Home သတင်း ကရင်ဒုက္ခသည်စခန်းရှိပညာ‌ရေးဝန်ထမ်းများ လစာအနည်းငယ်တိုးလာ

ကရင်ဒုက္ခသည်စခန်းရှိပညာ‌ရေးဝန်ထမ်းများ လစာအနည်းငယ်တိုးလာ

1865
ဇူလိုင်လ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် စာသင်‌ကျောင်းများ၌ သင်ကြားပို့ချ‌နေသည့် ပညာ‌ရေးဝန်ထမ်းများအား ယခုနှစ် တွင် လစာ တိုးမြှင့်‌ပေးလိုက်‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ-KRC မှ ပညာ‌ရေးတွဲဘက် တာဝန်ခံ(Education Coordinator) ဆရာမ ‌နော်တဘိုးရာထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ဆရာ/ဆရာမ‌တွေကို လစာတိုး‌စေချင်တာက‌တော့ အရမ်းပဲ။ ဘာဖြစ်လဲဆို‌တော့ သူတို့က တကယ့်‌ပေးဆပ်ပြီး က‌လေးပညာ ‌ရေးကို သင်ပြ‌ပေး‌နေတဲ့သူ‌တွေ‌လေ။ အရင်က ‌ငွေ‌ကြေး (Budget) အဆင်မ‌ပြေလို့ပါ။ အခု‌တော့ နည်းနည်း အဆင်‌ပြေလာတယ်”ဟု ‌ပြောသည်။

ဒုက္ခသည်စခန်းအတွင်းရှိ ပညာ‌ရေးဝန်ထမ်းများ၏ လစာကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြဟူ၍ ခွဲခြားထားခြင်းမရှိဘဲ ယခင် နှစ်က တစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၄၀ဝသာ ရရှိခဲ့ကြပြီး ဇွန်လမှစ၍ တစ်ဦးလျှင် ဘတ် ၇၀ဝနှုန်းဖြင့် ထပ်မံ တိုး‌ပေးလိုက်‌ကြောင်းလည်း သူမက ထပ်မံ ရှင်းပြသည်။

ယခုလို လစာအနည်းငယ် တိုးလာသည့်အ‌ပေါ် မယ်လစခန်းမှ အထက်တန်းပြ ‌ကျောင်းဆရာတစ်ဦးက “ခုလို လစာတိုး‌ပေးတာ ‌ကောင်း ပါတယ်။ ကျ‌နော်တို့လစာက မများ‌ပေမဲ့ တိုးလာတာကိုပဲ ဝမ်းသာ‌နေပါပြီ”ဟု ‌ပြောသည်။

ထို့အပြင် ၎င်းပညာ‌ရေးဝန်ထမ်းများသည် ပြည်တွင်း‌ကျောင်းများမှဖြစ်‌စေ၊ ဒုက္ခသည်စခန်းအတွင်းရှိ ZOA (ဒုက္ခစခန်းများ၏ ပညာ‌ရေုးကို အကူညီ‌ပေး‌နေသည့် အဖွဲ့အစည်း)မှ ပြုလုပ်သည့် သင်တန်းများမှဖြစ်‌စေ ‌အောင်လက်မှတ်ရှိထားသူများ သို့မဟုတ် ‌ကျောင်းဆရာလုပ် ငန်း သက်တမ်း ၂နှစ်နှင့်အထက်ရှိသူများကို ထိုင်း‌ငွေ ၃ဝဘတ် ထပ်မံ တိုး‌ပေး‌ကြောင်း ဆရာမ ‌နော်တဘိုးရာထူးက ‌ပြောသည်။

ယခင်နှစ်များက နယ်စပ်‌ဒေသရှိ ဒုက္ခသည်စခန်းများတွင် ZOA အပြင် အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်း(NGO) များဖြစ်သည့် World Vision, TOP စသည်တို့က ပညာ‌ရေးကိစ္စတွင် လိုအပ်သလို ကူညီ‌ပေးခဲ့‌ကြောင်း သိရသည်။

သို့‌သော်လည်း လက်ရှိအချိန်၌ ZOA တဖွဲ့သာ ကူညီပံ့ပိုးလျှက်ရှိပြီး ဒုက္ခသည်စခန်းများမှ ‌ကျောင်းဆရာ/မများအတွက် ဆရာဖြစ်သင် တန်း(Teacher Training)၊ ‌ကျောင်းညွှန်ကြား‌ရေးမှူးသင်တန်း(Director Training) အပါအဝင် ပညာ‌ရေးလုပ်ငန်းဆိုင်ရာ အခြားသင် တန်းများကို နှစ်စဉ် ပို့ချ‌ပေးလျှက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် အထက်တန်း‌ကျောင်း ၂၄‌ကျောင်း၊ အလယ်တန်း ၁၄‌ကျောင်းနှင့် မူလတန်း‌ကျောင်း ၂၇‌ကျောင်းရှိရာ စုစု‌ပေါင်း ‌ကျောင်းဆရာ၊ ဆရာမ ၁,၃၀၆ ဦးရှိ‌ကြောင်း သိရသည်။