Home သတင်း ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးရန် ‌ဒေသခံလူထုနှင့် KNPP ‌တွေ့ဆုံ‌ဆွေး‌နွေးမည်

ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးရန် ‌ဒေသခံလူထုနှင့် KNPP ‌တွေ့ဆုံ‌ဆွေး‌နွေးမည်

1495
ဧပြီလ ၁၈ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


အစိုးရနှင့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲတွင် ပြည်သူလူထု၏ လိုအပ်ချက်များကို ထည့်သွင်းနိုင်ရန် ကရင်နီအမျိုးသားတိုး တက်‌ရေးပါတီ(KNPP)က ကယားပြည်နယ်ရှိ ‌ဒေသခံများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

“ပြည်နယ်အဆင့်ပြီးရင် ပြည်‌ထောင်စုအဆင့် သွားဖို့ရှိတဲ့အတွက်‌ကြောင့် အဲဒီအဆင့်မသွားခင် လူထု‌တွေဘက်က ဘာ‌တွေ ‌တောင်းဆို ချင်တာရှိလဲ ဆိုတာကို ကျ‌နော်တို့ သွား‌ရောက်ကြားနာတဲ့အ‌နေနဲ့ သွား‌တွေ့မှာပါ”ဟု KNPP မှ အတွင်း‌ရေးမှူး ခူးဦးရယ်က ‌ပြောသည်။

KNPP မှ အတွင်း‌ရေးမှူး(၂) ဦး‌အောင်ဆန်းမြင့် ဦး‌ဆောင်ပြီး ဗဟို‌ကော်မတီဝင်များ၊ ကရင်နီလူငယ်အမျိုးသမီးများ ပါဝင်သည့် ကိုယ်စား လှယ် ၃၆ဦးသည့် ယ‌နေ့ နံနက် ၆နာရီတွင် ထိုင်း-မြန်မာနယ်စပ်မှ ခရီး စတင် ထွက်ခွာသွားကြသည် ဟု သိရသည်။

ထိုကိုယ်စားလှယ်အဖွဲ့သည် အုပ်စု ၃စုခွဲကာ လွိုင်‌ကော်၊ ရှား‌တော၊ ဒီး‌မော့ဆို၊ ဖရူဆို၊ ‌ဘောလခဲ၊ ဖာ‌ဆောင်နှင့် မယ်စဲမြို့နယ်များရှိ ‌ဒေသခံ ပြည်သူများနှင့် သီတင်း ၂ပတ်ကြာ ‌တွေ့ဆုံကာ အစိုးရနှင့် ပြည်နယ်အဆင့်သ‌ဘောတူညီခဲ့သည့် အချက်အလက်များကို ရှင်း လင်း‌ပြောကြားသွားမည်ဟု ခူးဦးရယ်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့အဓိက ရည်ရွယ်ချက်က‌တော့ လွန်ခဲ့တဲ့လတုန်းက ပြည်နယ်အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့တဲ့ အ‌ခြေအ‌နေ‌တွေကို ချပြ မယ်။ ပြည်နယ်အဆင့် သ‌ဘောတူညီချက်နဲ့ ပတ်သက်တာ‌တွေ လူထုသတင်း အမှန်အကုန်ရ‌အောင် ချပြတဲ့သ‌ဘောပါ”ဟု ‌ပြောသည်။

သတ်မှတ်ထားသည့် မြို့နယ်ရှိ ‌ဒေသခံများနှင့် သွား‌ရောက်‌တွေ့ဆုံပြီး ကိုယ်စားလှယ်များ ပြန်လည်‌တွေ့ဆုံကာ ဧပြီလကုန်ခန့်တွင် ဌာန ဆိုင်ရာ ‌နေရာများသို့ ပြန်လည်‌ရောက်ရှိကြမည် ဖြစ်သည်။

မတ်လ ၇ရက်‌နေ့က အစိုးရနှင့် KNPP တို့သည် ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာ ကန္တာရဝတီခန်းမတွင် ဆက်ဆံ ‌ရေးစခန်းများကို နှစ်ဖက် သ‌ဘောတူသည့်‌နေရာတွင် (လက်နက်မပါ)ထားရှိ‌ရေးအပြင် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများ ဆက်လက် လုပ်‌ဆောင်သွားရန်စသည့် သ‌ဘောတူညီချက်များ ပါဝင်သည့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေးကို ပဏာမ လက်မှတ် ‌ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ထို့အပြင် ပြည်တွင်းစစ်ဆင်‌ရေးများ အားလုံးရပ်ဆိုင်းရန်၊ ကရင်နီပြည်နယ်အတွင်း အစိုးရ တပ်စခန်းများ ထပ်မံတိုးချဲ့ခြင်းမလုပ်ရန်၊ စစ် ‌ရေး‌လေ့ကျင့်မှုများနှင့် ‌ကျောင်း(စစ်‌ရေး‌လေ့ကျင့်‌ရေး‌ကျောင်း) တည်‌ဆောက်မှုများရပ်တန့်ရန်နှင့် တခြားတိုင်းရင်းသား‌ဒေသများတွင် ဖြစ် ‌ပေါ်‌နေသည့် စစ်‌ရေးတိုက်ခိုက်မှုများ တချိန်တည်း ရပ်ဆိုင်း‌ကြောင်း ‌ကြေညာချက်ထုတ်ပြန်ရန် စသည့်အချက် ၂ဝပါ KNPP ၏ တင်ပြ ချက်ကို အစိုးရဘက်က မူအားဖြင့်သာ သ‌ဘောတူညီခဲ့သည်။

ခူးဦးရယ်က “သ‌ဘောတူလက်မှတ်‌ရေးထိုးပြီးကတည်းက ဒီ‌နေ့အထိ တစ်စုံတစ်ရာ ပြဿနာ မရှိဘူး။ အစိုးရတပ်စခန်းများ တရားဝင် ရုတ်သိမ်းခြင်းမျိုး မရှိ‌သေးဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ရရှိထားတဲ့ သ‌ဘောတူညီချက်‌တွေထဲမှာ အဲဒီအချက်က တရားဝင် သ‌ဘောတူခဲ့တာ မဟုတ်ဘူး။ တိုက်ပွဲ‌တွေ မဖြစ်ပွား‌အောင်‌တော့ ဆက်ထိန်းမယ်လို့ သ‌ဘောတူညီထားတဲ့အတွက် တိုက်ပွဲ မဖြစ်‌တော့ ဘူး။”ဟု ‌ပြောသည်။

ယခုလပိုင်းအတွင်း KNPP နှင့် အစိုးရ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စား လှယ်အဖွဲ့ အကြို‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ပြီး‌သော်လည်း ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲအတွက် ‌နေရာနှင့် ‌နေ့ရက် အတိအကျကို ထပ်မံ ‌ဆွေး‌နွေးသွားမည် ဖြစ်သည်။

KNPP နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ၁၉၉၅ခုနှစ်၊ မတ်လ ၂၁ရက်‌နေ့တွင် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူခဲ့ကြပြီး သုံးလကြာမြင့် သည့် ဇွန်လ ၂၉ရက်‌နေ့တွင် ပြန်လည် ပျက်ပြားသည်။