Home သတင်း တိုင်းရင်းသား‌ဒေသများ၏ ဖွံ့ဖြိုး‌ရေး ကိုစဉ်းစားသင့်‌ကြောင်း ‌ဒေါ်‌အောင် ဆန်းစုကြည်‌ပြောဆို

တိုင်းရင်းသား‌ဒေသများ၏ ဖွံ့ဖြိုး‌ရေး ကိုစဉ်းစားသင့်‌ကြောင်း ‌ဒေါ်‌အောင် ဆန်းစုကြည်‌ပြောဆို

1285
‌မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်း


မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်သူများနှင့် ဖွံ့ဖြိုး‌ရေး အကူအညီ‌ပေးမည့်သူများအ‌နေဖြင့် တိုင်းရင်းသား‌ဒေသများ၏ ဖွံ့ဖြိုး‌ရေးကို ပါ ထည့်သွင်းစဉ်းစားသင့်‌ကြောင်းငြိမ်းချမ်း‌ရေး နိုဘယ်လ် ဆုရှင် ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ယမန်‌နေ့ (‌မေလ ၁ဝရက်) ည‌နေက သူမ‌နေအိမ်တွင် ပိုလန် နိုင်ငံခြား‌ရေးဝန်ကြီးနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအ ပြီး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံထဲ ဖွံ့ဖြိုး‌ရေး အကူအညီ‌တွေ ‌ပေးချင်သူ‌တွေ ဒါမှမဟုတ် ရင်းနှီးမြုှပ်နှံမှု‌တွေ လုပ်ချင်တယ်ဆိုရင် မြန်မာလူမျိုး အများစုရှိတဲ့ ‌ဒေသ‌တွေမှာတင် မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူနည်းစု‌ဒေသ‌တွေမှာ လုပ်မယ့် အစီအစဉ် ‌တွေကိုလည်း စဉ်းစားသင့်ပါတယ်။”ဟု ‌ပြောဆိုခဲ့သည်။

ထို့အပြင် ပြည်မ‌ဒေသတွင် ပြည်သူအများစု ဆင်းရဲသကဲ့သို့ တိုင်းရင်းသားလူနည်းစု‌ဒေသများမှ ပြည်သူများမှာ ပို၍ ဆင်းရဲသဖြင့် အကူ အညီ‌တွေ ပိုမို လိုအပ်‌နေ‌ကြောင်းလည်း ထပ်‌လောင်း ‌ပြောဆိုခဲ့သည်။

ပိုလန်နိုင်ငံခြား‌ရေးဝန်ကြီးနှင့် မြန်မာအစိုးရ သမတ ဦးသိန်းစိန်တို ့‌တွေ့ဆုံပြီး မြန်မာနိုင်ငံသားများနှင့် အစိုးရအဖွဲ့ဝင်များအတွက် ပိုလန် အစိုးရမှ ပညာသင်ဆုများ ချီးမြှင့်မည့် အစီအစဉ်ကိုလည်း နှစ်ဖက် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

“ကရင်ပြည်နယ်က အရင်က မငြိမ်းချမ်းတာ‌တွေ ရှိခဲ့‌တော့ မီးခဲပြာဖုံးလို ဖြစ်‌နေတယ်။ ပိုပြီး‌တော့ အကူအညီ‌တွေ လိုတယ်။ လမ်းပန်း ဆက်သွယ်‌ရေး‌ကောင်း‌အောင် လုပ်‌ပေးတာတို့၊ အလုပ်အကိုင် အခွင့်အလမ်း များများရရှိပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့လုပ် ငန်း‌တွေ လုပ်‌ပေးရင်‌ကောင်းမှာပဲ”ဟု အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် တာဝန်ခံ ‌ဒေါ်နန်းခင်‌ထွေးမြင့်က ‌ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ ့အစည်း ၁၁ဖွဲ့ရှိပြီး အင်အား ၅‌သောင်း‌ကျော်ရှိကာ နယ်‌မြေမ‌အေးချမ်းမူ‌ကြောင့် အိုးအိမ်စွန့်ခွာ ထွက်‌ပြေး‌နေရသူပြည်သူ (IDPs) ‌လေးသိန်း‌ကျော်ရှိသည်ဟု အစိုးရမဟုတ်‌သော အဖွဲ ့အစည်းများ၏ ပြုစုထား‌သော စာရင်းအရ သိရသည်။