Home သတင်း ပြည်သူလူထု၏ ပဲ့တင်သံများကို လွှတ်‌တော်တွင် တင်ပြသွားမည်ဟု မန်း‌ဂျော်နီ ‌ပြောဆို

ပြည်သူလူထု၏ ပဲ့တင်သံများကို လွှတ်‌တော်တွင် တင်ပြသွားမည်ဟု မန်း‌ဂျော်နီ ‌ပြောဆို

1574
ဧပြီလ ၁၉ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ဧရာဝတီတိုင်း၊ ‌မြောင်းမြမြို့နယ် မဲဆန္ဒနယ်မှ ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိသွား‌သော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)၏ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် မန်း‌ဂျော်နီသည် ပြည်သူလူထုနှင့် ယုံကြည်မှု တည်‌ဆောက်ပြီး ‌ဒေသခံများ လူထုထံမှလာမည့် ပဲ့တင် သံများကို လွှတ်‌တော်ထဲတွင် အဓိကထား တင်ပြသွားမည်ဟု ဆိုသည်။

“ပြည်သူ‌တွေရဲ့ဆန္ဒ၊ သ‌ဘော‌တွေက‌နေ တုန့်ပြန်မှု‌တွေ၊ သူတို့လိုချင်တာ ဘာ‌တွေလဲဆိုတာကို သူတို့ရဲ့ ပဲ့တင်သံကိုပဲ လွှတ်‌တော်မှာ တင်သွင်းမှာပါ။ အဲဒီအတွက် ယုံယုံကြည်ကြည်နဲ့ ခိုင်းပါ။ ခိုင်းတာကိုလည်း တာဝန်‌ကျေ‌ကျေနဲ့ လုပ်‌ပေးမယ်။ ‌နောက်ပြီး တစ်‌ယောက်နဲ့ တစ်‌ယောက် ယုံကြည်ဖို့ ‌မြောင်းမြနယ်သားအားလုံးကို ‌ပြောချင်ပါတယ်။”ဟု ‌ပြောသည်။

ယ‌နေ့ NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် အစည်းအ‌ဝေးသို့ ‌မြောင်းမြနယ်၏ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးအ‌နေဖြင့် တက် ‌ရောက်ခဲ့ပြီး အဖွဲ့ချုပ်မှ ဆုံးဖြတ်သည့်အတိုင်း ဧပြီလ ၂၃ရက်‌နေ့တွင် ပြည်သူ့လွှတ်‌တော် အစည်းအ‌ဝေးသို့ တက်‌ရောက်ဖြစ်မဖြစ်ကို သိရမည်ဖြစ်‌ကြောင်းလည်း မန်း‌ဂျော်နီက ‌ပြောသည်။

“လွှတ်‌တော်တက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး‌တော့ နဲနဲအ‌တွေ့အကြုံရှိ‌အောင် ‌ဆွေး‌နွေးကြမယ်လို့‌ပြောပါတယ်။ ဒါ‌ပေမယ့်ကြားမှာ တစ်ခုခု ကြားနိုင်တာ‌ပေါ့။ အ‌ခြေခံဥပ‌ဒေကို ထိန်းသိန်းကာကွယ်‌စောင့်‌ရှောက်ပြီး ‌လေးစားလိုက်နာမည်ဆိုတဲ့ အချက် ၂ချက်က နည်းနည်း ပြဿ နာတက်မယ်။”ဟု ၎င်းက ‌ကေအိုင်စီကို ‌ပြောသည်။

လာမည့် ဧပြီလ ၂၃ရက်‌နေ့တွင် ကျင်းပမည့် လွှတ်‌တော်အစည်းအ‌ဝေးသို့ NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည် တက်‌ရောက်မည်ဖြစ်ပြီး ထိုသို့ တက်‌ရောက်ရန် သက်ဆိုင်ရာမှ တရားဝင် ဖိတ်ကြားစာ ရရှိထားပြီးဖြစ်‌ကြောင်း NLD ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ‌ပြောကြား သည်ဟု AP သတင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ‌ဖော်ပြခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ‌ဒေသခံပြည်သူများဘက်မှ လွှတ်‌တော်ထဲတွင် တင်ပြ‌စေချင်သည့် အ‌ကြောင်းအရာများကို မှန်မှန်ကန်ကန်နှင့် တိတိ ကျကျ စစ်‌ဆေးမှုများ ပြုလုပ်ထားကြရန် ပထမဦးစွာ လမ်းညွှန်‌ပြောကြားထား‌ကြောင်း၊ အခွင့်အ‌ရေးရှိပါက ကရင်ပြည်နယ်ရှိ ကရင်လူမျိုး တို့၏ အကျိုးကိုလည်း ကရင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း မန်း‌ဂျော်နီက ‌ပြောသည်။

“ကရင်ဖြစ်တဲ့အတွက်‌ကြောင့် ကရင်ပြည်သူလူထုအ‌ရေးကိုလည်း တက်တက်ကြွကြွ ပါဝင် လုပ်‌ဆောင်သွားမယ်”ဟု ဆိုသည်။

ထို့အပြင် အစိုးရနှင့် KNU ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌နေမှုများသည် လက်နက်ကိုင်‌ဖြေရှင်းသည့်နည်းထက် ‌ကောင်းမွန်ပြီး နှစ်ဖက်အ ပြန်အလှန် သ‌ဘောတူညီမှုများကို လိုက်နာလျှင် ငြိမ်းချမ်း‌ရေးလမ်းစဉ်သည် ‌အောင်မြင်လိမ့်မည်ဟု ယုံကြည်‌ကြောင်း မန်း‌ဂျော်နီက ဆက် ‌ပြောသည်။

မန်း‌ဂျော်နီသည် ၁၉၄၂ခုနှစ်၊ ဇန်နဝါရီလ ၃ဝရက်‌နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်အ‌ရှေ့မြို့နယ်၊ ဆင်‌ဂေါင်းကြီး‌ကျေးရွာတွင် လယ်သမားကြီး ဦး‌ကျော်ဦးနှင့် ‌ဒေါ်‌ခြောက်တို့မှ ‌မွေးဖွားခဲ့သည်။ မူလတန်းပညာကို ပုသိမ်မြို့ St. Joseph’s Convent တွင် သင်ယူခဲ့ သည်။ အလယ်တန်းပညာကို ရန်ကုန်မြို့ St.Pual ‌ကျောင်းတွင် သင်ကြားခဲ့ပြီး အလယ်တန်းနှင့် အထက်တန်း (Matriculation) ပညာကို ပုသိမ်မြို့ Catholic Boy’s Center School, Mayamchaung တွင် သင်ကြား‌အောင်မြင်ခဲ့သည်။ ထို့‌နောက် B.A ဘွဲ့ကို ရန်ကုန် တက္က သိုလ်မှလည်း‌ကောင်း၊ Dip in Education ဒီပလိုမာကို ရန်ကုန်ပညာ‌ရေးတက္ကသိုလ်မှလည်း‌ကောင်း ဆက်လက် ဆည်းပူးခဲ့သည်။

၁၉၉ဝပြည့်နှစ်၊ ပါတီစုံဒီမိုက‌ရေစီ ‌ရွေး‌ကောက်ပွဲတွင် ကျုံ‌ပျော်မြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ‌လောင်းအဖြစ် ‌ရွေး‌ကောက်ခြင်းခံခဲ့ရသူလည်း ဖြစ်သည်။

ဧပြီလ ၁ရက်‌နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ် ၄၅‌နေရာအနက် NLD မှ ၄၄‌နေရာ ဝင်‌ရောက်ယှဉ် ပြိုင်ခဲ့ရာ ၄၃‌နေရာ အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်း၊ ‌မြောင်းမြမြို့ မဲဆန္ဒနယ်တွင် မန်း‌ဂျော်နီက ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။