Home သတင်း နိုင်ငံ‌ရေးပါတီ‌ခေါင်း‌ဆောင်များနှင့် KNU ‌တွေ့ဆုံ‌ဆွေး‌နွေး

နိုင်ငံ‌ရေးပါတီ‌ခေါင်း‌ဆောင်များနှင့် KNU ‌တွေ့ဆုံ‌ဆွေး‌နွေး

1488
ဧပြီလ ၈ရက်၊ ၂၀၁၂။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)


ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးရန် ရန်ကုန်မြို့သို့ ‌ရောက်ရှိလာခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU သည် ယမန်‌နေ့ မွန်းလွဲ ၂နာရီခွဲ က နိုင်ငံ‌ရေးပါတီ ၂၄ပါတီမှ ‌ခေါင်း‌ဆောင်များနှင့် စီဒိုးနားဟိုတယ် (Sedona Hotel) တွင် ‌တွေ့ဆုံခဲ့သည်။

၎င်း‌တွေ့ဆုံမှုတွင် KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က KNU ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အဆင့်ဆင့်အ‌ပေါ် လက်ရှိ အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု အ‌ခြေအ‌နေများကို ပါတီ‌ခေါင်း‌ဆောင်များအား ရှင်းလင်း‌ပြောကြားခဲ့သည်။

အချိန် တစ်နာရီ‌ကျော် ကြာမြင့်သည့် KNU နှင့် နိုင်ငံ‌ရေးပါတီများ၏ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် တက်‌ရောက်လာသည့် နိုင်ငံ‌ရေးပါတီ‌ခေါင်း ‌ဆောင်များက ၎င်းတို့ရှင်းလင်းစွာ သိလိုသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၊ KNU အ‌ပေါ် အကြံပြုများနှင့် မိမိတို့ပါတီများ၏ အ‌ခြေအ‌နေများကိုလည်း ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ‌ပြောဆိုခဲ့ကြသည်။

ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးပါတီမှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဦးမျိုးညွှန့်က “”ငြိမ်းချမ်း‌ရေးမရှိရင် ဒီမိုက‌ရေစီ မထွန်းကားနိုင်ဘူး။ ဒီမိုက‌ရေစီမရှိရင်လည်း ငြိမ်းချမ်း‌ရေးမရနိုင်ဘူး။ ဒါ‌ကြောင့် ငြိမ်းချမ်း‌ရေးနဲ့ ဒီမိုက‌ရေစီဟာ ပိုက်ဆံပြားတစ်ခုရဲ့ ‌ခေါင်းနဲ့ပန်းလိုပဲလို့ အဲလိုပဲ သ‌ဘောထားပါတယ်။” ဟု ‌ပြောသည်။

ထို‌တွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်‌ခေါင်း‌ဆောင် ဦးခွန်ထွန်းဦး၊ စိုင်းမြင့်လွင်၊ ဒီမိုကရက်တစ် မြန်မာပါတီမှ ဦးသု‌ဝေ၊ ‌ဒေါ်သန်းသန်းနု၊ ညီညွှတ်‌ရေးနဲ့ငြိမ်းချမ်း‌ရေးပါတီက အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဦးမျိုးညွှန့်၊ တစည-တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီမှ ‌ခေါင်း‌ဆောင်များနှင့် အခြားဒီမိုက‌ရေစီပါတီများနှင့် တိုင်းရင်းသားပါ တီများမှ ‌ခေါင်း‌ဆောင်များလည်း ပါဝင်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ကရင်လူမှုအဖွဲ့အစည်းများမှ နိုင်ငံ‌ရေးပါတီ‌တွေအ‌နေနဲ့ ‌ကေအဲန် ယူဟာ ဘယ်လိုပြင်ဆင်မှု‌တွေရှိလဲ သိချင်ကြသလို စိုးရိမ်မှု‌တွေလည်း ရှိကြတာကို မြင်ရတယ်။ သူတို့‌တွေ အကြံပြုတာက ‌ကေအဲန်ယူတွင်းမှာဖြစ်‌စေ၊ ကရင်အချင်းချင်း ထဲမှာဖြစ်‌စေ အရင်စည်းလုံး‌အောင် လုပ်ပြီးမှ ငြိမ်းချမ်း ‌ရေးကို လုပ်‌ဆောင်သွား‌စေချင်တယ်လို့ အကြံပြုကြပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယမန်‌နေ့ ည‌နေပိုင်း ၅နာရီအချိန်တွင် ‌ကေအဲန်ယူ ကိုယ်စားလှယ်များသည် ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင်ရှိ Myanmar Baptist Convention – MBC ဘုရား‌ကျောင်းတွင် ကရင့်လူမှုအဖွဲ့အစည်းများနှင့် သွား‌ရောက်‌တွေ့ ဆုံခဲ့သည်။

‌တွေ့ဆုံပွဲ အခန်းအနားတွင် ကရင်လူမှုအဖွဲ့အစည်းဘက်မှ ‌ဒေါက်တာ စိုင်းမွန်သာ၊ ‌စော‌စေးဝါးညွန့်၊ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌စောထွန်း‌အောင်မြင့်၊ ‌ဒေါ်‌နော်အုန်းလှ အပါအဝင် လူ‌ပေါင်း ၂၀ဝခန့် တက်‌ရောက်ခဲ့သည်။

ကရင်အဖွဲ့အစည်းများနှင့် ‌တွေ့ဆုံမှုတွင် ရန်ကုန်ရှိ ကရင်လူထုက ငြိမ်းချမ်း‌ရေး အမှန်အကန် မဖြစ်မည်ကိုစိုးရိမ်သကဲ့ သို့ ဖြစ်‌မြောက်ပါက ကူညီပူး‌ပေါင်း လုပ်‌ဆောင်သွားမည်ဟုလည်း ‌ပြောဆို‌ဆွေး‌နွေးခဲ့ကြသည်။