Home သတင်း ‌ဒေါက်တာစင်သီယာ‌မောင်နှင့် ဦး‌အောင်မင်း ‌တွေ့ဆုံ

‌ဒေါက်တာစင်သီယာ‌မောင်နှင့် ဦး‌အောင်မင်း ‌တွေ့ဆုံ

1951
ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်းတည်‌ထောင်သူ ‌ဒေါက်တာ စင်သီယာ‌မောင်နှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦး‌အောင်မင်းတို့က ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယ‌နေ့ ‌နေ့လည် ၁၂နာရီ၌ ‌တွေ့ဆုံခဲ့သည်။

နာရီဝက်ကြာ ‌တွေ့ဆုံခဲ့သည့် အဆိုပါ ‌တွေ့ဆုံပွဲတွင် နယ်စပ်‌ဒေသရှိ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူမှု‌ရေးကိစ္စ များကို ‌ရှေ့ဆက် ဘယ်လိုလုပ်‌ဆောင်သင့်သည်များကို အစိုးရ ကိုယ်စားလှယ်ဘက်မှ ဦး‌အောင်မင်းနှင့် လူဝင်မှု ကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီ ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ပြီး ‌ဒေါက်တာစင်သီယာ‌မောင်ဘက်မှ ဆရာမ ‌နော်ထူး၊ ဆရာ ‌စောချစ်ဝင်းနှင့် CDC ‌ကျောင်းအုပ် မန်း‌ရွှေနှင်းတို့က ပါဝင်‌ဆွေး‌နွေးခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်က “ဦး‌အောင်မင်းကို နယ်စပ်မှာရှိတဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေးနဲ့ က‌လေးအခွင့်အ‌ရေးအဖွဲ့အစည်း‌တွေရဲ့ လက်ရှိလုပ်ငန်း‌တွေကို ကျမတို့ တင်ပြတယ်။ လာမယ့်အ‌ခြေအ‌နေမှာ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေးနဲ့ လူမှု‌ရေးအ‌ခြေခံအဖွဲ့‌တွေနဲ့ ပြည်တွင်းထဲမှာ ရှိတဲ့အဖွဲ့‌တွေ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ ပိုလုပ်နိုင်‌အောင် ဆက်ပြီး ‌ဆွေး‌နွေးသွားမယ်။”ဟု သတင်းထာက်များကို ‌ပြောသွားခဲ့သည်။

‌တွေ့ဆုံမှု‌ကြောင့် ဦး‌အောင်မင်းအ‌နေဖြင့် လက်ရှိ ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူထုအ‌ခြေပြုအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ပိုမို သ‌ဘော‌ပေါက်သွားပြီဖြစ်သလို ပူး‌ပေါင်း‌ဆောင်ရွက်မှုများ ဆက်လက်လုပ်‌ဆောင်ရန် အစိုးရ ကိုယ်စားလှယ်‌တွေ ထပ်လွှတ်‌ပေးမည်ဟု ‌ပြောသွား‌ကြောင်း ‌ဒေါက်တာစင်သီယာ‌မောင်က ဆိုသည်။

မီးရထားဝန်ကြီး ဦး‌အောင်မင်းက “ဆရာမကြီး(‌ဒေါက်တာစင်သီယာ‌မောင်)လိုအပ်တဲ့ အကူအညီ‌တွေကို ကူညီမယ်။ သမ္မတကြီးကလည်း ကူညီဖို့ လွှတ်လိုက်တာပဲ‌လေ။ ပြီး‌တော့ ဆရာမကြီးကို ကူညီနိုင်ဖို့ လူမှု‌ရေးနဲ့ ကျန်းမာ‌ရေးအလုပ်ကို လုပ်‌နေတဲ့ ကျ‌နော့်ဇနီးနဲ့ ဦးခင်ရီဇနီးလွှတ်‌ပေးဖို့ ရှိတယ်။ ဆရာကြီးရဲ့ ‌ဆေးခန်းကိုလည်း တရားဝင်ဖြစ်‌အောင် ကြိုးပမ်း‌ပေးမယ်။”ဟု ‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများအတွက် ထိုင်း-မြန်မာ နယ်စပ် မဲ‌ဆောက်‌ဒေသတွင် ကြီးမားခက်ခဲသည့် အလုပ်များကို လုပ်‌ဆောင်‌နေသည့် ‌ဒေါက်တာစင်သီယာ‌မောင်အား ‌ကျေးဇူးတင်‌ကြောင်းနှင့် လိုအပ်သည့် အကူအညီများကို စာဖြင့် ‌ရေးကာ သမ္မတ ဦးသိန်းစိန်ထံသို့ ယူသွား‌ပေးမည်ဖြစ်‌ကြောင်း ဦး‌အောင်မင်းက ‌ပြောသည်။

လာမည့် ဇွန်လ ၂၇ရက်‌နေ့ နံနက် ၆နာရီခွဲတွင် ဦး‌အောင်မင်းဦး‌ဆောင်သည့် အစိုးရငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် မဲ‌ဆောက်ရှိ မယ်‌တော်‌ဆေးခန်းတွင် ‌ဒေါက်တာစင်သီယာ‌မောင်အား ထပ်မံ၍ သွား‌ရောက်‌တွေ့ဆုံဦးမည်ဟုသိရသည်။

ယ‌နေ့ အစိုးရငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ဦး‌အောင်မင်းနှင့်အဖွဲ့သည် မဲ‌ဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့နှင့်လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။