Home သတင်း ထားဝယ်မြို့နယ်တွင် ကုမ္ပဏီများ ထပ်မံ သစ်ခုတ်မည်ကို ‌ဒေသခံများ စိုးရိမ်‌နေ

ထားဝယ်မြို့နယ်တွင် ကုမ္ပဏီများ ထပ်မံ သစ်ခုတ်မည်ကို ‌ဒေသခံများ စိုးရိမ်‌နေ

1201
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

တနသင်္ာရီတိုင်း၊ ထားဝယ်မြို့နှင့် ၁၃မိုင် ကွာ‌ဝေး‌သော အညာဖျား‌ကျေးရွာအုပ်စုတွင် လာမည့် ‌နွေရာသီ၌ သစ်ထုတ်လုပ်‌ရေး ကုမ္ပဏီ များက ထပ်မံ၍ သစ်များ လာ‌ရောက်ခုတ်ယူမည်ဟု ယခင်လက ‌ပြောဆိုခဲ့သည့်အ‌ပေါ် ‌ဒေသခံ ပြည်သူများက စိုးရိမ်လျှက်ရှိသည်။

“ကုမ္ပဏီ‌တွေက ‌နွေကျရင် ကျ‌နော်တို့ဘက်က သစ်‌တွေကို လာခုတ်ယူအုံးမယ်လို့ အရင်လက လာ‌ပြောသွားတယ်‌လေ။ အဲဒါ ဘယ်ကို တိုင်လို့ တိုင်ရမှန်းလည်း မသိဘူး။ သူတို့က ‌နေပြည်‌တော်က ပါမစ်ရတယ်ဆိုပြီး လုပ်‌နေကြတာကိုး”ဟာ ‌ဒေသခံ ‌ညောင်‌ချောင်းရွာသား တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သစ်ကုမ္ပဏီများဖြစ်ကြသည့် Delco နှင့် May Flower ကုမ္ပဏီများမှာ လွန်ခဲ့သည့် ၂နှစ်ခန့်က အညာဖျား‌ကျေးရွာအုပ်စုအနီးရှိ ‌ကျေးရွာ လူထုပိုုင် ဥယျာဉ်ခြံ‌မြေများကို ‌နေပြည်‌တော်မှ လုပ်ပိုင်ခွင့်ပါမစ်ဖြင့်ဟုဆိုကာ သိမ်းယူသွားခဲ့ပြီး မတန်တဆ ‌လျော်‌ကြေးများ‌ပေးရာ အချို့ ခြံပိုင်ရှင်များမှာ လက်မခံသူများလည်း ရှိသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “အစိုးရပိုင်သစ်‌တောအပြင် ရွာသား ၅ဦးပိုင်တဲ့ ဥယျာဉ်ခြံလည်း ပါပါတယ်။ ၂ဦးကို အ‌လျော်‌ပေးပါ တယ်။ တစ်ဦးကို ၃၅သိန်းနဲ့ပါ။ ကျန် ၃ဦးက မယူဘူး။ ခြံထဲမှာရှိတဲ့ အပင်‌တွေက ၃၅သိန်းမကဘူးလို့ ‌ပြောပါတယ်။ တိုး‌တောင်းတာ လည်း မ‌ပေးဘူး။ တရားစွဲမယ်ဆို‌တော့လည်း ဘယ်လိုလုပ်ရမှန်းမသိလို့ အခုလို ကြာ‌နေတာပါ။ ‌နေပြည်‌တော်က ပါမစ်ရတယ်လို့ ‌ပြော ‌တော့လည်း မတိုင်ရဲတာ ပါပါတယ်”ဟု ဆိုသည်။

ထိုသို့ သစ်ခုတ်ရာတွင် ရရှိသည့်လုပ်ပိုင်ခွင့်(ပါမစ်)မှာ တန် ၁၀ဝဟု ကုမ္ပဏီ တာဝန်ရှိသူများကဆို‌သော်လည်း တစ်ပတ်အတွင်း တန် ၈၀ဝခန့် ခုတ်ယူသွားသည်ကို‌တွေ့ရ‌ကြောင်း မျက်မြင်သက်‌သေ ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

“ကား‌တွေနဲ့ တိုက်ချ‌နေတာကို ‌တွေ့တာ‌ပေါ့။ ကားတစ်စီးမှာ ဘယ်နှစ်တန်ဆံ့သလဲဆိုတာ ကျ‌နော်တို့လည်း သစ်လုပ်‌နေ‌တော့ တန်ကို ခန့်မှန်းလို့ရတာပါ။ သစ်‌တွေကို ထားဝယ်‌ရေနက်ဆိပ်ကမ်းဘက် သယ်တာ‌တွေ့ပါတယ်”ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

သိမ်းဆည်းခံလိုက်ရသည့် ဥယျာဉ်ခြံများထဲတွင် အုန်း၊ သရက်၊ ပိန္နဲ၊ အင်၊ ကညင် စသည့် နှစ်ရှည်ခံ သစ်ပင်ကြီးများရှိရာ ထိုသစ်‌တော များကို ခုတ်လှဲခြင်း မရှိ‌စေ‌ရေးအတွက် ‌ကျေးရွာလူထုအ‌နေဖြင့် မည်သူ့ထံသို့ အကူအညီ ‌တောင်းခံရမှန်းမသိ ဖြစ်‌နေရသည်။

အညာ‌ချောင်း‌ကျေးရွာအုပ်ချုပ်‌ရေးမှုး ဦးမြင့်‌အောင်မှ သစ်စတင်ခုတ်မည့်အချိန်တွင် ကုမ္ပဏီကိုသွား‌ရောက်‌ပြောဆိုရာ ‌လျော်‌ကြေးလိုချင် ပါက လက်မှတ်ထိုးနိုင်ပြီး လက်မှတ်မထိုးပါက ‌လျော်‌ကြေးလုံးဝ မ‌ပေးနိုင်‌ကြောင်းနှင့် အလကား သိမ်းမည်ဖြစ်‌ကြောင်း‌ပြောဆိုသည်ဟု သိရသည်။

“ကျ‌နော်တို့ကို နင်တို့ ဒီသစ်‌တော‌တွေ ရှိလို့လည်း ဘာထူးမှာလည်းလို့ ‌ပြောပါတယ်။ ရွာကို ဘာလုပ်‌ပေးမှာလဲဆို‌တော့လည်း ဘာမှ မလုပ်‌ပေးဘူးလို့ ‌ပြောတယ်။ ‌လော‌လောဆယ်‌တော့ သစ်‌တောကို ဖြတ်ဆင်းတဲ့‌ချောင်းဟာ သစ်‌တောမရှိ‌တော့တဲ့အတွက် ‌နွေမှာခမ်းလို့် ရွာကလူ‌တွေ ‌ရေ ခက်ခဲပါတယ်”ဟု အုပ်ချုပ်‌ရေးမှုးနှင့်အတူ လိုက်ပါ‌ပြောဆိုသူ ရွာသားတစ်ဦးက ‌ပြောသည်။

အညာဖျား‌ကျေးရွာအုပ်စုတွင် ကရင်ရွာများဖြစ်‌သော ဓား‌သွေး‌ကျောက်ရွာ၊ ‌ညောင်‌ချောင်းရွာ၊ ဆိပ်‌ချောင်းရွာနှင့် အခြားရွာ ၂ရွာ ပါဝင်ပြီး ‌ဒေသခံလူထုမှာ ‌တောင်ယာ၊ ဥယျာဉ်ခြံ‌မြေလုပ်ငန်းများဖြင့် အသက်‌မွေး‌နေကြရသည့်အတွက် ယခုကဲ့သို့ သိမ်းယူခြင်း‌ကြောင့် ၎င်းတို့၏ စားဝတ်‌နေ‌ရေးကို ခက်ခဲ‌စေသည်ဟု ထို‌ဒေသရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။