Home သတင်း ပြည်‌ထောင်စုအဆင့်‌ကေအဲန်ယူနှင့်မြန် မာအစိုးရတို့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ပြီးစီး

ပြည်‌ထောင်စုအဆင့်‌ကေအဲန်ယူနှင့်မြန် မာအစိုးရတို့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ပြီးစီး

1785
ဧပြီလ ၆ရက်။ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်း‌ရေး ဆက်လက်‌ဖော်‌ဆောင်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များအား ယ‌နေ့ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ‌တွေ့ဆုံ‌ဆွေး ‌နွေးပြီး ‌ဆွေး‌နွေးချက်များအ‌ပေါ် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့သည်။

ယ‌နေ့‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူဘက်မှ ‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော ကိုယ်စားလှယ် ၁၄ဦးနှင့် အစိုးရဘက်မှ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်‌သော ပြည်‌ထောင်စုဝန်ကြီး ၇ဦးအပါ အဝင် အဖွဲ့ဝင် ၁၉ဦးတို့သည် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအတွက် အဓိကကျသည့် အချက်များဖြစ်ကြ သည့် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်း‌ရေ အထူးသဖြင့် တိုင်းရင်းသား‌ဒေသများတွင် စစ်ပွဲများ ရပ်စဲ‌ပေးရန်၊ ‌ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများအဖြစ် ဘဝရပ်တည်နိုင်‌ရေး အာမခံရန်၊ ပြည်သူပြည်သားများအတွင်း ယုံကြည်မှူတည်‌ဆောက်ရန်၊ အတင်းအဓမ္မလုပ်အားခိုင်း‌စေခြင်း၊ ပုံစံအမျိုး မျိုးဖြင့် ‌ငွေ‌ကြေး‌တောင်းခံခြင်း၊ ‌ပေးကမ်းလှူဒါန်းခိုင်းခြင်းများကို မပြုလုပ်ရန်၊ အကျဉ်းသားများကို လွတ်‌ပေး ရန်နှင့် ပြည်သူပြည်သားများ၏ ‌မြေယာကိစ္စများကို ‌ဖြေရှင်း‌ပေး ရန်နှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွက် ‌စောင့်ကြည့်စစ်‌ဆေးခြင်းနှင့်အတူ အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန် သည့်အစီအစဉ်များကို စတင်ရန် စသည့် အချက် ၆ချက်ကို အပြန်အလှန်‌ဆွေး‌နွေးခဲ့ကြသည်။

ထို‌ဆွေး‌နွေးချက်များအ‌ပေါ် နှစ်ဦးနှစ်ဖက်မှ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်များသည် ငြိမ်းချမ်းဖြစ်စဉ်အတွက် အ‌ကောင်အထည်‌ဖော် လိုက်နာရန် ဆုံးဖြတ်ချက် ၁၃ချက် ချမှတ်ကာ အစည်းအ‌ဝေး မှတ်တမ်းအရ သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့ကြသည်ဟု သိရသည်။

ထိုသ‌ဘောတူ ဆုံးဖြတ်ချက် ၁၃ချက်တွင် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲ‌ရေး ‌ပေါ်ထွက်လာ ရန်အတွက် တဆင့်ပြီးဆင့် တိုးတက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားရန်၊ အပစ်အခတ် ရပ်စဲ‌ရေး ဆိုင်ရာ စစ်စည်းကမ်းများ(code of conduct)ကို နှစ်ဦးနှစ်ဖက်လိုက်နာကြရန်၊ ပြည်တွင်း ဌာ‌နေမဲ့ ပြည်သူ လူထု(အိုင်ဒီပီ)များ ပြန်လည် အ‌ခြေချနိုင်ရန်အတွက် လိုအပ်သည့် အစီအစဉ်များ ‌ဆောင်ရွက်ကြရန်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပူး‌ပေါင်းပါဝင်ရန်၊ အကျဉ်းသားများကို လွတ်‌ပေးဖို့၊ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်အစီအစဉ်များကို ကြည့်ရှုစစ်‌ဆေးဖို့အတွက် နှစ်ဦးနှစ်ဖက် သ‌ဘောတူသည့် ကိုယ်စားလှယ် အမည်များကို ‌မေလကုန်တွင် စာရင်းတင်ရန် စသည့်အချက်အလက်များ ပါဝင်‌ကြောင်း သိရသည်။

အဆိုပါ သ‌ဘောတူဆုံးဖြတ်ချက်များကို သ‌ဘောတူ‌ကြောင်း မြန်မာအစိုးရဘက်မှ ရထားပို့‌ဆောင်‌ရေး ဝန်ကြီး ဦး‌အောင်မင်း၊ စက်မှုဝန်ကြီး ဦး‌စောသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်‌တောဝန်ကြီး ဦးဝင်းထွန်း၊ ပြည်‌ထောင်စုအဆင့် ဒုနယ်စပ်‌ရေးရာ ဝန်ကြီး ဦး‌ဇော်ဝင်း၊ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီ၊ စွမ်းအင်ဝန်ကြီး ဦးသန်း‌ဌေးနှင့် ကရင်ပြည်နယ် ဝန်ကြီး ဦ‌ဇော်မင်းတို့နှင့် ‌ကေအဲန်ယူဘက်မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး၊ ပဒို ‌ရောဂျာခင်၊ ပဒို‌စောအားတိုး၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စော‌ရွှေ‌မောင်းတို့က လက်မှတ် ‌ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးပွဲကျင်းပပြီး‌နောက် ည‌နေ ၇နာရီအချိန်တွင် သတင်းစာရှင်းပွဲ (Media conference) ကျင်းပခဲ့ကာ သတင်းဌာန‌ပေါင်း ၈ဝခန့် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။