Home သတင်း လမ်းမ‌တော်အထက(၂) ‌ကျောင်းအုပ် ဆရာမကြီး‌ငွေ‌ပေးမှ‌ကျောင်းအပ်ခွင့်ရ

လမ်းမ‌တော်အထက(၂) ‌ကျောင်းအုပ် ဆရာမကြီး‌ငွေ‌ပေးမှ‌ကျောင်းအပ်ခွင့်ရ

2216
ဇွန်လ ၁ရက်၊ ၂၀၁၂။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်မြို့၊ လမ်းမ‌တော် အထက(၂)မှ ‌ကျောင်းအုပ် ဆရာမကြီး ‌ဒေါ်သန်းသန်းစိုးသည် ‌ကျောင်းသားများ လက်ခံရာတွင်သိန်းနှင့်ချီသည့် ‌ငွေ‌ကြေးများဖြင့် ‌ကျောင်း ဝင်ခွင့်လက်ခံသည်ဟု ‌ကျောင်းသားမိဘ အုပ်ထိန်းသူများက ‌ကေအိုင်စီကို ‌ပြောသည်။

‌ကျောင်းအပ်ရာတွင် ပါဝင်လိုက်ပါသွားသူ ‌ကျောင်းသားက “ကျ‌နော်က အလက(၁) လမ်းမ‌တော်က‌နေ ‌ပြောင်းရတာပါ။ ‌မေလ ၂၅ ရက် ‌နေ့က သွားအပ်တာပါ။ ‌ကျောင်းအပ်‌တော့ အ‌ဒေါ်က စာအိတ်ထဲ ‌ငွေတစ်သိန်းထည့်ထားပြီး ဆရာမ‌တွေလက်ထဲ ထည့်လိုက်တာပါ။ မတက်ရမှာစိုးလို့ ‌ပေးတာလို့ ‌ပြောပါတယ်။ တခြားကျ‌နော့်သူငယ်ချင်း‌တွေလည်း ပိုက်ဆံမ‌ပေးလို့ မတက်ကြရဘူး”ဟု ‌ပြောသည်။

‌ကျောင်းသားမိဘတစ်ဦးဖြစ်‌သော ‌ဒေါ်မြမြဦးကလည်း သူမ၏သားကို ‌ကျောင်းသွားအပ်ရာ ဆရာမကြီးမှ သတ်မှတ်ဦး‌ရေ ပြည့်ပြီဖြစ်၍ လက်ခံမိပါက အထက်လူကြီးများ လာကြည့်လျှင် သူမ အလုပ်ပြုတ်မည်ဖြစ်‌ကြောင်း ‌ပြောသဖြင့် လမ်းမ‌တော် အထက(၁) (ယခင် စိန် ဂျွန်း)‌ကျောင်းသို့ အပ်လိုက်ရသည်ဟု ယခုလို ‌ပြောသည်။

“ကျမက အထက(၂) လမ်းမ‌တော်ထွက်တဲ့ ‌ကျောင်းသူပါ။ သမီးကလည်း ဒီ‌ကျောင်းမှာ လက်ရှိ ၁ဝတန်း ‌ဖြေထားပါတယ်။ သားကို အမနဲ့ အတူ ထားချင်လို့ အပ်တာပါ။ ‌နေတာလည်း လမ်းမ‌တော်ရပ်ကွက်ထဲမှာပဲ‌လေ။ ဆရာမကြီးက ခွဲတမ်းက ၃၄‌ယောက်ပဲ ရတာတဲ့။ ကျန် တာကို ဝန်ထမ်းသားသမီး‌တွေအတွက် ထားတာလို့ ‌ပြောပါတယ်။ ‌ငွေ‌ပေးရင်ရတယ်လို့ သူများ‌တွေ‌ပြော‌ပေမယ့် မ‌ပေးနိုင်ပါဘူး”ဟု သူမ က ‌ပြောသည်။

အဆိုပါ‌ကျောင်းမှာ ဒလဘက်ကမ်းနှင့် နီး‌သော်လည်း ဒလဘက်မှ ‌ကျောင်းသူ‌ကျောင်းသား အများစုကို လက်မခံသဖြင့် ‌ကျောင်းသားများ မှာ လိပ်စာ‌ပြောင်းကာ ‌ကျောင်းအပ်ရ‌ကြောင်း သိရသည်။ ဒလတစ်ဘက်ကမ်း‌နေ ‌ကျောင်းသားများ၏ မိဘများမှာ ရန်ကုန် ပြည်သူ့‌ဆေးရုံ ကြီးမှ ဝန်ထမ်းများဖြစ်ကြပြီး အများစုမှာ အထက(၂)နှင့် နီးသဖြင့် ထို‌ကျောင်း၌ ‌ကျောင်းတက်လိုကြခြင်းဖြစ်သည်။

ဒလ ဝန်ထမ်းအိမ်ယာမှ ‌ဆေးရုံဝန်ထမ်း၏ သမီးဖြစ်သူ နဝမတန်း‌ကျောင်းသူကလည်း “သမီးက အလက(၁)က‌နေ ‌ပြောင်းတာပါ။ ၁ဝရက် ‌နေ့မှာ ‌ဖောင်(‌လျှောက်လွှာ)ကို ၅၀၀‌ပေးပြီး ဝယ်ရပါတယ်။ ၁၅ရက်‌နေ့ လာကြည့်ခိုင်းပါတယ်။ ၂၂ရက်‌နေ့ လူ‌ရွေးမယ်လို့ ‌ပြောပါတယ်။ ၂၂ရက်‌နေ့လာ‌တော့လည်း ၂၅ရက်‌နေ့ လာကြည့်ခိုင်းတယ်။ ‌နောက်‌တော့ သမီးမပါဘူး။ ဒါ‌ကြောင့် အထက(၁)မှာပဲ အပ်လိုက်ရပါတယ်” ဟု ဆိုသည်။

သို့‌သော် သူမ၏ သူငယ်ချင်းဖြစ်သူမှာမူ မုန့်ပုံး ၂ပုံးနှင့် ‌ငွေ ၃‌သောင်း‌ပေးသည့်အတွက် နဝမတန်း-E အခန်းတွင် တက်‌ရောက်ခွင့်ရသည် ဟုလည်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌ကျောင်းအုပ်ဆရာမကြီးအား ဆက်သွယ်ရာ Sky Net မှလွဲ၍ မည်သည့်မီဒီယာနှင့်မှ လက်ခံ‌တွေ့ဆုံခြင်း မပြုနိုင်ဟု တာဝန်ကျ ဆရာမများအား ‌ပြောထားသဖြင့် ‌မေးမြန်းခွင့် မရခဲ့သလို ဒုပညာ‌ရေးမှူးအား သွား‌ရောက်တိုင်ကြားရာ မည်သို့မျှ မတတ်နိုင်‌ကြောင်းသာ တုန့်ပြန်‌ပြောဆိုခဲ့သည်ဟု သိရသည်။

အထက(၂) လမ်းမ‌တော်၏ ယခင် ‌ကျောင်းအုပ်မှာ ဦးမြင့်‌ဆွေဖြစ်ပြီး ယခု ‌ကျောင်းအုပ် ‌ဒေါ်သန်းသန်းစိုးမှာ ၂၀၁၁ခုနှစ်၊ ဩဂုတ်လမှ စတင် တာဝန်ယူခြင်းဖြစ်သည်။