Home သတင်း ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးတွင် အမျိုးသမီးဦး‌ရေ ပိုမို ထည့်သွင်းရန် WLB ‌တောင်းဆို

ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးတွင် အမျိုးသမီးဦး‌ရေ ပိုမို ထည့်သွင်းရန် WLB ‌တောင်းဆို

2037
‌မေလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပြည်‌ထောင်စု ငြိမ်းချမ်း‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးကိုယ်စားပြုမှုဦး‌ရေ ပါဝင်လာသည်ကို ကြိုဆို‌သော်လည်း ၂ဦးသာ ပါဝင်သည့်အတွက် ထပ်မံ ထည့်သွင်း‌ပေးရန် လို‌သေး‌ကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရအား အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) က ယ‌နေ့ ‌ကြေညာချက်ထုတ် ‌တောင်းဆိုလိုက်သည်။

ယခု ‌မေလ ၃ရက်က မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဒု-သမ္မတ စိုင်း‌မောက်ခမ်း ဦး‌ဆောင်သည့် အဖွဲ့ဝင် (၅၂)ဦးပါ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း ‌ကော်မတီတွင် ကချင်အမျိုးသမီး ‌ဒေါ်ဘူဒွဲနှင့် မွန်အမျိုးသမီး ‌ဒေါ်မိ ယဉ်ချမ်းတို့နှစ်ဦးသာ ပါဝင်ခဲ့သည်။

WLB ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌ဒေါ်တင်တင်ညိုက “အခု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ‌ကော်မတီမှာ အဖွဲ့ဝင် ၅၂‌ယောက်ထဲမှာ အမျိုးသမီး ၂‌ယောက်ပဲပါတယ်ဆို‌တော့ တအားနည်းတာ‌ပေါ့။ ကိုယ့်နိုင်ငံမှာ ငြိမ်းချမ်း‌ရေးနဲ့ ပြည့်ဝတဲ့ ဒီမိုက‌ရေစီ ‌ဖော်‌ဆောင်မယ်ဆိုရင် အမျိုးသမီး ပါဝင်မှုဟာ ၅ဝရာခိုင်းနှုန်း မဟုတ်ရင်‌တောင်မှ အနည်းဆုံး ၃ဝ ရာခိုင်နှုန်း‌လောက် ထည့်သွင်းစဉ်းစား‌ပေးနိုင်မယ်ဆိုရင် ပိုပြီး ပြည့်စုံလာ မယ်။”ဟု ‌ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်းတွင် အ‌ရေအတွက်ထက် အမှန်တကယ် အရည်အချင်း ပြည့်စုံပြီး ပါဝင်လာနိုင်သည့် အမျိုးသမီး အများအပြားရှိ‌ကြောင်း၊ ပါဝင်လာမည့် အမျိုးသမီးများမှာလည်း ဝန်ကြီးအဆင့်အထိ‌သော်လည်း‌ကောင်း၊ ‌ပြော‌ရေးဆိုခွင့် အဆင့်ထိ‌သော်လည်း‌ကောင်း အစိုးရအ‌နေဖြင့် ထည့်သွင်းစဉ်းစားသင့်‌ကြောင်း သူမက ဆက်‌ပြောသည်။

တဆက်တည်း၌ပင် စစ်မှန်သည့် ဒီမိုက‌ရေစီနှင့် ထာဝရငြိမ်းချမ်းမည့် မြန်မာ့လူ့‌ဘောင်တစ်ရပ်အတွက် အဓိက အ‌ရေးပါသည့် တရားဥပ ‌ဒေစိုးမိုး‌ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပ‌ဒေပြုပြင်‌ရေးတွင် ကြိုးပမ်း‌ဆောင်ရွက်‌နေ‌သော လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်အား အ‌ရေးကြီး‌သော ဦး‌ဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရန် ဦးသိန်းစိန်အစိုးရအ‌နေဖြင့် အသိအမှတ်ပြုသင့်‌ကြောင်းလည်း WLB ၏ ထုတ်ပြန် ချက်တွင် ‌ဖော်ပြထားသည်။

၎င်းအပြင် WLB တွင် ပါဝင်သည့် အဖွဲ့ဝင်အားလုံးနှင့် မြန်မာပြည်တွင်းရှိ အမျိုးသမီးအဖွဲ့များနှင့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်တစ်‌လျှောက်တွင် ပါဝင်လာ‌ရေးအတွက် အင်တိုက်အားတိုက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ဒေါ်တင်တင်ညိုက ‌ပြောသည်။

မြန်မာအစိုးရအ‌နေဖြင့် တတိုင်းပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲ‌ရေးကို မ‌ဖေါ်‌ဆောင်နိုင်ပါက တိုင်းရင်းသားလက်နက်ကိုင်အင်အား စုများနှင့် အပစ်အခတ်ရပ်စဲ‌ရေး ‌ဘောတူညီမှုရထား ‌သော အ‌ခြေအ‌နေမှ တက်လှမ်း၍ ပြန်လည်သင့်မြတ်‌ရေးလမ်း‌ကြောင်းကို ဦးတည် နိုင်မည် မဟုတ်ဘဲ ‌နောက်‌ကြောင်းပြန် ပြည်တွင်းစစ် ဖြစ်ပွားမည်ကို WLB က စိုးရိမ်မိ‌ကြောင်း ‌ပြောဆိုသည်။

ယခုအချိန်သည် မြန်မာနိုင်ငံ တိုင်းရင်းသား‌ပေါင်းစုံအတွက် ‌ရေရှည်ခိုင်မြဲမည့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှု ဖြစ်စဉ်ကို ‌ရှေ့ရှု ‌ဆောင်ရွက် သင့်သည့် ကာလဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)နှင့်အညီ ပဋိပက္ခ မဖြစ်‌အောင် လုပ်‌ဆောင် ခြင်း၊ စီမံခြင်းနှင့် ပဋိပက္ခ ‌ဖြေရှင်းခြင်းများတွင် အမျိုးသမီးများ၏ အမြင်၊ သ‌ဘောထားများကိုလည်း မဖြစ်မ‌နေ ထည့်သွင်းစဉ်းစားသွားရန် လိုအပ်‌ကြောင်း WLB က ‌ထောက်ပြထားသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ခြင်း၊ စည်းရုံးချဉ်းကပ်ခြင်း၊ သု‌တေသနပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းများမှတဆင့် ဒီမိုက‌ရေစီလှုပ်ရှားမှု၊ ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး အပါအဝင် ကဏ္ဍအားလုံးတွင် အမျိုးသမီးများ ပိုမိုပါဝင် လုပ်ကိုင် လာနိုင်‌စေရန် ရည်ရွယ်၍ ၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်‌နေ့တွင် WLB ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသူအမျိုးသမီး အဖွဲ့အစည်း (၁၃)ဖွဲ့ဖြင့် ဖွဲ့စည်းထားကာ မြန်မာနှင့် နယ်နမိတ်ချင်း ထိစပ်‌နေသည့် ဘဂင်္လား‌ဒေ့ရှ်၊ အိနိ္ဒယနှင့် ထိုင်းနိုင်ငံ နယ်စပ်‌ဒေသ များတွင် အ‌ခြေစိုက်လျှက်ရှိသည်။