Home သတင်း ကိုယ်ဝန်‌ဆောင်အမျိုးသမီးများအား မိခင်နိုင်ငံပြန်ပို့‌ရေး ထိုင်းဝန်ကြီးတဦး၏ အဆိုပြုချက် ‌ရွှေ့‌ပြောင်းမြန်မာများ‌ဝေဖန်

ကိုယ်ဝန်‌ဆောင်အမျိုးသမီးများအား မိခင်နိုင်ငံပြန်ပို့‌ရေး ထိုင်းဝန်ကြီးတဦး၏ အဆိုပြုချက် ‌ရွှေ့‌ပြောင်းမြန်မာများ‌ဝေဖန်

2639
ဇွန်လ ၂၇ရက်၊၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)


ထိုင်းနိုင်ငံအတွင်းရှိ ‌ရွေ့‌ပြောင်းအလုပ်သမား အမျိုးသမီးကိုယ်ဝန်‌ဆောင်အမျိုးသမီးများကို မိခင်နိုင်ငံသို့ ပြန်လည်ပို့‌ဆောင်မည်ဟု ထိုင်းလွှတ်‌တော်တရပ်၌ ဝန်ကြီးတဦး၏ အဆိုပြုချက်ကို ‌ရွေ့‌ပြောင်းမြန်မာအလုပ်သမား အသိုင်းအဝိုင်းများက ‌ဝေဖန်လိုက်သည်။

လူကုန်ကူးမှုတိုက်ဖျက်‌ရေးနှင့် က‌လေးလုပ်သားကာကွယ်‌ရေးအတွက် ရည်ရွယ်၍ သက်တမ်း မရင့်‌သေးသူ ကိုယ်ဝန်‌ဆောင်များကို ပြန်ပို့မည်ဖြစ်ပြီး က‌လေး‌မွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာအလုပ်လုပ် ကိုင်နိုင် ‌ကြောင်းကို ထိုင်းအလုပ်သမားဝန်ကြီး ပါဒါချမ်ဆာဆွမ်ဆပ်က ထိုင်းလွှတ်‌တော်တစ်ခုတွင် ယင်းကဲ့သို့ အဆိုတင်သွင်းခဲ့‌ကြောင်း ဘန်‌ကောက်ပို့စ် သတင်းတွင် ‌ဖော်ပြထားခြင်းဖြစ်သည်။

‌ရွှေ့‌ပြောင်းမြန်မာများကို အခမဲ့ ‌ဆေးကု‌ပေးလျှက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်း၏ ဒါရိုက်တာ ‌ဒေါက်တာ စင်သီယာ‌မောင်က ထိုင်းအစိုးရ၏ အစီအစဉ်ကို စိုးရိမ်လျှက်ရှိ‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီ(ထိုင်းနိုင်ငံ)မှာ ‌မွေးခွင့်မ‌ပေးဘူးဆိုရင်‌တော့ တချို့ ကိုယ်ဝန်ဖျက်ချမှာ‌ပေါ့‌နော်။ တချို့ကလည်း ဒီမှာ ‌မွေးလို့ မရဘူးဆိုလို့ မြန်မာပြည်ပြန်လိုက်မယ်ဆိုရင် က‌လေး‌မွေးဖွားဖို့ ‌ဆေးရုံ၊ ‌ဆေးခန်း‌တွေကို ဘယ်လိုသွားရမှာလဲ။ အများစုက အိမ်မှာ‌မွေးကြတာများ‌တော့ အ‌ရေး‌ပေါ်အ‌ခြေအ‌နေဖြစ်လို့ ကုန်ကျစရိတ်မရှိဘူးဆိုရင် ကိုယ်ဝန် သည်‌တွေ အသက်ဆုံးရှုံးရမှာ‌ပေါ့။”ဟု ‌ပြောသည်။

‌ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ကို‌ထွေးနိုင်က ‌ရွေ့‌ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်‌နေထိုင်ရန် အလုပ်သမားလက်မှတ် လုပ်‌ဆောင်ရာ၌ သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများသို့ ဝန်‌ဆောင်ခ ‌ပေး‌ဆောင်မှုရှိ ‌ကြောင်း ယခုလို ရှင်းပြသည်။

သူက “အလုပ်သမား‌တွေက တရားဝင်လက်မှတ်လုပ်ပြီဆိုကတည်းက ‌ဆေးရုံ‌တွေမှာ ‌ဆေးစစ်ခ‌ပေးထားပြီး သားဖြစ်တယ်။ ‌နောက် က‌လေးမီးဖွားစရိတ်တို့၊ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်ခွင့်စရိတ်တို့‌ပေးထားပြီးသားပဲ။” ဟု ‌ပြောသည်။

တဆက်တည်း၌ပင် ဘန်‌ကောက်ပို့စ်၌ ‌ဖော်ပြချက်အရ ၎င်းအဆိုပြုချက်သည် အ‌ခြေခံလူ့အခွင့်အ‌ရေးကို ချိုး‌ဖောက်ရာ‌ရောက်‌ကြောင်းနှင့် က‌လေးအလုပ်သမားများကို ‌ဖြေရှင်းခြင်း နည်းလမ်းမဟုတ်ဟုလည်း အလုပ်သမားအ‌ရေး‌ဆောင်ရွက်‌ပေး‌နေသူ ထိုင်းလူမျိုး အဒီဆွန်က လွှတ်‌တော်ထဲတွင် ‌ပြောကြားခဲ့ သည်ဟုလည်း ပါရှိသည်။

ထိုင်းနိုင်ငံရှိ ‌ရွေ့‌ပြောင်းအလုပ်သမားများသည် တစ်နှစ်လျှင် အလုပ်သမားလက်မှတ် (work permit) ပြုလုပ် မည်ဆိုပါက ကျန်းမာ‌ရေးဝန်‌ဆောင်မှုအဖြစ် ‌ဆေးရုံသို့ ဘတ်‌ငွေ ၁,၉၀ဝ နှင့် အလုပ်သမားတစ်နှစ်စာ သက်တမ်းအတွက် ဝန်‌ဆောင်ခ ဘတ် ၁,၀၀ဝ ‌ပေး‌ဆောင်ရသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသတခုတည်းတွင် နှစ်စဉ်နှစ်တိုင်းတွင် အလုပ်သမားကိုယ်ဝန်‌ဆောင်အမျိုး သမီးဦး‌ရေ ၃,၀၀ဝ ဝန်းကျင်ကို မယ်‌တော်‌ဆေးခန်းမှ က‌လေးမီးဖွား‌ပေးလျှက်ရှိသည်ဟု ‌ဒေါက်တာ စင်သီယာ‌မောင်က ‌ပြောသည်။