Home သတင်း တရားဝင်ယာယီပတ်စ်ပို့ ထိ‌ရောက်စွာ လုပ်‌ဆောင်‌ပေးရန် အစိုးရကို အလုပ်သမား ကူညီ‌ပေး‌ရေးအဖွဲ့များ ‌ပြော

တရားဝင်ယာယီပတ်စ်ပို့ ထိ‌ရောက်စွာ လုပ်‌ဆောင်‌ပေးရန် အစိုးရကို အလုပ်သမား ကူညီ‌ပေး‌ရေးအဖွဲ့များ ‌ပြော

1988
ဇွန်လ ၂၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်းနိုင်ငံ‌ရောက် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ အခွင့်အ‌ရေးအပြည့်အဝရရှိ‌ရေးနှင့် တရားဝင်ယာယီပတ်စ်ပို့ လုပ်‌ဆောင် ‌ပေးရာတွင် မြန်မာအစိုးရအ‌နေဖြင့် ထိ‌ရောက်စွာ လုပ်‌ဆောင်‌ပေးရန် လိုအပ်‌နေ‌ကြောင်း ‌ရွေ့‌ပြောင်း မြန်မာအလုပ်သမားများ ကူညီ‌ပေး‌နေသည့်အဖွဲ့များက ‌ပြောကြားလိုက်သည်။

ယ‌နေ့ထုတ် အစိုးရသတင်းစာ‌ကြေးမုံတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည် ‌နေရာချ ထား‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်ကြည်က ထိုင်းနိုင်ငံ‌ရောက်အလုပ်သမားများအား ယာယီပတ်စ်ပို့ လုပ်‌ပေးခြင်းတခုမဟုတ်ဘဲ အလုပ်သမားများ၏ အခွင့်အ‌ရေးများကိုလည်း အပြည့်အဝအကာ အကွယ်‌ပေးနိုင်ရန် ‌ပြောခဲ့သည့်အ‌ပေါ် အလုပ်သမားကူညီ‌ပေး‌ရေးအဖွဲ့များက ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ အလုပ်သမားများအား လူကုန်ကူးမှုမခံရ‌စေ‌ရေးနှင့် ယာယီပတ်စ်ပို့ လက်မှတ်လုပ်‌ပေး‌ရေးရုံးများ တွင် အလုပ်လုပ်‌နေ‌သော လုပ်ငန်းအဖွဲ့ ငါးဖွဲ့ကို တာဝန်လှဲလှယ်ထမ်း‌ဆောင်ရန် ဝန်ထမ်း ၄ဝဦးထပ်မံ‌စေလွှတ် သွားမည်ဟု ဇွန်လ ၂ဝရက်‌နေ့ အလုပ်သမားဝန်ကြီးဌာနအစည်းအ‌ဝေးတွင် ဦး‌အောင်ကြည်က ‌ပြောဆိုသွား‌ကြောင်း ‌ကြေးမုံသတင်းစာတွင် ‌ဖော်ပြထားသည်။

ယင်း‌ပြောစကားကို မြန်မာ‌ရွေ့‌ပြောင်းအလုပ်သမားအ‌ရေး‌ဆောင်ရွက်‌နေသည့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်-FTUB မှ ကို‌ကျော်မြင့်က “သူတို့(မြန်မာအစိုးရ) ‌ပြောသလို လုပ် ‌ပေးနိုင်ရင်‌တော့ ပိုထိ‌ရောက်တယ်။ အ‌ပြောသာ‌ပြောပြီး တကယ့်လက်‌တွေ့မှာ ဘာမှ မလုပ်‌ပေးဘူး ဆိုရင်‌တော့ အလကားပဲ‌လေ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌အောက်‌ခြေလူတန်းစားအလုပ်သမား၏ လိုအပ်ချက်များနှင့် အလုပ်ရှင်သူ‌ဌေးတို့၏ ချယ်လှယ်မှု ‌အောက်တွင် အလုပ်သမားများ မည်သို့ အလုပ်လုပ်ကိုင်‌နေကြသည်ကို သိရှိ‌အောင် အစိုးရအ‌နေဖြင့် စုံစမ်းသင့် ‌ကြောင်း ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ဥပ‌ဒေ‌ရေးရာတာဝန်ခံ ကို‌ထွေးနိုင်ကလည်း ယခုလို ‌ပြောသည်။

“အခုလုပ်‌ပေး‌နေတဲ့ ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)လုပ်‌ဆောင်‌ပေးတာ ကုန်ကျ‌ငွေ‌ဈေးနှုန်းနှင့် ‌လျှောက် လွှာစတင်သည့်‌နေ့မှစပြီး လက်မှတ်စာအုပ်ရတဲ့အထိ ဘယ်‌လောက်ကြာမယ်ဆိုတာကိုလည်း အစိုးရတာဝန်ရှိ သူ များအ‌နေဖြင့် အတိအကျ သတ်မှတ်‌ပေးဖို့ လိုတယ်။ မဟုတ်ရင်‌တော့ ကုန်သည်ပွဲစား‌တွေအတွက် လုပ်ပိုင်ခွင့်‌ပေးထားသလိုဖြစ်‌နေတယ်။” ဟု‌ပြောသည်။

လက်ရှိအချိန်တွင် အလုပ်သမားများ ယာယီပတ်စ်ပို့လုပ်မည် ဆိုပါက ပထမဦးဆုံး ကယ်ရီသမားတစ်ဦးဖြင့် ဆက်သွယ်ပြီး ထိုမှတဆင့် ဝန်‌ဆောင်မှု‌ပေး‌နေသည့် ကုမ္ပဏီများ၏ အကူအညီဖြင့် ပတ်စ်ပို့လုပ်‌ပေးသည့် အစိုးရဝန်ထမ်းများထံတွင် လုပ်‌ဆောင်ရကာ အဆင့်ဆင့်‌ပေးရ‌ကြောင့် အလုပ်သမားများအတွက် အကုန်ကျ ပိုများ‌နေကြရသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ယာယီပတ်စ်ပို့လုပ်ရန် ‌စောင့်ဆိုင်း‌နေသူ အမျိုးသမီးငယ်တစ်ဦးက “လိုက်လုပ် ‌ပေးမယ့် သူတို့(ကယ်ရီ) ဘယ်‌နေ့‌ခေါ်မှာလဲဆိုတာပဲ ‌စောင့်‌နေရတယ်။ ရက်လည်း အတိအကျမသိဘူး။ အခုက ‌ငွေလိမ်သွားတဲ့ကယ်ရီ‌တွေ အရမ်းများ‌နေတယ်။”ဟု ‌ပြောသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရအ‌နေဖြင့် အလုပ်သမားများ ယာယီပတ်စ်ပို့တိုက်ရိုက်ပြုလုပ်နိုင်ရန် အစိုးရဌာန ရုံးများဖွင့်‌ပေးပါက အလုပ်သမားများအတွက် ပိုမိုအဆင်‌ပြေလာနိုင်သလို အကုန်အကျလည်း သက်သာလာ နိုင်‌ကြောင်း FTUB က ကို‌ကျော်မြင့်က ‌ပြောသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တွင် ပတ်စ်ပို့လုပ်‌ဆောင်‌ပေး‌နေသည့် ကုမ္ပဏီအများအပြားရှိသလို ထိုင်းအလုပ်သမား လက်မှ ရှိသူများအ‌နေဖြင့် ထိုင်းဘတ်‌ငွေ ‌လေး‌ထောင့်ငါးရာမှ ‌ခြောက်‌ထောင်အထိ ရှိပြီး အလုပ်သမား လက်မှတ် မရှိပါက ဘတ်‌ငွေ တစ်‌သောင်းခွဲမှ နှစ်‌သောင်းအထိ ‌ပေး‌ဆောင်‌နေရ‌ကြောင်း သိရသည်။

ယခု ဇွန်လဆန်းပိုင်းက ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြုလုပ်ရန် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့မှ မဲ‌ဆောက် မြို့သို့ ‌ရောက်ရှိ‌နေသည့် အလုပ်သမားလက်မှတ် ရှိပြီးသားသူ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၁၀ဝ ‌ကျော်သည် ၎င်းတို့အတွက် လက်မှတ်ပြုလုပ်‌ပေးရန် အာမခံ‌ပေးသည့် ကယ်ရီသမား၏ ‌ငွေလိမ်လည်ယူသွားခြင်းကို ခံခဲ့ရ သည်။