Home သတင်း ပြန်‌ပေးကို ဘုရားသုံးဆူ‌ဒေသခံများ ထိတ်လန့်‌နေကြ

ပြန်‌ပေးကို ဘုရားသုံးဆူ‌ဒေသခံများ ထိတ်လန့်‌နေကြ

1872
‌မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ပြန်‌ပေးဆွဲမှုများ မကြာခဏ ဖြစ်‌ပေါ်‌နေသည့်အတွက် လက်ရှိအချိန်တွင် မြို့ခံလူထုများ အပါ အဝင် အနီးတဝိုက်ရှိ ‌ဒေသခံများ ထိတ်လန့်‌ကြောက်ရွံ့‌နေကြ‌ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့တွင် ပြန်‌ပေးဆွဲမှုမှာ ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလကတစ်ကြိမ်၊ ‌မေလ ၈ရက်‌နေ့ မြို့ခံ ၄ဦးကို ထိုင်းဘတ်‌ငွေ ၅သိန်း ‌တောင်းခံခဲ့သည့်တစ်ကြိမ်နှင့် ယခု ‌မေလ ၂၇ရက်‌နေ့ညက ခြံအလုပ်သမား ၆ဦးခန့်ကို အမည်မသိ ပြန်‌ပေးအဖွဲ့က ဖမ်းဆီး‌ခေါ် ‌ဆောင်သွားမှုများ ဆင့်ကဲ ဖြစ်ပွားခဲ့သည်။

“လူ‌တွေက‌တော့ ‌တော်‌တော်‌ကြောက်‌နေကြပြီ‌လေ။ ၇နာရီ‌လောက်ဆို ဘယ်သူမှ အပြင်မထွက်ရဲ‌တော့ဘူး။ ညဆိုလည်း တိတ် ဆိတ်‌နေတာပဲ။ အခု အဖမ်းခံရတဲ့လူ‌တွေကလည်း ပိုက်ဆံရှိကြတဲ့လူ‌တွေမဟုတ်ဘူး”ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ‌ပြောသည်။

ပြန်‌ပေးအဖွဲ့သည် ဆင်းရဲချမ်းသာမ‌ရွေးဘဲ ‌နေ့စား သာမန်ခြံအလုပ်သမား၊ ခြံ‌စောင့်များကိုပင် ပြန်‌ပေးဆွဲ‌နေသလို လက်ရှိ အဖမ်း ခံထားရသူများကိုလည်း ပြန်‌ပေးအဖွဲ့များက လူ‌ပေါ်မူတည်ပြီး မိသားစုထံ ယ‌နေ့ ‌ငွေ‌ကြေး‌တောင်းခံထားသည့်အတွက် ‌ဒေသခံများ မှာ ပို၍ ‌ကြောက်ရွံ့‌နေကြ‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

မြို့ခံအမျိုးသမီးတဦးကလည်း “မြို့ပြင်ကို‌တောင် မထွက်ရဲကြ‌တော့ဘူး။ တမြို့လုံးက ထိတ်လန့်‌နေကြတယ်။ ဒီကလူ‌တွေက ‌ငွေ‌ကြေးချမ်းသာတဲ့လူ‌တွေရှိသလို တ‌နေ့လုပ် တ‌နေ့စား‌တွေကလည်း အများကြီးပါ။ ခြံလုပ်ရတယ်။ ခြံသွားရတယ်။ ‌တောထဲ သွားရတယ်။ အခုလို ပြန်‌ပေး‌တွေ ‌နေ့တိုင်းလိုလိုဖြစ်‌နေ‌တော့ ဘယ်သွားရဲမလဲ”ဟု ဆိုသည်။

ထိုအန္တရာယ်ကို ကာကွယ်ရန်အတွက် ဘုရားသုံးဆူမြို့‌ပေါ်ရှိ အာဏာပိုင်အဖွဲ့အစည်းများက မြို့အဝင်‌ပေါက်များနှင့် မြို့‌ပေါ်ရပ် ကွက်များတွင် လုံခြုံ‌ရေးချထားမှုရှိ‌သော်လည်း ပြန်‌ပေးဆွဲမှုမှာ ရပ်တန့်မသွားဘဲ ဖြစ်ပွားလျှက်ပင် ရှိ‌နေသည့်အ‌ပေါ် ဘုရားသုံးဆူ အာဏာပိုင်အဖွဲ့အစည်းတို့က လတ်တ‌လောဖြစ်ပွား‌နေသည့် ပြန်‌ပေးဆွဲမှုကို မွန်ပြည်သစ်ပါတီအ‌နေဖြင့် ပါဝင်‌ဖြေရှင်း‌ပေး‌စေလို သည်ဟုလည်း အကူအညီ ‌တောင်းခံထားသည်။

မွန်ပြည်သစ်ပါတီမှ ဒုဗိုလ်မှူးကြီးဉာဏ်ထွန်းက “ကျ‌နော်တို့နယ်ထဲက ဝင်ထွက်သွားလာ‌နေတဲ့ ဝင်‌ပေါက်က‌နေ ‌စောင့်‌နေတာရှိ တယ်။ ခက်တာက သူတို့ (ပြန်‌ပေးသမား)‌တွေက ထိုင်းဘက်ခြမ်းထဲကို ‌ရောက်သွားကြတယ်။ အဲဒီ‌တော့ ကျ‌နော်တို့လည်း ဆက် လိုက်လို့မရ‌တော့ဘူး။ ထိုင်းဘက်ကလည်း သူတို့နယ်ထဲကို အဝင်မခံဘူး”ဟု ‌ပြောသည်။

၎င်းအပြင် နိုင်ထွန်း ဦး‌ဆောင်သည့် ပြန်‌ပေးအဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်ကလည်း ဘုရားသုံးဆူမြို့ ရပ်ကွက်အုပ်ချုပ်‌ရေး မှူးများထံမှ ဆက်‌ကြေးအဖြစ် ဘတ်‌ငွေငါးသိန်း ‌တောင်းခံထားခဲ့‌သေးသည်။