Home သတင်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင် ဆက်ဆံ‌ရေးရုံးခွဲ ဖွင့်လှစ်‌တော့မည်

‌ကေအဲန်ယူ ဒူးပလာယာခရိုင် ဆက်ဆံ‌ရေးရုံးခွဲ ဖွင့်လှစ်‌တော့မည်

1571
‌မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (‌ကေအိုင်စီ)

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်မှ ခရိုင်ဆက်ဆံ‌ရေးရုံးခွဲကို လာမည့် ‌မေလ ၁၅ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ဖွင့်လှစ်‌တော့မည်ဟု နယ်‌မြေခံ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

မြန်မာအစိုးရနှင့် ‌ကေအဲန်ယူအကြား အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွက် ‌ရှေ့ဆက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင် ရမည့် ကိစ္စရပ်များကို လက်တွဲလုပ်‌ဆောင်နိုင်ရန် ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်အ‌နေဖြင့် ဆက်ဆံ‌ရေးရုံးခွဲကို ဘုရားသုံးဆူမြို့တွင် ဦးစွာ စတင် ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA မှ တပ်မှူးတစ်ဦးက ‌ပြောသည်။

“အခု ဘုရားသုံးဆူမှာ ဖွင့်မဲ့ရုံးက ဒူးပလာယာခရိုင်အ‌နေနဲ့ ဆို‌ပေမဲ့ ရုံးခွဲပါပဲ။ ဒီဖွင့်ပွဲအတွက် အခု ကျ‌နော်တို့ စီစဉ်‌ဆောင်ရွက်‌နေပါ တယ်။”ဟု KNLA တပ်မဟာ(၆) ရုံးထိုင်မှူး ဗိုလ်ကြီးဘသိန်းက ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါရုံးဖွင့်ပွဲကို တက်‌ရောက်အား‌ပေးရန်အတွက် ‌ကေအဲန်ယူဘက်က ဘုရားသုံးဆူမြို့နယ်ခွဲအတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၃ဝနီးပါးမှ ရွာသူ ရွာသားများကိုလည်း ဖိတ်ကြားထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် ဒူးပလာယာခရိုင်၏ ဆက်ဆံ‌ရေးရုံးချုပ်ကိုမူ ကျိုက်ဒုံမြို့တွင် ဆက်လက် ဖွင့်လှစ်သွားမည့် အစီအစဉ်ရှိ‌သော်လည်း ‌နေ့ရက် အတိအကျ မ‌ပြောဆိုနိုင်‌သေး‌ကြောင်း ၎င်းနယ်‌မြေခံ ‌ကေအဲန်ယူ တာဝန်ရှိသူများ၏ ‌ပြောကြားချက်အရ သိရသည်။

၎င်းဆက်ဆံ‌ရေးရုံးခွဲ ဖွင့်ပွဲသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးလည်း တက်‌ရောက်မည်ဖြစ်‌ကြောင်း နီးစပ်သူများက ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၉ရက်‌နေ့နှင့် ၁ဝရက်‌နေ့များ၌ ‌ကေအဲန်ယူမှ ဆက်ဆံ‌ရေးရုံးနှစ်ခုကို ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နှင့် တနသင်္ာရီတိုင်း၊ ထားဝယ်မြို့တို့တွင် ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်သည်။