Home သတင်း KWAG ဒါရိုက်တာ ‌နော်စူစဲနာ အ‌မေရိကန် ကရင်လူမှုအဖွဲ့အစည်းနှင့် လိုက်လံ‌တွေ့ဆုံ

KWAG ဒါရိုက်တာ ‌နော်စူစဲနာ အ‌မေရိကန် ကရင်လူမှုအဖွဲ့အစည်းနှင့် လိုက်လံ‌တွေ့ဆုံ

2104
‌မေလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


အ‌မေရိကန်နိုင်ငံတွင် လက်ရှိ ‌ရောက်ရှိ‌နေသည့် ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့မှ ‌နော်စူစဲနာလှလှစိုးသည် အ‌မေရိကန်ရှိ ကရင်လူမှု အဖွဲ့အစည်းများနှင့် ‌မေလ ၅ရက်‌နေ့မှစ၍ လိုက်လံ ‌တွေ့ဆုံကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း‌ပြောဆို ‌ဆွေး‌နွေး လျှက်ရှိသည်ဟု သိရသည်။

ယခုလို ‌တွေ့ဆုံရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ‌နော်စူစဲနာလှလှစိုးက “တိုင်းပြည်ထဲက ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထပ် မွမ်းမံချင်တာလည်း ပါတယ်။ ‌နောက်ပြီး ကျမရဲ့ အ‌တွေ့အကြုံ‌တွေကို မျှ‌ဝေ‌ပေးချင်တာလည်း ပါပါတယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြော ဆိုသည်။

‌နော်စူစဲနာနှင့်အတူ KWAG အဖွဲ့ဝင် နမ့်စုစုလှိုင်တို့သည် ဧပြီလ ၂၉ရက်‌နေ့က ဝါရှင်တန်ဒီစီမြို့တွင် လူထု ၁၅ဝခန့်ဖြင့်လည်း‌ကောင်း၊
‌မေလ ၅ရက်နှင့် ၆ရက်‌နေ့များတွင် ‌မြောက်ကာရိုလိုင်းနား(North Carolina) ပြည်နယ်ရှိ နယူးဘန်(New Bern)မြို့တွင် လူထု ၁၀ဝခန့် ဖြင့်လည်း‌ကောင်း သွား‌ရောက်‌တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

“New Bern မှာက ၁၀၀‌လောက်လာကြတာ ခရစ်ယာန်‌တွေ‌ကော ဗုဒ္ဓဘာသာဝင်‌တွေ အကုန်လုံးပဲ။ သူတို့‌တွေက ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုကို ‌ထောက်ခံကြ‌ပေမဲ့ သူတို့မှာလည်း စိုးရိမ်မှု‌တွေက အများကြီးပါ”ဟု သူမက ဆိုသည်။

ယခု ခရီးစဉ်များကို အ‌မေရိကန်‌ရောက် ‌နော်ရှိုးအိအိထွန်းက ကူညီစီစဉ်‌ပေးခြင်းဖြစ်ပြီး ‌မေလ ၁၁ရက်တွင် (Boston)မြို့၊ ‌မေ ၁၂-၁၃ရက် များတွင် St. Paul- Minnesota, ‌မေ ၁၅-၁၆ရက်များတွင် ကိုလိုရာဒို(Colorado)ပြည်နယ်၊ (Denver)မြို့နှင့် ‌မေ ၁၉-၂ဝရက်များတွင် Los Angeles ရှိ Bakersfield မြို့များသို့ ခရီး ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

KWAG အဖွဲ့၏ စီမံခန့်ခွဲ‌ရေး ဒါရိုက်တာ ‌နော်စူစဲနာသည် ‌မေလ ၁ရက်‌နေ့က ဝါရှင်တန်ဒီစီ(Washington DC) ရှိ Crystal Spring Marriott Hotel က InterAction forum တွင် ၂၀၁၂ လူမှုဦး‌ဆောင်ဆု (Humanitarian Award_2012) တံဆိပ်ကို လက်ခံရယူခဲ့ပြီး သူမအ‌နေဖြင့် ‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၌ လူမှုအဖွဲ့အစည်းကိုယ်စား ပါဝင်လုပ်‌ဆောင်‌နေသူ လည်း ဖြစ်သည်။

ဆုရရှိမှုအ‌ပေါ် “ကရင်အမျိုးသမီးကိုယ်စား ကျမ ဂုဏ်ယူတယ်။ ဒါဟာ မြန်မာပြည်ရဲ့ ပထမဆုံး‌သော ဆုရရှိသူတစ်ဦးဖြစ်သလို အခုဆို ကမ္ဘာတဝှမ်းလုံးက မြန်မာပြည်ကို စိတ်ဝင်စား‌နေချိန်လည်း ဖြစ်ပါတယ်။ ကရင်အမျိုးသမီး‌တွေရဲ့ သီးခံခွင့်လွှတ်မှု၊ စိတ်ရှည်မှုနဲ့ ကြိုးစား အားထုတ်မှု‌တွေကို အသိအမှတ်ပြု‌သောအားဖြင့် ‌ပေးအပ်တဲ့ ဒီဆု‌ကြောင့် လူမှုအဖွဲ့အစည်းထဲက လူသားချင်း စာနာမှုလုပ်ငန်း‌တွေနဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းကို ကျမ ပိုမို လုပ်‌ဆောင်သွားနိုင်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ဆိုသည်။

ဆု‌ပေးပွဲတွင် နိုင်ငံတကာ အ‌ခြေစိုက်သည့် Rokerfeller foundation ကဲ့သို့‌သော အဖွဲ့များ အပါအဝင် ‌ဖောင်‌ဒေးရှင်း အ‌တော်များများက KWAG နှင့်အတူ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု ကတိ‌ပေးခဲ့‌ကြောင်းလည်း သူမက ပြန်လည် ‌ပြောပြခဲ့သည်။

သူမအ‌နေဖြင့် အ‌မေရိကန်တွင် အ‌ခြေစိုက်သည့် ကရင်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးသည့် အချက်အလက်များကို ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ တွက် လူမှုအဖွဲ့အစည်း၏ ပူး‌ပေါင်းပါဝင်မှု တစိတ်တပိုင်းအဖြစ် ရယူသွားမည်ဖြစ်သလို လူထု ‌ထောက်ခံအား‌ပေးမှုရရှိ‌ရေးသည်လည်း ငြိမ်းချမ်း‌ရေးအတွက် အ‌ရေးကြီး‌ကြောင်း ‌နော်စူစဲနာက ‌ပြောဆိုသည်။