှ သက်ဆိုင်ရာဌာနများနှင့် တပ်ရင်း အ‌ပြောင်းအလဲများ ရှိပါက ဘုရားသုံးဆူမြို့ရှိ ဆက်ဆံ‌ရေးရုံးသို့ အစိုးရဘက်မှ ကြိုတင် အ‌ကြောင်းကြား‌ပေးသဖြင့် နှစ်ဖက်‌ခေါင်း‌ဆောင်များနှင့် တပ်ရင်းတပ်ဖွဲ့များ ခရီးသွားခြင်း၊ အ‌ပြောင်းအလဲများကို အပြန်အလှန် သတင်းပို့ ‌နေကြ‌ကြောင်း ဘုရားသုံးဆူမြို့ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံး ဒုတာဝန်ခံ ပဒို‌စောထဲ‌နေက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောထဲ‌နေက “သူတို့(အစိုးရ) ကြိုတင်သတင်းပို့လာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ဘက်ကလည်း သက်ဆိုင်ရာ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင် ‌တွေနဲ့ တပ်မှူးတပ်သား‌တွေကို အ‌ကြောင်းကြား‌ပေးတယ်။ ‌နောက်ပြီး နှစ်ဖက်လုံးက ‌ခေါင်း‌ဆောင်‌တွေနဲ့ တပ်သား‌တွေရဲ့ အသွားအပြန် ဘယ်လိုရှိတယ်ဆိုတာကိုလည်း ကြိုတင်‌ပြောဆိုထားတဲ့အတွက် အဟန့်အတားမရှိ ခရီးသွားလာလို့ ရသွားတာ‌ပေါ့”ဟု ‌ပြောသည်။

အစိုးရတပ်အ‌ပြောင်းအလဲနှင့် ပတ်သက်ပြီး နှစ်ဖက် တိုက်ပွဲမဖြစ်ရန် ကြိုတင်အ‌ကြောင်းကြားသည့် တာဝန်တစ်ခုတည်းကိုသာ လတ်တ ‌လော လုပ်‌ဆောင်‌နေရသဖြင့် အခက်အခဲ တစုံတရာ မရှိ‌ကြောင်းလည်း ‌စောထဲ‌နေက ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၆)လက်‌အောက်ရှိ ဘုရားသုံးဆူရှိ ဆက်ဆံ‌ရေးရုံးကို ‌မေလ ၁၅ရက်‌နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တပ်မဟာ(၃)ရုံးကို ‌ကျောက်ကြီးမြို့တွင်လည်း‌ကောင်း၊ တပ်မဟာ(၄)ရုံးကို ထားဝယ်မြို့တွင်လည်း‌ကောင်း ဧပြီလ ၉ရက်နှင့် ၁ဝရက်‌နေ့များက ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်၌ အဆိုပါ တာဝန်တစ်ခုတည်းကိုသာ လုပ်‌ဆောင်‌နေရ‌သေး‌ကြောင်း သိရသည်။

အဆိုပါ ဆက်ဆံ‌ရေးရုံးများကို ယခုနှစ်၊ ဇန်နဝါရီလနှင့် ဧပြီလတို့၌ ပြုလုပ်ပြီးစီးခဲ့သည့် ‌ကေအဲန်ယူနှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး ‌ဖော် ‌ဆောင်‌ရေး ကိုယ်စားလှယ်များ၏ အပစ်အခတ်ရပ်စဲ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပြီး၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။