Home သတင်း ‌မြောင်းမြတွင် မန်း‌ဂျော်နီအား မဲထည့်သူများပြား

‌မြောင်းမြတွင် မန်း‌ဂျော်နီအား မဲထည့်သူများပြား

1781
ဧပြီလ ၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ဧရာဝတီတိုင်း၊ ‌မြောင်းမြမြို့ရှိ ရှမ်း‌ရေ‌ကျော်‌ကျေးရွာတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်‌လောင်း မန်း‌ဂျော်နီအား မဲထည့်ခဲ့သူများ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

“ကျ‌နော်တို့က သူလုပ်‌ပေးနိုင်တဲ့စွမ်းအားရှိတယ်လို့ ယုံကြည်ပြီး မဲထည့်ကြတာပါ”ဟု ရှမ်း‌ရေ‌ကျော်ရွာသား ကိုဝင်း‌အောင်က ‌ပြောသည်။

ယခုအချိန်ထိ မဲထည့်သူရွာသားအများစုမှာ မန်း‌ဂျော်နီကိုသာ ထည့်ကြသည်ဟု မဲသွားထည့်ပြီး ပြန်လာခဲ့သည့် ‌နောက်ထပ် ‌ဒေသခံတစ် ဦးက ‌ပြောသည်။

“ခွပ်‌ဒေါင်းပဲ ထည့်လိုက်တယ်။ ကျ‌နော်‌ရော တစ်ရွာလုံးက သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို သ‌ဘောကျလို့‌လေ”ဟု အဆိုုပါ မဲထည့်ခဲ့သူက ‌ပြောသည်။

ရှမ်း‌ရေ‌ကျော်‌ကျေးရွာတွင် မန်း‌ဂျော်နီ စည်းရုံး‌ရေးခရီးဆင်းခဲ့စဉ်က ရွာရှိလုပ်သားပြည်သူများနှင့် စု‌ပေါင်းပြီး လုပ်စရာရှိသည့် လုပ်ငန်းများ ကို ညီညီညွှတ်ညွှတ် လုပ်ကိုင်သွားချင်သည်ဟု စည်းရုံး‌ဟော‌ပြောခဲ့‌ကြောင်း ကိုဝင်း‌အောင်က ‌ပြောသည်။

“ကျ‌နော်တို့ရွာက ‌တောရွာ‌လေးဖြစ်တဲ့အတွက် လမ်း‌တွေ၊ တံတား‌တွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း‌ကျောင်း‌တွေ ရှိချင်တယ်။ ဒါ‌တွေ ရှိလာဖို့လည်း ‌မျှော်လင့်တာ‌ပေါ့ဗျာ”ဟု ကိုဝင်း‌အောင် ‌ပြောသည်။

‌မြောင်းမြမြို့နယ် ရှမ်း‌ရေ‌ကျော်‌ကျေးရွာတွင် ယ‌နေ့ မြန်မာစံ‌တော်ချိန် မွန်းလွဲ ၂နာရီအချိန်အထိ မဲထည့်‌နေကြဆဲဖြစ်‌ကြောင်း သိရသည်။

‌မြောင်းမြမဲဆန္ဒနယ်တွင် မဲရုံ‌ပေါင်း (၂၇၇)ရုံရှိပြီး မဲ‌ပေးနိုင်သူဦး‌ရေ တစ်သိန်းရှစ်‌သောင်း‌ကျော်ရှိကာ မဲဆန္ဒရှင်များအနက် ထက်ဝက်ခန့်မှာ ကရင်လူမျိုးများ ဖြစ်သည်။

‌မြောင်းမြမြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်တွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ‌ဒေါက်တာဖြိုးကိုကိုတင့်ဆန်း အပါအ ဝင် NLD က မန်း‌ဂျော်နီနှင့် အမျိုးသားဒီမိုက‌ရေစီ အင်အားစုပါတီက ဦး‌အောင်မျိုးလှိုင်တို့ ဝင်‌ရောက်ယှဉ်ပြိုင်‌နေကြသည်။