Home သတင်း ဦး‌အောင်မင်းအဖွဲ့ မယ်‌တော်‌ဆေးခန်းကို သွား‌ရောက်‌လေ့လာ

ဦး‌အောင်မင်းအဖွဲ့ မယ်‌တော်‌ဆေးခန်းကို သွား‌ရောက်‌လေ့လာ

2033
ဇွန်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦး‌အောင်မင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ လူနာများအား အခမဲ့ကုသ‌ပေး‌နေသည့် ‌ဒေါက်တာစင်သီယာ‌မောင်၏ မယ်‌တော်‌ဆေးခန်းကို ယ‌နေ့မနက် ၆နာရီ ‌ကျော်တွင် သွား‌ရောက်ကာ မိနစ် ၂ဝခန့် ‌လေ့‌လေကြည့်ရှုခဲ့သည်။

ဦး‌အောင်မင်းနှင့်အဖွဲ့သည် ယမန်‌နေ့ ဇွန်လ ၂၆ရက်‌နေ့က ‌ဒေါက်တာစင်သီယာ‌မောင်နှင့် မဲ‌ဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး‌နောက် ယခုလို မယ်‌တော်‌ဆေးခန်းအ‌ခြေအ‌နေကို သွား‌ရောက်‌လေ့လာခဲ့ခြင်း ဖြစ်သည်။

မယ်‌တော်‌ဆေးခန်းတွင် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ထိုင်းအစိုးရကပါ လာ‌ရောက်‌လေ့လာ ‌နေကျဖြစ် ‌သော်လည်း မြန်မာအစိုးရဘက်မှ ပထမဆုံး လာ‌ရောက်ခြင်းဖြစ်သည့်အ‌ပေါ် နယ်စပ်‌ဒေသ၏ ကျန်းမာ‌ရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုအား‌ကောင်းလာမည်ဟု ထင်မြင်‌ကြောင်း ‌ဒေါက်တာစင်သီယာ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ရေရှည်မှာ ပူး‌ပေါင်းပြီး လုပ်ရမယ့် ကိစ္စလည်း အများကြီးရှိတာ‌ပေါ့။ ကျန်မာ‌ရေး၊ ပညာ‌ရေးနဲ့ က‌လေးအခွင့် အ‌ရေး‌တွေ အကုန်လုံး အကျယ်ကြီးရှိတယ်။ သို့‌သော်လည်း အပစ်အခတ် ရပ်စဲ‌ရေးနဲ့ ငြိမ်းချမ်း‌ရေးတည် ‌ဆောက်တဲ့ ဖြစ်စဉ်ကိုလည်း ကြည့်ရဦးမယ်။ ကျန်းမာ‌ရေးဖြစ်စဉ် တခုတည်းလည်း ကြည့်လို့ မရဘူး‌ပေါ့။”ဟု သူမက ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းသို့ သွား‌ရောက်စဉ် ဦး‌အောင်မင်းအဖွဲ့သည် ‌ဆေးခန်းရှိ အတွင်းလူနာ သားဖွားမီးယပ်ဌာန၊ အတွင်းလူနာက‌လေးဌာနနှင့် မျက်စိဌာနတို့ကို ‌လေ့လာခဲ့ပြီး ‌ဒေါက်တာစင်သီယာ‌မောင်က ‌ဆေးခန်း၏ အ‌ခြေ အ‌နေများနှင့် နယ်စပ်‌ဒေသရှိ ကျန်းမာ‌ရေးနှင့် ပညာ‌ရေးအ‌ခြေအ‌နေများကို ပြန်လည်ရှင်းလင်းခဲ့သည်။

ထို့အပြင် ဦး‌အောင်မင်းအဖွဲ့သည် ‌ဒေါက်တာစင်သီယာ‌မောင်အား လက်‌ဆောင်ပစ္စည်းများ ‌ပေးအပ်ကာ မယ်‌တော်‌ဆေးခန်းအတွက် အလှူ‌ငွေ ထိုင်းဘတ်‌ငွေ ၁၅၀,၀၀ဝ (တစ်သိန်းငါး‌သောင်း)‌ပေးအပ်ခဲ့သလို ယင်းအဖွဲ့တွင် ပါလာသည့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီမှလည်း အတွင်းလူနာက‌လေးဌာနရှိ က‌လေး လူနာများကို စာအိတ်ဖြင့် ‌ငွေလှူဒါန်းခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်မှလည်း ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ ၎င်းတို့၏ လုပ်ငန်းလှုပ်ရှား‌ဆောင်ရွက်မှုနှင့် ပတ်သက်၍ ထုတ်ဝင်သည့် စာအုပ်တစ်အုပ်ကို ဦး‌အောင်မင်းအား ပြန်လည်‌ပေးအပ်ခဲ့သည်။

မီးရထားဝန်ကြီး ဦး‌အောင်မင်းက “ဒီမှာလာတာ ပညာရှင်‌တွေ၊ အဖွဲ့အစည်း‌တွေ၊ ဒါ‌တွေအားလုံးကို ဒီမှာလာ ပြီး‌တော့ သမ္မတကြီး (ဦးသိန်းစိန်)ရဲ့ ညွှန်ကြားချက်ကို လိုက်‌ပြောတာ‌ပေါ့ဗျာ။ အဖွဲ့ ၁၄ဖွဲ့ ‌လောက်‌တွေ့တယ်။ အခု ကိုယ့်နိုင်ငံအတွင်းမှာ စနစ်လည်း ‌ပြောင်းပြီးဆို‌တော့ ဒီနယ်စပ်မှာ ရှိတဲ့သူ‌တွေ ပြန်လာကြဖို့၊ ပြန်အလုပ် လုပ်ကြဖို့ တိုက်တွန်းပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်၏ စီမံချက်အတိုင်း ၎င်းတို့၏ ၅ကြိမ်‌မြောက်ခရီးစဉ် ဖြစ်သကဲ့သို့ ‌တွေ့ဆုံခဲ့သူများကို နားလည်‌အောင် တင်ပြရှင်းလင်းခဲ့ပြီဖြစ်‌သော‌ကြောင့် လက်ခံ မခံသည်မှာ သက်ဆိုင်ရာအဖွဲ့‌ပေါ်မှာ မူတည်‌ကြောင်း သူက ‌ပြောသည်။

မယ်‌တော်‌ဆေးခန်း၏ အတွင်းလူနာ သားဖွားမီးယပ်ဌာန၏ အစီအစဉ် စီမံခန့် ခွဲသူ(Program Manager) ‌နော်ဆိုဖီယာက “အခုလို သူတို့(ဦး‌အောင်မင်းအဖွဲ့) လာ‌ရောက်‌တော့ ကျမတို့ လက်‌တွေ့မြင်‌နေရတဲ့ အ‌ခြေ အ‌နေ‌တွေ သိသွားတာ‌ပေါ့။ ‌နောက်ထပ် ဒီထက်သိချင်လို့ အခွင့်အ‌ရေးကြုံရင် လာပြီး‌လေ့လာမယ်ဆိုရင်လည်း ကျမတို့ ကြိုဆိုပါတယ်။”ဟု ‌ပြောသည်။

ယခု မဲ‌ဆောက်ခရီးစဉ်အတွင်း ဦး‌အောင်မင်းအဖွဲ့တွင် အဖွဲ့ဝင် ၉ဦးပါဝင်ပြီး ယမန်‌နေ့က ‌ဒေါက်စင်သီယာ‌မောင် အပါအဝင် ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF စသည့် အဖွဲ့အစည်းများကို ‌တွေ့ဆုံခဲ့သည်။