Home သတင်း ချင်းမိုင်သို့ အလုပ်သွားလုပ်ရန်ကြိုးပမ်းသည့် မယ်ရာမိုဒုက္ခသည်ဖမ်းဆီးခံရ

ချင်းမိုင်သို့ အလုပ်သွားလုပ်ရန်ကြိုးပမ်းသည့် မယ်ရာမိုဒုက္ခသည်ဖမ်းဆီးခံရ

1844
ဇွန်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလုပ်သွားလုပ်ရန် ကြိုးပမ်းသည့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင်၊ ဆူးမွဲမြို့နယ်ရှိ မယ်ရာမို ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅ဦးကိုဇွန်လ ၂၃ရက်‌နေ့ကထိုင်းအာဏာပိုင်က ဖမ်းဆီးခဲ့သည်ဟု ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC က ‌ပြောသည်။

မယ်ရာမိုဒုက္ခသည်မှ ဒုက္ခသည် ၇ဦးသည် ထိုင်းနိုင်ငံသား ‌စောနု‌ချေ ဆိုသူ၏ အကူအညီဖြင့် ချင်းမိုင်သို့ အလုပ်သွားလုပ်ရန် မဲစရီးယားမြို့တွင် ‌ရောက်ရှိပြီး ချင်းမိုင်ကားဂိတ်တွင် ကား‌စောင့်‌နေစဉ် ၅ဦးကိုထိုင်းအာဏာပိုင်က ဖမ်းဆီးခဲ့ပြီး ၂ဦးမှာ ထွက်‌ပြေးလွတ်‌မြောက်ခဲ့သည်ဟု KRC ၏ ‌မြောက်ပိုင်းတာဝန်ခံ ‌စောထူးထူးက‌ပြောသည်။

“ဒုက္ခသည်စခန်းထဲမှာ ‌နေတာ အပြင်အလုပ်ထွက်လုပ်ဖို့ ထိုင်းက ခွင့်ပြုတာ မရှိဘူး‌လေ။ အခုလို အလုပ်လုပ်ဖို့ ထွက်‌တော့ အဖမ်းခံရတာပဲ။ ‌လော‌လောဆယ် သူတို့ကို ချင်းမိုင်သွားဖို့ ‌ခေါ်တဲ့ ‌စော‌နေု‌ချေကို‌တော့ မဲစရီးယားရဲစခန်းမှာ အစစ်ခံ‌နေရတုန်းပဲ။”ဟု ‌စောထူးထူးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဆက်လက်၍ ဖမ်းဆီးခံရသည့် ဒုက္ခသည်များသည် ထိုင်းဥပ‌ဒေနှင့် ညှိစွန်း‌နေသည့်အတွက် ၎င်းတို့လွတ်‌မြောက်ရန် ကြိုးပမ်းမှုတွင် အခက်အခဲရှိ‌ကြောင်းနှင့် ထွက်‌ပြေးလွတ်‌မြောက်သည့် ဒုက္ခသည်နှစ်ဦးသည် မည်သည့်‌နေရာသို့ ‌ရောက်ရှိသွားသည်ကို မသိရ‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။

လက်ရှိ အ‌ခြေအ‌နေတွင် အဖမ်းခံရသူ ၅ဦးအနက် ၄ဦးကို မဲစရီးယား‌ထောင်ထဲတွင် ချုပ်‌နှောင်ထားဆဲဖြစ်ပြီး တဦးမှာ အသက် ၁၇နှစ်သာ ရှိ‌သေး‌သော‌ကြောင့် ထိုင်းအာဏာပိုင်က ပြန်လွတ်‌ပေးခဲ့ရာ ယ‌နေ့မနက်တွင် မဲစရီးယားမှ မယ်ရာမိုသို့ ပြန်‌နေပြီဟု သိရသည်။

‌စောတူးတူးက “အရင်က ဒီလို စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ဖို့ မဲစရီးယားမှာ ဒုက္ခသည်‌တွေ ဖမ်းတာ မရှိဖူး ဘူး။ အခု ချင်းမိုင်မှာ အလုပ်သွားလုပ်မယ့် ဒုက္ခသည်‌တွေကလည်း စခန်းထဲမှာ စားဝတ်‌နေ‌ရေး အရမ်းကြပ်တဲ့ လူ‌တွေ မဟုတ်ဘူး။”ဟု ဖြည့်စွက်‌ပြောဆိုသည်။

သို့‌သော် မယ်ရာမိုဒုက္ခသည်စခန်းရှိ ဒုက္ခသည်အချို့သည် စခန်းမှ ‌ပေးသည့် ရိက္ခာများအပြင် စားဝတ်‌နေ ‌ရေးပိုမို‌ပြေလည်‌ရေးအတွက် အနီးအနားရှိ ထိုင်း‌တောင်‌ပေါ်ရွာများတွင် ‌နေ့စားအလုပ်ဖြင့် အလုပ်ထွက်လုပ်သည့်သူများ ရှိ‌ကြောင်း သိရသည်။

မယ်ရာမိုစခန်းသည် ၁၉၉၅ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့သည့် ဒုက္ခသည်စခန်းဖြစ်ပြီး လက်ရှိ လူဦး‌ရေ ၁၉,၀၀ဝ ခန့်ရှိသည်ဟု KRC ၏ ‌မေလထုတ် ဒုက္ခသည်လူဦး‌ရေစာရင်းတွင် ‌ဖော်ပြထားသည်။