Home သတင်း နယ်စပ်ကအရွယ်‌ရောက် ‌ရွှေ့‌ပြောင်း က‌လေး ‌သောင်းချီ စာမသင်နိုင်

နယ်စပ်ကအရွယ်‌ရောက် ‌ရွှေ့‌ပြောင်း က‌လေး ‌သောင်းချီ စာမသင်နိုင်

2533
ဇွန်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (အလွတ်သတင်း‌ထောက်)

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားတို့၏ ‌ကျောင်း‌နေရွယ် က‌လေးငယ် ‌သောင်းနှင့်ချီ ‌ကျောင်းမတက်နိုင်ဟု မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ရေး‌ကော်မတီက ‌ပြောသည်။

“က‌လေး‌တွေ ‌ကျောင်းမတက်နိုင်တာက တချို့မိဘ‌တွေ ‌တောင်ယာမှာ မိဘ‌တွေနဲ့‌နေ‌တော့ အကြိုအပို့မလုပ်နိုင်တာရှိတယ်။ တချို့ကျ‌တော့လည်း ‌တောထဲ‌တွေမှာဆိုလည်း ‌ကျောင်း‌တွေမဖွင့်နိုင် တာလည်းရှိတယ်။ ‌နောက်ပြီး ‌ကျောင်းမလုံ‌လောက်တာရယ်။ ‌ကျောင်းဆရာအခက်အခဲလည်း ရှိတယ်။ ‌နေရာထိုင်ခင်းအခက်အခဲ‌တွေ‌ကြောင့်လည်းပါတယ်။” ဟု မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ကော်တီ ဥက္ကဋ္ဌ ‌နော်‌ဖော‌ရေက ‌ပြောသည်။

၎င်းက ထိုက‌လေးများသည် တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်၊ မယ်လမတ်၊ ထ‌ဆောင်ရန်၊ ဖို့ပရနှင့် ဖို့ဖတ်မြို့ နယ်များတွင် ‌နေထိုင်‌နေကြသည့် မြန်မာနိုင်ငံအရပ်ရပ်မှ လာ‌ရောက်‌နေထိုင်ကြသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား၏ က‌လေးများဖြစ်သည်။

‌နော်‌ဖော‌ရေက “က‌လေး‌တွေက အများစုက ကရင်‌တွေဖြစ်ပြီး‌တော့ ဗမာ၊ ပအိုဝ်၊ ကချင်အနည်းစုပါတယ်။ မွန်‌တွေ ‌နောက်ပြီး‌တော့ မွတ်စလင်ခ‌လေး‌တွေလည်း ပါတယ်” ဟု‌ပြောသည်။

ယမန်နှစ်ရှိ ‌ကျောင်း‌နေရွယ်က‌လေးအ‌ရေအတွက်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင်လည်း စုစု‌ပေါင်း မြန်မာ‌ရွှေ့‌ပြောင်းက‌လေးငယ် ၅ ‌သောင်း‌ကျော်ရှိသည်ဟု ခန့်မှန်းထားကြပြီး ယင်းအနက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် လက်ရှိစာရင်းအရ ‌ကျောင်း‌နေသည့် က‌လေးအ‌ရေအတွက်မှာ ၁၃,၀၀၀ဝန်းကျင်ရှိပြီး၊ ခန့်မှန်း‌ခြေအရ ထိုင်း‌ကျောင်းတွင် ၁၅ ရာခိုင်နှုန်းရှိကာ ကျန်က‌လေးငယ်များသည် စာမသင်ကြားနိုင်သည့် က‌လေးငယ်များဖြစ်သည်ဟု ၎င်းက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ပညာ‌ရေးသု‌တေသီ ဆရာဦးသိန်းနိုင်က “ထိုင်း‌ကျောင်းနဲ့ ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေဟာ အရမ်းကို ကွာခြားပါတယ်။ သင်ကြားမှုအပိုင်း၊ နည်းစနစ်အပိုင်း၊ လက်‌တွေ့အပိုင်း အစရှိတာ‌ပေါ့‌နော် အရမ်းကို ကွာပါတယ်။ ‌နေထိုင်တာ သွားလာတာကအစ ‌ရွှေ့‌ပြောင်း‌ကျောင်း‌တွေမှာ‌တော့ အရမ်းကိုခက်ခဲပါတယ်”ဟု‌ပြောသည်။

တာ့ခ်ခရိုင်အတွင်းတွင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၇၄ ‌ကျောင်းရှိကာ အထက်တန်းကျာင်း၊ အလယ်တန်း ‌ကျောင်း၊ မူလတန်း‌ကျောင်နှင့် မူကြို‌ကျောင်းအပြင် အထက်တန်းလွန်‌ကျောင်း ၅ ‌ကျောင်းနှင့် အသက် ‌မွေးဝမ်း‌ကျောင်း တစ်‌ကျောင်းရှိပြီး ၂၀၁၂ – ၂၀၁၃ ပညာသင်နှစ်အတွက် ခန့်မှန်း‌ခြေအရ မြန်မာ‌ကျောင်း ဆရာ ဆရာမ ၇၅ဝ ခန့်ရှိသည်ဟု ‌နော်‌ဖော‌ရေက ‌ပြောသည်။

ထိုမြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများကို ထိုင်းနိုင်ငံတွင် လာ‌ရောက်အ‌ခြေချထားကြသည့် INGO အ‌ထောက်အပံ့များဖြင့် လွန်ခဲ့သည့် ၁ဝ နှစ်‌ကျော်က စတင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းပညာ‌ရေးဌာနက တရားဝင် စာသင်‌ကျောင်းအဖြစ် ရပ်တည်ခွင့် မပြုဘဲ သင်ကြား‌ရေးဌာန (Learning Center)အဖြစ် ခွင့်ပြုထားသည်။

သင်ရိုးညွှန်းတမ်းအ‌နေဖြင့် မြန်မာသင်ရိုးညွှန်းတမ်းအချို့နှင့် တခြားသင့်‌လျော်သည့် သင်ရိုးညွှန်းတမ်း၊ ထိုင်းမှ သင်ရိုးညွှန်းတမ်းတချို့ကိုယူကာ သင်ကြား‌ပေးလျှက်ရှိပြီး မူလတန်းမှ ဆယ်တန်း‌အောင်မြင် သည်အထိ ပညာ‌ရေးဝန်‌ဆောင်မှုများ ‌ပေးကာ အချို့မြန်မာ‌ရွှေ့‌ပြောင်း အထက်တန်း‌ကျောင်းများတွင် ဆယ်တန်းလွန် ပညာ‌ရေး ဆယ့်နှစ်တန်းအထိ ရှိသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်တွင် မဲ‌ဆောက်အပါအဝင် မြို့နယ် ၉ခု ရှိပြီး၊ ခရိုင်အတွင်းရှိ အလုပ်ရုံစက်ရုံများ၊ ‌ဆောက်လုပ်‌ရေးလုပ်ငန်းခွင်များနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ‌လေးသိန်းခန့်ရှိသည်ဟု မဲ‌ဆောက်အ‌ခြေစိုက် မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသည့်အဖွဲ့တို့၏ ခန့်မှန်းချက်အရ သိရသည်။