Home ကဗျာ ကွက်ကြားမိုး

ကွက်ကြားမိုး

2007

(လကင်္ာဒီပ)

ညီ‌လေး‌ရေ…..
ယမ်းသံဆိတ် ကွက်ကြားမိုးရွာ‌နေတာက
‌စေတနာမမှန်တဲ့အထာ
သာယာမယ့် ငြိမ်းချမ်း‌ရေးလမ်း
ပန်းတိုင်အစစ်အမှန်မဟုတ်ဘူး
အရူးထ အသွင်ကူး‌ပြောင်းပုံရိပ်များ
မှုန်ဝါးဝါး ‌ရေး‌ရေးထင်
ရင်ခွင်မသစ် ရင်ခွင်မစစ်
ကျွန်ဖြစ် နွံနစ်မယ့် တံလျပ်များ‌ပေ‌ပေါ့။

ညီ‌လေး…‌ဝေး‌ဝေးမ‌တွေးနဲ့အုံး
တုံးတိုက်တိုက် ကျားကိုက်ကိုက် ‌တော်လှန်မယ်ဆိုတဲ့
မာ‌ကျောတဲ့သံမဏိ‌တွေ အရည်‌ပျော်တဲ့ညမှာ
အားငယ်ကာ ဝမ်းနည်း‌နေပြီလား
ထမင်းစားတဲ့နင်းပြား
ဆင်းရဲသားအ‌ခြေခံလူတန်းစားအတွက်
မင်း…. ဆက်လက်ရပ်တည်‌ပေးရအုံးမယ်။

ညီ‌လေး‌ရေ…‌ဝေး‌ဝေးမ‌ပြေးပါနဲ့အုံး
ဆုံးခန်းမတိုင်‌သေးတဲ့ခရီးမှာ
သာယာစားလူတစု
ဖွံ့ဖြိုးမှုပြုချင်သူ‌တွေ‌ကြောင့်
လူထုရဲ့ဒုက္ခဆင်းရဲခြင်း
မကင်း‌ပျောက်နိုင်ဘူးဆိုတာ
မင်း…. ‌ကောင်း‌ကောင်းသိမှာပါ ညီ‌လေး။

ညီ‌လေး‌ရေ…“အစ‌ကောင်းမှ အ‌နှောင်း‌သေချာ”
‌ခေါင်းမပါတဲ့ အ‌ပေါင်းအပါလက်သစ်
‌ဈေးမဆစ်ခင်က အလကား‌ပေးလိုက်ရပါသ‌ကော
အ‌ပေါစားဆန်လိုက်တဲ့လုပ်ရပ်‌တွေ
တို့ကို ‌ရောင်းစားဖို့ ကြံရွယ်လိုက်တဲ့ တရားခံ‌တွေ‌ပေါ့။

ညီ‌လေး‌ရေ…
စာရွက်‌ပေါ်ကမူ စကားလုံးနဲ့မူ
လက်‌တွေ့မပါတဲ့မူ
ပြီး‌တော့ မူ….မူ….မူ
မူအားဖြင့် ယာယီဆိုတာ
မ‌သေချာ မ‌ရေရာ‌သေးတဲ့ ဥပ‌ဒေတခု
‌သွေးနုနု သားနုနု
အတုအပ သူ‌ယောင်မယ်‌လေး‌ပေါ့။

ညီ‌လေး‌ရေ…. အလိမ်ခံရမယ်ဆိုတာ
သင်ခန်းစာသိ‌နေသား ရှိ‌နေသားနဲ့ရယ်
ယုံလွယ်လို့ ညာခံခဲ့တယ်
ညံ့တယ်ဆိုတာ ဝန်ခံရဲရင်
ပြင်ဆင်ဖို့အချိန်‌တွေ မ‌နှောင်း‌သေးပါ
ဆီပါဆွတ်‌ပေးချင်‌နေတဲ့
သူတို့ရဲ့လက်‌တွေကို‌လေ
ညီ‌လေး‌ရေ…တည့်မတ်ကာ ‌ပြောင်းလဲပစ်လိုက်ကြပါစို့။

‌မေလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။