Home သတင်း ထိုင်းအစိုးရနှင့် ‌ရွှေ့‌ပြောင်းအလုပ် သမားကူညီ‌ရေးအဖွဲ့ အလုပ်သမား အခွင့်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးခဲ့

ထိုင်းအစိုးရနှင့် ‌ရွှေ့‌ပြောင်းအလုပ် သမားကူညီ‌ရေးအဖွဲ့ အလုပ်သမား အခွင့်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးခဲ့

1332
ဇွန်လ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အ‌ရေး ဥပ‌ဒေကို မြန်မာ‌ရွေ့‌ပြောင်းအလုပ်သမားများသိရှိလာရန် ရည်ရွယ်၍ မဲ‌ဆောက်အ‌ခြေစိုက် ထိုင်း အလုပ်သမားကာကွယ်‌ရေးဦးစီးဌာနနှင့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌ပေး‌နေသည့်အဖွဲ့များ ယ‌နေ့ ‌တွေ့ဆုံ‌ဆွေး ‌နွေးခဲ့ကြသည်။

ယ‌နေ့ နံနက် ၉နာရီမှ ‌နေ့လည် ၁နာရီအထိ မဲ‌ဆောက်မြို့ရှိ SP စား‌သောက်ဆိုင်တွင် ထိုင်းအလုပ်သမား ကာကွယ်‌ရေးဦးစီးဌာနမှ ကိုယ်စားလှယ် ၄ဦးနှင့် NGOs ၊ CBOs အဖွဲ့ ၁၂ဖွဲ့မှ ကိုယ်စားလှယ် ၂ဝဦးတို့ ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု ‌ရောင်ခြည်ဦးမြန်မာ အလုပ်သမားအ‌ရေး‌ဆောင်ရွက်‌နေသည့် အဖွဲ့၏ ဥပ‌ဒေ‌ရေးရာတာဝန်ခံ ကို‌ထွေးနိုင်က ‌ပြောသည်။

“အလုပ်သမား‌တွေအ‌နေနဲ့ အခွင့်အ‌ရေးချိုး‌ဖောက်ခံရမယ်ဆိုရင် ဘယ်လိုမျိုးပြင်ဆင်ပြီး ‌တောင်းဆိုခွင့်ရှိတယ်။ အခွင့်အ‌ရေး‌တောင်းဆိုတဲ့ အခါမှာလည်း အလုပ်ကို နားလိုက်တာမျိုး မလုပ်ရဘူး။ နားမယ်ဆိုရင်လည်း တရားဝင် နားရမယ်ဆိုတာ‌တွေနဲ့ ပတ်သက်ပြီး အလုပ်သ မား အခွင့်အ‌ရေးထဲမှာပါတဲ့ ‌ရှောင်သင့်၊ ‌ဆောင်သင့်တာ‌တွေကို ‌ဆွေး‌နွေးကြတာပါ။”ဟု ၎င်းက ‌ပြောသည်။

ဆက်လက်ပြီး အလုပ်သမားကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် NGOs ၊ CBOs အဖွဲ့များအ‌နေဖြင့် အလုပ်သမားများကို အခွင့်အ‌ရေးဆိုင်ရာ ပညာ‌ပေးခြင်း၊ သင်တန်းပို့ချ‌ပေးခြင်းနှင့် အမှုကိစ္စများ လိုက်လံ‌ဖြေရှင်း‌ပေးရာတွင်လည်း ချိတ်ဆက် လုပ်‌ဆောင်သင့်‌ကြောင်း ‌ပြောဆိုခဲ့ သည်ဟု ၎င်းက ဆက်‌ပြောသည်။

အလုပ်သမားအခွင့်အ‌ရေးများကို အလုပ်သမားအ‌ရေး‌ဆောင်ရွက်‌နေသည့် အဖွဲ့များအ‌နေဖြင့် သိရှိထားပြီးဖြစ်‌သော‌ကြောင့် ထိုင်းအစိုးရ အား တစ်စုံတရာ တင်ပြ‌ဆောင်းဆိုခဲ့ခြင်း မရှိ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ရက်‌နေ့ကလည်း ထိုင်းနိုင်ငံရှိ ‌ရွေ့‌ပြောင်းအလုပ်သမားများ၏ တစ်‌နေ့တာလုပ်အားခ အပြည့်အဝ ရရှိ‌ရေးအတွက် ထိုင်းအစိုးရနှင့် စီးပွား‌ရေးလုပ်ငန်းရှင်များ မဲ‌ဆောက်မြို့တွင် ‌တွေ့ဆုံခဲ့ပြီး ဖြစ်သည်။