Home သတင်း မြန်မာအစိုးရတပ်နှင့် ‌ကေအဲန်ယူ ပူး‌ပေါင်း‌ငွေ‌တောင်းခံဟု‌ဒေသခံ‌ပြော

မြန်မာအစိုးရတပ်နှင့် ‌ကေအဲန်ယူ ပူး‌ပေါင်း‌ငွေ‌တောင်းခံဟု‌ဒေသခံ‌ပြော

2087
ဧပြီလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း၊ ‌မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်‌ကျေးနယ်အုပ်စုအတွင်း လှုပ်ရှား‌နေသည့် မြန်မာစစ်တပ်နှင့် ‌ကေအဲန်ယူ တပ်မဟာ(၄) ‌အောက်‌ခြေ တပ်ဖွဲ့ဝင်တို့ ပူး‌ပေါင်းကာ ဧပြီလ၁ရက်‌နေ့မှစ၍ ‌ငွေ‌ကြေးများ ‌နေ့စဉ် ‌ကောက် ခံ‌နေသည်ဟု ‌ဒေသခံများက ‌ပြောသည်။

မြန်မာအစိုးရတပ် ‌ရှေ့တန်း စစ်ဆင်‌ရေးကွပ်ကဲ‌ရေးဌာနချုပ်(၈) လက်‌အောက်ခံ နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးကြည်စိုး ဦး‌ဆောင်သည့် ခမရ(၄၁၀)သည် ထို‌ဒေသရှိ ဝါး‌တောရွာတွင် စစ်တပ်ဂိတ်ဖွင့်ကာ သွားလာ‌နေသူများကို ‌မေးမြန်းစစ်‌ဆေးခြင်းအပြင် တစ်ဦးလျှင် ထိုင်း ဘတ်‌ငွေ ၂၀ဝနှုန်းဖြင့် ‌ကောက်ခံပြီး ရရှိသည့်‌ငွေများကို ‌ကေအဲန်ယူတပ်ဖွဲ့ထံ မျှ‌ဝေ‌ပေး‌နေ‌ကြောင်း ‌ဒေသတွင်း သွားလာ‌နေသည့် ကုန် သည်တစ်ဦးက ‌ပြောသည်။

သူက “ဝါး‌တောရွာဂိတ်ကို ဖြတ်သွားတဲ့လူ‌တွေ ဂိတ်‌ကြေး ‌ပေးရတယ်။ အဲလို ‌တောင်းတဲ့အခါကျ‌တော့ သွားလာတဲ့သူ‌တွေက အခက်အခဲ ရှိ‌ပေမယ့် မသွားလာလည်း မရတဲ့အခါကျ‌တော့ သွားရတာပဲ။ ‌ကောက်လို့ရတဲ့‌ငွေကို ‌ကေအဲန်ယူကို မျှ‌ဝေ‌ပေးတယ်လို့ သိရတယ်။ ဘယ် ‌လောက်လဲ‌တော့ မသိဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဂိတ်ကို တစ်ရက်လျှင် ဖြတ်သန်းသွားလာသူ ‌ဒေသခံ အပါအဝင် ခရီးသည် ၁၀ဝ ဝန်းကျင်ရှိသလို ဆင်ဖြူတိုင်‌ကျေးရွာအုပ်စုတွင် ‌ကေအဲန်ယူ လက်‌အောက်ခံ ဗိုလ်‌မောင်ကြည် ဦး‌ဆောင်သည့် အင်အား ၂ဝခန့်ရှိ တပ်ဖွဲ့တစ်ဖွဲ့ လှုပ်ရှားလျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ထို့အပြင် အဆိုပါအစိုးရတပ်များသည် နယ်‌မြေခံ ‌ကေအဲန်ယူအဖွဲ့နှင့် ပူး‌ပေါင်းကာ သစ်‌တောထွက်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ခိုးထုတ် ‌ရောင်းချ‌နေပြီး ထိုသို့လုပ်‌ဆောင်မှုကို ‌ကေအဲန်ယူအထက်ပိုင်းသို့ တင်ပြခြင်းမရှိ‌ကြောင်း ‌ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

၎င်းဝါး‌တောရွာဂိတ် ‌ငွေ‌ကြေး‌ကောက်ခံမှုနှင့် ပတ်သက်၍ ‌ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းအား ‌ကေအိုင်စီ က ယ‌နေ့ ‌မေးမြန်းရာ တစုံတရာ မကြားသိရ‌သေး‌ကြောင်း တုန့်ပြန်‌ပြောဆိုခဲ့သည်။

ဝါး‌တောရွာသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ‌ဘောတီ‌ကျေးရွာနှင့် ၂မိုင်‌ကျော် ကွာ‌ဝေးပြီး အမိုရွာနှင့် ဆင်ဖြူတိုင်ရွာအ ကြားတွင် တည်ရှိသည်။ ဆင်ဖြူတိုင်‌ကျေးနယ်အုပ်စုရှိ ‌ဒေသခံများသည် အများအားဖြင့် ‌တောင်ယာ၊ လယ်ယာနှင့် သစ်လုပ်ငန်းများကို အသက်‌မွေးဝမ်း‌ကျောင်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။

မြန်မာအစိုးရနှင့် ‌ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူမှု ရရှိပြီး‌နောက်ပိုင်း တနသင်္ာရီတိုင်းအတွင်း အစိုးရတပ်နှင့် ‌ကေအဲန်ယူ ‌အောက်‌ခြေတပ်တို့ လူထုထံ ‌ငွေ‌ကြေး‌ကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။