Home သတင်း ရခိုင်ငြိမ်းချမ်း‌ရေးအဖွဲ့ အစိုးရအဖွဲ့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး

ရခိုင်ငြိမ်းချမ်း‌ရေးအဖွဲ့ အစိုးရအဖွဲ့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး

2055
ဇွန်လ ၂၆ရက်။ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ်(‌ကေအိုင်စီ)

နိုင်ငံ‌တော် သမ္မတ၏ ခွင့်ပြုချက်နှင့်အတူရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ဖိတ်ကြားမှု‌ကြောင့် ရန်ကုန်ရှိရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထား‌သောရခိုင်ငြိမ်းချမ်း‌ရေးအဖွဲ့သည်ယ‌နေ့မွန်းလွဲ ၂နာရီတွင်စစ်‌တွေမြို့ ပရကရုံး၌ ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးလှ‌မောင်တင့်ပါဝင်‌သော အစိုးရအဖွဲ့နှင့်‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

ထို‌ဆွေး‌နွေးပွဲသို့ စစ်‌တွေမြို့ခံလူထု ၂၀ဝနီးပါး တက်‌ရောက်ခဲ့ပြီး ငြိမ်းချမ်း‌ရေးအဖွဲ့မှ ‌တောင်းဆိုသည့် စစ်‌တွေ‌ဈေးကြီးအမြန်ဆုံးဖွင့်လှစ်နိုင်ရန်အပြင် ပြည်သူများ၏ လုံခြုံ‌ရေးကာကွယ်‌ပေးရန်၊ ပြည်သူ့စစ်ဖွဲ့‌ပေးရန်နှင့်ရခိုင်နှင့် ဘဂါင်္လီများအား‌နေရာခွဲခြားထားရှိရန် စသည့်အချက် ၄ချက်ကို သ‌ဘောတူညီမှု ရရှိခဲ့သည်ဟုအဖွဲ့မှ‌ပြောခွင့်ရှိသူအရှင်ကုမာရ က ‌ကေအိုင်စီကို‌ပြောသည်။

“အချက်‌တွေ ကိုတင်ပြ‌တောင်းဆိုတဲ့အခါ စစ်‌တွေ‌ဈေးကြီးကို‌နောက် ၄ရက်မှာပြန်ဖွင့်နိုင်ဖို့ရခဲ့ပါတယ်။ အချက်‌တွေအားလုံးကိုလက်ခံလုပ်‌ဆောင်‌ပေးသွားမှာပါ။မနက်ဖြန်မှာရ‌သေ့‌တောင်ကိုသွားပြီး‌ဒေသခံအာဏာပိုင်‌တွေနဲ့‌တွေ့မယ်။ မြို့မိမြို့ဖ‌တွေနဲ့လည်းဆုံပြီးဘာဖြစ်ချင်လဲဆိုတာ‌မေးပါမယ်။ ပြီးရင်ညှိနှိုင်း ပြီးလုပ်‌ဆောင်‌ပေးပါမယ်” ဟုအရှင်ကုမာရ က ဆက်လက်ရှင်းပြသည်။

“‌နေစရာရပ်ကွက်ကိုသီးခြားခွဲ‌ပေးဖို့အပြင် ‌ဈေးကိုလည်းသီးခြား‌ရောင်းဖို့အတွက် ကျမတို့မြို့ခံ‌တွေ က‌တောင်းဆိုကြတာပါ။ အခုလို ပြည်နယ်အစိုးရကလိုက်‌လျောခွင့်ပြုချက်ရ‌တော့ ဝမ်းသာ ‌ကျေးဇူးတင်ပါတယ်” ဟုလည်း‌ဒေသခံ‌ဈေးသူတစ်ဦးကဆိုသည်။

ထိုအပြင် အဖွဲ့ဝင်များသည် ရခိုင်တိုင်းရင်းသားများအားအား‌ပေးရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်အတွင်းသို့ လာ‌ရောက်ကြရခြင်းဖြစ်သည်ဟုလည်းသိရသည်။

ထိုရခိုင်ငြိမ်းချမ်း‌ရေးအဖွဲ့သည်လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွား‌နေ‌သောအကြမ်းဖက်မှု‌ကြောင့် ဒုက္ခ‌ရောက်‌နေ‌သောလူထုများကိုအား‌ပေးရန်နှင့် လိုအပ်သည်များကိုကူညီ‌ပေးရန်အတွက် ရည်ရွယ်ပြီး ပြီးခဲ့‌သောရက်သတ္တပတ်ကဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပသာသနာပြု အလို‌တော်ပြည့်ဆရာ‌တော် အဂ္ဂမဟာပဏ္ဍိတ၊‌ဒေါက်တာ ဘန္တတ အရိယဝံသ၊ ‌ဒေါက်တာ‌အေးထွန်း (မျက်စိအထူးကုဆရာဝန်-ငြိမ်း)၊ပြည်‌ထောင်စုပညာ‌ရေးဝန်ကြီး ဦးဘ‌ရွှေအပါဝင် အဖွဲ့ဝင် ၁ဝဦး‌ကျော်ရှိသည်ဟု သိရသည်။