Home သတင်း ဒညင်းကုန်းကမ္ဘာအထည်ချုပ်စက်ရုံ အလုပ်သမားများ ‌တောင်းဆိုချက် မရရှိ‌သေး

ဒညင်းကုန်းကမ္ဘာအထည်ချုပ်စက်ရုံ အလုပ်သမားများ ‌တောင်းဆိုချက် မရရှိ‌သေး

1906
‌မေလ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ရန်ကုန်တိုင်း၊ ဒညင်းကုန်းမြို့နယ်ရှိ ‌တောင်ကိုရီးလူမျိုး မစ္စတာပတ် ပိုင်ဆိုင်‌သော ကမာ္ဘအထည်ချုပ်စက်ရုံတွင် အလုပ်သမားများက ၎င်းတို့၏ ‌တောင်းဆိုချက်များ မရရှိ‌သေးသဖြင့် အလုပ်မဆင်းဘဲ ယ‌နေ့ (၃)ရက် ‌မြောက်‌နေ့အဖြစ် ဆက်လက် ဆန္ဒထုတ်‌ဖော်လျက် ရှိသည်။

‌တောင်းဆိုချက် ၇ချက်ထဲတွင် အလုပ်ချိန်အား မနက် ၈နာရီမှ ည ၈း၄ဝနာရီအစား မနက် ၈နာရီမှ ည ၈နာရီထိ ထား‌ပေးရန်၊ အ‌ခြေခံ လစာထက် ပို၍ ၃၀,၀၀ဝကျပ်‌ပေးရန်နှင့် ကျန်းမာ‌ရေးခွင့်ယူပါက ဆု‌ကြေးမဖြတ်ရန်တို့ ပါဝင်သည်ဟု ထိုဆန္ဒပြ‌နေသူများကို ဦး‌ဆောင် ‌သော စက်ပြင် စ‌ကျော်မင်းဝဏ္ဏက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “ကျ‌နော် မအူပင်က‌နေ အလုပ်လာလုပ်တာ စက်ရုံစဖွင့်ကတည်းကပါ။ ပိုင်ရှင်ကိုရီးယားလူမျိုးကို‌တော့ သိပါတယ်။ ဒါ‌ပေမယ့် မြန်မာ‌တွေထဲက စက်ရုံအုပ်ချုပ်သူ‌တွေကို မသိခဲ့ရပါဘူး။ တစ်ခုခုဖြစ်ရင် စူပါနဲ့ နီတာ‌တွေကိုပဲ ‌ပြောရပါတယ်။ လစာတိုး‌တော့လည်း စူပါနဲ့ နီတာ‌တွေပဲ တိုးတာပါ”ဟု ဆိုသည်။

စက်ရုံတာဝန်ရှိသူနှင့် ‌တွေ့ဆုံနိုင်ရန် ဂိတ်တာဝန်ရှိသူအား ‌မေးမြန်းရာ စက်ရုံတာဝန်ရှိသူများမှ ၎င်းတို့၏ ဖုန်းနံပါတ်နှင့် နာမည်အား မ‌ပေးရန် ‌ပြောထားသဖြင့် ‌မေးမြန်းခွင့် မရခဲ့‌ပေ။

အဆိုပါစက်ရုံအလုပ်သမားများ၏ ဆန္ဒထုတ်‌ဖော်မှုကို ၈၈မျိုးဆက်‌ကျောင်းသားများမှ ‌စောင့်ကြည့်ကူညီ‌ပေးလျက်ရှိပြီး မနက်ဖြန်တွင် ရန်ကုန်တိုင်းမှူး အလုပ်သမားဝန်ကြီးနှင့် ဆန္ဒပြ‌နေ‌သော အလုပ်သမားတာဝန်ရှိသူများ ‌တွေ့ဆုံ‌ဆွေး‌နွေးရန်ရှိ‌ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအသီးသီးမှ အလုပ်သမားများမှာ ‌နေရာအနှံ့အပြားတွင် ဆန္ဒပြလျက်ရှိရာ အစာငတ်ခံဆန္ဒပြ‌သော ရန်ကုန် သရဖူ သံမဏိစက်ရုံ အပါအဝင် အချို့စက်ရုံများမှာ ‌တောင်းဆိုချက်များ ရရှိပြီး အလုပ်သမားများ လုပ်ငန်းခွင်၌ ပြန်လည်လုပ်ကိုင်‌နေပြီ ဟု သိရသည်။