Home သတင်း အစိုးရသစ်လက်ထက်လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုရှိ‌နေဆဲဟု လူ့အခွင့်အ‌ရေး ကွန်ယက်အဖွဲ့‌ပြော

အစိုးရသစ်လက်ထက်လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုရှိ‌နေဆဲဟု လူ့အခွင့်အ‌ရေး ကွန်ယက်အဖွဲ့‌ပြော

1465
‌မေလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)


မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာ ခဲ့‌သော်လည်း ညှဉ်းပမ်းနှိပ်စက်မှုများ၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်များရှိ‌နေ ‌သေး‌ကြောင်း ကမ္ဘာကသိ‌အောင် လူ့အခွင့်အ‌ရေးမှတ်တမ်း ကွန်ယက်(မြန်မာနိုင်ငံ)-ND-Burma က ယ‌နေ့ ထုတ်‌ဖော် ‌ပြောကြားလိုက်သည်။

ND-Burma အဖွဲ့က ၂၀၁၀‌ရွေး‌ကောက်ပွဲအပြီး မြန်မာအစိုးရ ကျူးလွန်ခဲ့‌သော ညှဉ်းပမ်းနှိပ်စက်မှုနှင့် နိုင်ထက်ပြု ကျင့်မှု၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို မှတ်တမ်းအစီရင်ခံစာထုတ်ကာ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ နိုင်ငံ ခြားသတင်း‌ထောက်များကလပ်(FCCT)၌ ယ‌နေ့နံနက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။

“တိုင်းပြည်ထဲမှာ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲနဲ့ ပြုပြင်‌ပြောင်းလဲ‌ရေး‌တွေလုပ်‌နေတယ်လို့ အစိုးရက ‌ပြော‌နေ‌ပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုအ‌နေအထားဟာ အရင်အတိုင်းပဲ ‌ပြောင်းလဲမှု မရှိဘူး။”ဟု ND-Burma ၏ စည်းရုံးလှုံ့‌ဆော်‌ရေးအဖွဲ့တာဝန်ခံ ကိုထွန်း‌ဇော်က ‌ပြောသည်။

ဆက်လက်၍ ၂၀၁၀‌နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွား‌နေ‌သော တိုင်းရင်းသား‌ဒေသများတွင် အထူး သဖြင့် အမျိုးသမီးများနှင့် က‌လေးများအ‌ပေါ် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုအ‌ခြေအ‌နေ ဆက်လက်ဆိုးရွား‌နေ သည်ဟု သူက ‌ထောက်ပြ‌ပြောဆိုထားသည်။

ထို့အပြင် အကျဉ်း‌ထောင်‌တွေထဲတွင် ကျန်ရှိ‌နေ‌သေး‌သော နိုင်ငံ‌ရေးအကျဉ်းသားများသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း၊ ညဘက်တွင် ‌ကောင်းမွန်စွာ အိပ်မရခြင်း၊ အစား‌ကောင်း ‌ကျွေး‌မွေး မခံရခြင်း၊ တ‌ယောက်တည်း ပစ်ထားခံရခြင်း ဆက်လက်ရှိ‌နေသည်ဟု ND-Burma က ‌ပြောသည်။

ND-Burma အဖွဲ့သည် မြန်မာပြည်အ‌ရှေ့ပိုင်းနှင့် ‌မြောက်ပိုင်းရှိ ‌ဒေသများရှိ ကွင်းဆင်း‌လေ့လာပြီး သတင်းမှတ်တမ်း ‌ကောက်ခံခြင်း၊ ချိုး‌ဖောက်ခံရသည့် ‌နေရာမှ ကျူးလွန်သူ၊ ခံရသူ အပါအဝင် မျက်မြင်သက်‌သေ အ‌ထောက် အထားများတကွ အတည်ပြုရယူကာ ယခုလို လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုအစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း လည်းဖြစ်သည်။

တဆက်တည်း၌ပင် ယ‌နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြားသတင်းမီဒီယာများ အပါအဝင် ပြည် တွင်းပြည်ပမှ မြန်မာသတင်း‌ထောက်များနှင့် လူထုပရိဿတ် ၅၀‌ကျော်တက်‌ရောက်ခဲ့သည်ဟု သိရသည်။

လက်ရှိ တိုင်းရင်းသားလူမျိုးများနှင့် လူ့အခွင့်အ‌ရေးဆိုင်ရာ အဖွဲ့‌ပေါင်း ၁၃ဖွဲ့ ပါဝင်သည့် ND-Burmaကို ၂၀၀၄ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အ‌ခြေစိုက်သည့်အဖွဲ့ဖြစ်သည်။