Home သတင်း ၂၉ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ HIV / AIDS အထိမ်းအမှတ် မီးထွန်းဆု‌တောင်းပွဲ ကျင်းပခဲ့

၂၉ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ HIV / AIDS အထိမ်းအမှတ် မီးထွန်းဆု‌တောင်းပွဲ ကျင်းပခဲ့

1564
‌မေလ ၁၉ရက်၊ ၂၀၁၂။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစို‌ပြေ မြက်ခင်းပြင်တွင် ၂၉ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ HIV/AIDS အထိမ်းအမှတ် မီးထွန်း ဆု‌တောင်းပွဲ အခမ်းအနားကို ယမန်‌နေ့ညက ကျင်းပခဲ့သည်။

၎င်းဆု‌တောင်းပွဲသို့ နိုင်ငံ‌ရေးပါတီများ၊ အမျိုးသား ခုခံအားကျဆင်းမှု တိုက်ဖျက်‌ရေးဌာန၊ ကုလသမဂ္ဂ-UN၊ NGO၊ LNGO မှ ကိုယ်စား လှယ်များ၊ လူထုအ‌ခြေပြု အဖွဲ့အစည်း-CBO များနှင့် ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို ပြည့်တန်ဆာများကွန်ယက်၊ မူးယစ်‌ဆေးသုံးစွဲသူများကွန်ယက်၊ လိင်တူချစ်သူများကွန်ယက်၊ မြန်မာ‌ပေါ့စတစ်ကွန်ယက်၊ မြန်မာ့အမျိုးသမီးကွန်ယက်၊ ဘာသာ‌ပေါင်းစုံကွန်ယက်၊ ပြည်တွင်းလူမှု‌ရေးအဖွဲ့အစည်းများကွန်ယက် စသည့် ကွန်ယက်အဖွဲ့ ၇ခုမှ ဦး‌ဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစီအစဉ်အရ UNDP ၊ UNAIDS ၊ NAP တို့မှ နှုတ်ခွန်းဆက် စကားများ ‌ပြောကြားခဲ့ကြပြီး UNAIDS မှ အာရှ-ပစိဖိတ်‌ဒေသဆိုင်ရာ ကိုယ်စားလှယ်က HIV ‌ဝေဒနာသည်များမှာလည်း လူသားချင်းအတူတူ ဖြစ်‌သော‌ကြောင့် လူ့ဂုဏ်သိက္ခာရှိ‌ကြောင်းနှင့် ၎င်းတို့အား ထိန်း သိမ်း‌စောင့်‌ရှောက်ရမည်ဖြစ်‌ကြောင်း ထည့်သွင်း‌ပြောကြားသွားခဲ့သည်။

ထို့အပြင် မူးယစ်‌ဆေးသုံးစွဲသူများကွန်ယက်မှ ကိုယ်စားလှယ်ကလည်း “‌ရောင်းဝယ်တာက ရာဇဝတ်မှု‌မြောက်လို့ ဖမ်းတာ‌တော့ ဟုတ်ပါ တယ်။ သုံးလို့ ထိ‌ရောက်တဲ့ ကုသမှု‌တွေလည်း လုပ်‌ပေးကြဖို့လည်း လိုပါတယ်”ဟု တက်‌ရောက်သူများအား ‌ပြောကြားခဲ့သည်။

ယခုလို မီးထွန်းဆု‌တောင်းပွဲကို လွန်ခဲ့သည့် နှစ် ၃ဝခန့် (၁၉၈၃ခုနှစ်)က အ‌မေရိကန်နိုင်ငံရှိ လူငယ် ၄ဦးမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမာ္ဘနိုင်ငံ‌ပေါင်း ၁၀၀‌ကျော်မှ အဖွဲ့အစည်း‌ပေါင်း ၁၂၀၀‌ကျော် ပါဝင်‌သော HIV/ AIDS အထိမ်းအမှတ် မီးထွန်းဆု‌တောင်းပွဲကို နှစ်စဉ် ‌မေလ တတိယပတ် တနဂင်္‌နွေ‌နေ့တိုင်း ကျင်းပ‌လေ့ရှိကြသည်။