Home သတင်း ‌တောင်ယာသွားချိန် လက်နက်ကြီးအပစ်ခံရ

‌တောင်ယာသွားချိန် လက်နက်ကြီးအပစ်ခံရ

1655
ဧပြီလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်တွင် အစိုးရတပ်မှ ရွာသားများကို ဧပြီလ ၆ရက်‌နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဖြစ်ခဲ့သည်။

ထိုပစ်ခတ်မှုမှာ လူ‌သောမြို့နယ်၊ နယ်ကြိုးရွာ ဖွ‌ဂေါ်စခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာသားများ ထိခိုက်မှုရှိမရှိကိုမူ ‌ကေအိုင်စီမှ ဆက်လက် စုံစမ်း‌နေဆဲဖြစ်သည်။

၎င်းအပြင် အစိုးရတပ်များသည် အချို့‌ဒေသတွင် သတ်မှတ်ထားသည့် နယ်‌မြေ‌ကျော်လွန်ကာ သွားလာခြင်း‌ကြောင့် ‌မြေမြှုပ်မိုင်းများ နင်းမိကာ ‌ပေါက်ကွဲမှုများ ဖြစ်‌ပေါ်ခဲ့‌သော်လည်း ဖြစ်ပွားမှု များပြားခြင်း မရှိ‌ပေ။