Home သတင်း ကျန်းမာ‌ရေးလုပ်ငန်း လက်တွဲလုပ်‌ဆောင် သွားရန် ‌ဆေးဝန်ထမ်းများနှင့် အဲန်ဂျီအို်များ ‌ဆွေး‌နွေးခဲ့

ကျန်းမာ‌ရေးလုပ်ငန်း လက်တွဲလုပ်‌ဆောင် သွားရန် ‌ဆေးဝန်ထမ်းများနှင့် အဲန်ဂျီအို်များ ‌ဆွေး‌နွေးခဲ့

1895
ဇူလိုင်လ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ (ကရင်သတင်းဌာန)

လာမည့် အနာဂတ်တွင် မြန်မာပြည်၏ ကျန်းမာ‌ရေးလုပ်ငန်းများကို ပူး‌ပေါင်းလုပ်‌ဆောင်သွားနိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ အစိုးရ မဟုတ်‌သော အဖွဲ့အစည်းများနှင့် ကျန်းမာ‌ရေးဝန်ထမ်းများ ပါဝင်‌ဆွေး‌နွေးသည့် နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်တွင် ဇူလိုင်လ ၂၈ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့-BPHWT မှ ကြီးမှူးကျင်းပ‌သော ကျန်းမာ‌ရေးလုပ်ငန်းစဉ်ဆိုင်ရာ နှီး‌နှောဖလှယ်ပွဲ (Health Program Convergence Seminar)တွင် ကျန်းမာ‌ရေးအစီအစဉ်များ (Programs)နှင့် နည်းစနစ် (Systems)တို့ တစ်ထပ်တည်း ကျစွာ လုပ်‌ဆောင်နိုင်ရန် ရည်ရွယ်‌ဆွေး‌နွေးခဲ့သည်ဟု BPHWT အတွင်း‌ရေးမှူး ဆရာမန်းမန်းက ‌ပြောသည်။

“တိုင်းပြည်အ‌ခြေအ‌နေ ‌ပြောင်းလဲတိုးတက်လာရင် NGO ‌တွေ လွှမ်းမိုးမှုမရှိဘဲ ကျန်းမာ‌ရေး(programs)နဲ့ တိုင်းပြည်ရဲ့ (systems) တစ်ထပ်တည်းဖြစ်‌အောင် ‌ဆောင်ရွက်လုပ်‌ဆောင်နိုင်ဖို့ပဲ ဖြစ်တယ်”ဟု ဆိုသည်။

မြန်မာပြည်၏ လက်ရှိအ‌ခြေအ‌နေမှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်း‌ရေးတည်‌ဆောက် ‌ရေးလမ်းစဉ်ကို သွား‌နေကြ‌သော်လည်း နှစ်ဘက်စလုံးမှ သ‌ဘောတူညီချက်များ တိကျစွာ မချနိုင်‌သေးသည့်အပြင် အချို့‌ဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား‌နေ၍ ကျန်းမာ‌ရေးလုပ်ငန်းစဉ်ကို ‌သေချာစွာ မ‌ရေးဆွဲနိုင်‌သေး‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

ဆရာမန်းမန်းက “အခု ငြိမ်းချမ်း‌ရေးကာလအတွင်းမှာ အစိုးရနဲ့ တိုင်းရင်းသား‌တွေအကြားမှာ ဘာမှ တိတိကျကျ သ‌ဘောတူညီချက် မရှိ ‌သေးဘဲနဲ့ ‌လောပြီးမလုပ်ဖို့ပါ။ ‌ရှေးဦးမကျွံဖို့ လိုသလို ‌နောက်ကျမကျန်ဖို့လည်း လိုပါတယ်”ဟု ကရင်သတင်းဌာနသို့ ‌ပြောသည်။

ဇူလိုင်လ ၂၇ရက်နှင့် ၂၈ရက်‌နေ့များက နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ထိုနှီး‌နှောဖလှယ်ပွဲတွင် ပြည်တွင်းကျန်းမာ‌ရေး NGO များ၊ နယ်စပ်ရှိ ကရင်၊ မွန်၊ ရှမ်း၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ပအိုဝ်းနှင့် ပ‌လောင်ကျန်းမာ‌ရေးအဖွဲ့များမှ ‌ဆေးဝန်ထမ်းများ၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ ‌ရေးလုပ်သားများအဖွဲ့နှင့် မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA)မှ ကိုယ်စားလှယ်‌ပေါင်း ၇၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲ၌ လာမည့် ၂၀၁၃တွင် ငှက်ဖျားနှင့် မျိုးဆက်ပွားခြင်းဆိုင်ရာ နှီး‌နှောဖလှယ်ပွဲကျင်းပရန်၊ အခြားကျန်းမာ‌ရေးကဏ္ဍများကို အတူတကွ ညှိနှိုင်း‌ဆောင်ရွက်သွားရန်၊ နိုင်ငံတကာအကူအညီကို ‌ဒေသခံလူမှုအဖွဲ့စည်းအား အဓိက ဦးစား‌ပေးရန်၊ တရားမျှတမှုရှိပြီး ခွဲခြားဆက်ဆံမှုမရှိ‌သော ယဉ်‌ကျေးမှုထုံးလမ်းအစဉ်လာနှင့် ‌လျော်ညီသည့် ကျန်းမာ‌ရေးမူဝါဒကို ချမှတ်နိုင်ရန် စသည့်အချက် ၁၄ချက်ကို သ‌ဘောတူ ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။

၎င်း‌ဆွေး‌နွေးပွဲကို ကိုယ်တိုင် တက်‌ရောက်ခဲ့သူ ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့-KWAG မှ ‌နော်စူစဲနာလှလှစိုးက “အခုလို အထဲက နယ်‌မြေခံ ‌ဆေးဝန်ထမ်း‌တွေနဲ့ အဲန်ဂျီအို‌တွေ တက်‌ရောက်တာ ‌ကောင်းပါတယ်။ ကျန်းမာ‌ရေးကို ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင်ကြမလဲ ‌ဆွေး‌နွေးနိုင်ခဲ့ကြတယ်။ ‌နောက် စီမံကိန်း‌နေရာ‌တွေလည်း မထပ်‌အောင် ညှိနှိုင်းလို့ရခဲ့တယ်‌လေ”ဟုလည်း ‌ပြောသည်။

ယခုပြုလုပ်သည့် ကျန်းမာ‌ရေးနှီး‌နှောဖလှယ်ပွဲမှာ ပထမဦးအကြိမ်ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက် ကျင်းပသွားရန် အစီအ စဉ် ရှိနိုင်‌ကြောင်း သိရသည်။