Home သတင်း ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေးကို ထိုင်းလက်ထဲ လွှဲ‌ပြောင်း‌ပေးရန် မြန်မာရဲချုပ်အား ONCB ‌တောင်းဆို

ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေးကို ထိုင်းလက်ထဲ လွှဲ‌ပြောင်း‌ပေးရန် မြန်မာရဲချုပ်အား ONCB ‌တောင်းဆို

1461
‌မေလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


မူးယစ်‌ဆေးအမှုဖြင့် ဆု‌ငွေထုတ်ခြင်းခံထား‌သော DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌စောလားပွယ် (နှုတ်ခမ်း‌မွှေး)အ‌နေဖြင့် တရားရင်ဆိုင်ရန် ထိုင်းအစိုးရလက်ထဲသို့ လွှဲ‌ပြောင်း‌ပေး‌ရေးကို Office of the Narcotics Control Board -ONCB က မြန်မာနိုင်ငံ ရဲချုပ်အား ယ‌နေ့ ‌တောင်းဆိုလိုက်သည်ဟု Bangkok Post အွန်လိုင်းစာမျက်နှာတွင် ‌ရေးသား‌ဖော်ပြသည်။

ONCB ၏ ‌ခေါင်း‌ဆောင် ထိုင်း ဒုဝန်ကြီးချုပ် (Mr Chalerm Yubamrung)က ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများနှင့် သွား‌ရောက်‌တွေ့ဆုံစကား‌ပြောရန် ဝန်ကြီးချုပ် ယင်လပ်ရှင်နဝပ်မှ အလိုရှိပါက ၎င်းအ‌နေဖြင့် သွားရန်အသင့်ရှိ‌ကြောင်း ‌ပြောသည်။

ONCB အလိုရှိသည့် မူးယစ်‌ဆေး ‌ရောင်းဝယ်‌ဖောက်ကားသူ ၂၅ဦးထဲတွင် ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေးသည် အဆင့် ၅‌နေရာမှာရှိပြီး ဘတ် ၁ သန်း ဆု‌ငွေထုတ်ထားပြီးဖြစ်သည်ဟု ပြီးခဲ့သည့်အပတ်က Mr. Chalern Yubamrungက သတင်း‌ထောက်များကို ‌ပြောဆိုသွားခဲ့သည်။

ထို‌ပြောကြားချက်နှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူးဆန်း‌အောင်က “မြန်မာအစိုးရက ကမ္ဘာ့အလယ်မှာ ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင် ‌နေတဲ့အချိန်မှာ ဒီ ဒုဝန်ကြီးခိုင်းတဲ့အတိုင်း သူလုပ်မလား၊ မလုပ်ဘူးလားဆိုတာ ‌စောင့်ကြည့်ရမယ်။ ငြိမ်းချမ်း‌ရေး အစစ်အမှန်ဆိုလို့ရှိရင် ဒုဝန်ကြီးခိုင်းတဲ့အတိုင်း သူမလုပ်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးမဟုတ်ဘူးဆိုရင် ဒုဝန်ကြီးခိုင်းတဲ့အတိုင်း သူလုပ်မှာ”ဟု ‌ပြောသည်။

ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေးအား ၂၀၀၃ခုနှစ်ခန့်က ‌ဝေါ်‌လေ‌ဒေသတွင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိသည့် မူးယစ်‌ဆေးများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီ လ ၂ဝရက်‌နေ့က ထိုင်းအစိုးရဘက်မှ ဆု‌ငွေဘတ် ၁သန်းဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းစွပ်စွဲထုတ်ပြန်ချက်အ‌ပေါ် ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေး ဘက်မှ တန်ပြန် ငြင်းဆန်ခဲ့သည်။

အဆိုပါ တင်းမာမှုများ‌ကြောင့် ဒီ‌ကေဘီ‌အေနှင့် ထိစပ်သည့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ် ၁၀‌ကျော်ကို ဒီ‌ကေဘီ‌အေဘက်က ပိတ်ပင်လိုက်သလို ထိုင်းစစ်တပ်ဘက်ကလည်း တပ်လှန့်ထားပြီး ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ လှုပ်ရှားမှုအ‌ခြေအ‌နေကို ‌စောင့်ကြည့်လျှက်ရှိ သည်ဟု နယ်စပ်တွင် ‌နေထိုင်သူများက ‌ပြောဆိုသည်။

ယခု ဒီ‌ကေဘီ‌အေနှင့် ထိုင်းအစိုးရတို့ ဖြစ်ပွားသည့် မူးယစ်‌ဆေးဝါးအမှု ကိစ္စမှာ နယ်စပ်ကုန်သွယ်‌ရေး အ‌ခြေအ‌နေကို ထိခိုက်မှုမရှိဟု ထိုင်းဒုဝန်ကြီးချုပ်က ဆိုသည်။

ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေး ဦး‌ဆောင်သည့် ကလို့ထူး‌ဘော ဒီ‌ကေဘီ‌အေအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ် ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ပြီး စစ် အစိုးရကို ပြန်လည်ပစ်ခတ်ခဲ့ရာ ၁နှစ်နီးပါးအကြာတွင် အစိုးရနှင့် ပြန်လည် အပစ်အခတ် ရပ်စဲခဲ့သည်။