Home ထိပ်တန်းသတင်း BPHWT ဒါရိုက်တာ ‌စောဝင်း‌ကျော် Van Heuven Goedhart ဆုဆွတ်ခူးရရှိ

BPHWT ဒါရိုက်တာ ‌စောဝင်း‌ကျော် Van Heuven Goedhart ဆုဆွတ်ခူးရရှိ

1954
ဇွန်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

နယ်သာလန်နိုင်ငံ Stichting Vluchteling အဖွဲ့မှ ‌ပေးအပ်သည့် ၂၀၁၂ခုနှစ်အတွက် Van Heuven Goedhart Award ဆုကို နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့-BPHWT ဒါရိုက်တာ ‌စောဝင်း‌ကျော်က ဆွတ်ခူးရရှိခဲ့သည်။

ကရင်ပြည်နယ်တွင် တိုက်ပွဲများအကြား အတိဒုက္ခ‌ရောက်‌နေ‌သော ‌ဒေသခံလူထုများအတွက်ကျန်းမာ‌ရေး၊ ဖွံ့ဖြိုး‌ရေးနှင့် ဦး‌ဆောင်မှုကဏ္ဍ စသည့် နည်းလမ်း‌ပေါင်းမျိုးစုံဖြင့် ဆယ်စုနှစ်‌ကျော် စွမ်း‌ဆောင်ခဲ့သည့် ‌စောဝင်း‌ကျော်အား ယင်းဆုကို ‌ပေးအပ်ရန် Stichting Vluchteling အဖွဲ့က ‌ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆုအပ်နှင်းပွဲအခမ်းအနားကို ဇွန်လ ၁၆ရက်‌နေ့ကထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တ‌နေရာတွင် ကျင်းပခဲ့သည်။

ဆုလက်ခံရရှိသွားသည့် ‌စောဝင်း‌ကျော်က “ဒီဆုကို ရတာ‌တော့ အရမ်း‌ပျော်ပါတယ်။ ဒါ‌ပေမယ့်ကျ‌နော်တစ်‌ယောက်တည်း‌ကောင်းလို့ ရတယ်လို့ မယူဆပါဘူး။ ကျ‌နော့်ရဲ့ ဘက်ဖက်(BPHWT)လုပ်‌ဖော်ကိုင် ဖက်‌တွေရဲ့ ကူညီပံ့ပိုးမှု‌တွေ အများကြီးပါလို့ ရတယ်လို့ပဲ ‌ပြောပါရ‌စေ။ ‌ဘောလုံးအသင်းတသင်းလို‌ပေါ့။ တ‌ယောက်‌ကောင်းလို့ မရပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဆုကို ရရှိခြင်းအားဖြင့် ၎င်းတို့ BPHWT အဖွဲ့အတွက် ‌ရှေ့လုပ်ငန်းစဉ်များ လုပ်‌ဆောင်ရာတွင် တွန်းအားတခုဖြစ်သကဲ့သို့ ‌ရှေ့ဆက် လုပ်ငန်းများ အ‌ကောင်အထည်‌ဖော်ရာတွင်ပိုမိုထိ‌ရောက်ရန်အတွက် ကိုယ့်ကိုယ်ကို အနစ်နာခံသည်ဟု မခံယူဘဲ အမျိုးသား‌ရေးအတွက် အလုပ်လုပ်သည်ဟု ခံယူကာ အားလုံးပါဝင်ကြရန် လည်း‌စောဝင်း‌ကျော်က တိုက်တွန်းသွားခဲ့သည်။

Stichting Vluchteling အဖွဲ့က နယ်သာလန်နိုင်ငံမှ ‌နေ၍ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ အထိလာ‌ရောက် ကာ ဆု‌ပေးအပ်ပွဲအခမ်းအနားနှင့်တကွ ကျင်းပခဲ့ပြီး ‌စောဝင်း‌ကျော်အား ဂုဏ်ပြုဆံဆိပ်အပါအဝင် ကျန်းမာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆက်လုပ်ရန် ဥ‌ရောပယူရို‌ငွေ ၅၀,၀၀ဝ ‌ပေးအပ်ခဲ့သည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ဖာပွန်‌ဒေသရှိ ‌ဒေးဖိုးနိုနှင့် ဟို‌ကေစသည့် ‌နေရာများတွင် BPHWT ‌ဆေးခန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ရရှိသွားသည့် ဆု‌ငွေများကို ကျန်းမာ‌ရေးလုပ်ငန်းနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်း အသုံးပြုသွားမည်ဖြစ်သလို ကချင်‌ဒေသက ဒုက္ခသည်များကိုလည်း အကူအညီအချို့‌ပေးသွားမည်ဟု ‌စောဝင်း‌ကျော်က ‌ပြောသည်။

‌စောဝင်း‌ကျော်သည် ကရင်ပြည်နယ်အတွင်း ‌ဝေးလံ‌ခေါင်းပါးသည့် ‌ဒေသများတွင် ကျန်းမာ‌ရေးလုပ်ငန်းကို ‌ဆောင်ရွက်ကာ ‌မြေမြှုပ်မိုင်း ထိသူများ၊ လက်နက်ကြီးငယ် ‌သေနတ်ထိသူများစွာကို ကုသ‌ပေးခဲ့သည့်အပြင် ကျန်းမာ‌ရေးနှင့် ပတ်သက်သည့် အ‌ခြေခံ‌ဆေးသင်တန်းများ၊ ပညာ‌ရေးလုပ်ငန်းများနှင့် ဦး‌ဆောင်စီမံခန့်ခွဲမှုများ လုပ်‌ဆောင်နိုင်ခဲ့သည်ဟုဆု‌ပေးသည့် အဖွဲ့က‌ထောက်ပြ‌ပြောဆိုခဲ့သည်။

၂၀၀၁ခုနှစ်က Van Heuven Goedhart ဆု ရရှိခဲ့သည့် BPHWT ၏ ဥက္ကဌ ‌ဒေါက်တာစင်သီယာ‌မောင်ကလည်း “BPHWT လုပ်ငန်း‌တွေ ပြန်ကြည့်ရင် စစ်ဖြစ်‌နေတဲ့ ‌ဒေသမှာ နိုင်ငံတကာ ကယ်ဆယ်‌ရေးအဖွဲ့‌တွေ လက်လှမ်းမမှီဘူး‌လေ။ အစိုးရရဲ့လျစ်လျူရှုမှုခံ‌နေရတဲ့သူ‌တွေကို ကုသမှုတခုတည်းမဟုတ်ဘဲ ကျန်းမာ‌ရေးအရည်‌သွေးမြင့်မားဖို့နဲ့ကျန်းမာ‌ရေးအဖွဲ့‌တွေ ကြားထဲမှာ ပူး‌ပေါင်းမှု‌တွေ ‌ကောင်းမွန်လာ‌အောင် ‌ဆောင်ရွက်တဲ့အတွက်‌ကြောင့် BPHWT အားလုံးရဲ့ကိုယ်စားနဲ့ ဆရာဝင်း‌ကျော်အတွက်‌ရော ကျမတို့ ဂုဏ်ယူပါတယ်။”ဟု ‌ပြောသည်။

ဆု‌ပေးပွဲအခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကရင်လူမှု‌ရေးလုပ်ငန်းအဖွဲ့များ၊ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ဖိတ်ကြားထား‌သော ဧည့်သည်‌တော်များအပါအဝင် ပရိဿတ် ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့ပြီး ‌ကျောင်းသူ‌ကျောင်းသားများက မြန်မာနိုင်ငံ တိုင်းရင်းသား‌ပေါင်းစုံအက၊ ကရင်ဒုံးယိမ်းအက၊ မြန်မာတပင်တိုင်အကနှင့် ကရင်လူမျိုး၏ ဓ‌လေ့ရိုးရာနှင့် လုပ်ကိုင်စား‌သောက်မှုဆိုင်ရာ သရုပ်‌ဖော်ခြင်း စသည့်တို့ကို တင်ဆက်‌ဖျော်‌ဖြေခဲ့ကြသည်။

Van Heuven Goedhart ဆုသည် နယ်သာလန်နိုင်ငံ၏ ၁၉၅၁ခုနှစ်တွင် ပထမဦးဆုံး ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလည်းဖြစ်၊ ၁၉၅၄ခုနှစ်တွင် နိုဘယ်လ်ဆု ရရှိသူလည်းဖြစ်သည့် Gerrit Van Heuven Goedhart ကို ရည်စူး၍ ကမ္ဘာတဝှမ်းရှိ စစ်ပွဲများအကြား ဒုက္ခ‌ရောက်‌နေ‌သော လူထုများကို လိုက်လံကူညီ‌ပေး‌နေသည့် ပုဂ္ဂိုလ်များအား အသိအမှတ်ပြုသည့်အ‌နေဖြင့် ဂုဏ်ပြုချီးမြှင့်သည့် ဆုဖြစ်သည်။

နယ်သာလန်နိုင်ငံ၌ ၁၉၇၆ခုနှစ်တွင် Van Heuven Goedhart ဆုကို ‌ပေးသည့် Stichting Vluchteling အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

Stichting Vluchteling အဖွဲ့မှ ‌ပေးသည့် ဆုရရှိသွား‌သော ‌စောဝင်း‌ကျော်သည် ၁၉၈၈ ခုနှစ် ‌ကျောင်းသား အ‌ရေး‌တော်ပုံတွင် ပါဝင်ခဲ့သူဖြစ်ပြီး ထိုမှတဆင့် ယခင် ကရင်အမျိုးသားအစည်းအရုံး-KNU ဌာနချုပ် မာနယ် ပ‌လောသို့ ‌ရောက်ရှိလာကာ ၁၉၈၉ခုနှစ်မှစ၍ ကရင်ပြည်နယ်အတွင်းအပါအဝင် ကရင်ပြည်နယ်နှင့် ထိစပ်သည့် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ပြည်တွင်း ဒုက္ခသည်များကို လိုက်လံ‌ဆေးကုသမှုပြုလုပ်ရင်း ကျန်းမာ‌ရေး လုပ်ငန်းနှင့် အခြားဖွံ့ဖြိုး‌ရေးလုပ်ငန်းများလုပ်‌ဆောင်‌နေသည်မှာ ယခုချိန်ထိ ဖြစ်သည်။