Home သတင်း ‌ငွေ‌တောင်းခံသည့်ဂိတ်များကိုမြန်မာ စစ်တပ် ရုပ်သိမ်း

‌ငွေ‌တောင်းခံသည့်ဂိတ်များကိုမြန်မာ စစ်တပ် ရုပ်သိမ်း

1860
ဧပြီ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


တနသင်္ာရီတိုင်း၊ ‌မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင် ‌ကျေးနယ်အုပ်စုအတွင်း သွားလာ‌နေသည့် ‌ဒေသခံများကို ‌ငွေ‌တောင်းခံရန် ဖွင့်ထားသည့် ‌ဘောတီ၊ အိုင်ဝိုင်၊ ဝါး‌တော၊ ဆိုင်ဖြူတိုင် ဂိတ်သစ်များကို မြန်မာစစ်တပ်မှ ပြီးခဲ့သည့်အပတ်က ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက “သူတို့(မြန်မာအစိုးရ)က ဂိတ်‌တွေ ဖြုတ်လိုက်ပြီ။ သတင်းထွက်‌ပေါ်ပြီး ၃ရက်၊ ၄ရက်မှာပဲ မြန်မာစစ် တပ်ရဲ့ အထက်လူကြီး‌တွေက ပုလိပ်(ရဲ)‌တွေကို လွှတ်လိုက်ပြီး အဲဒီဂိတ်‌တွေကို လာစစ်ပြီး ချက်ချင်းဖြုတ်ခိုင်းတယ်။ ဒါ‌ကြောင့် အဲဒီဂိတ် ‌တွေ မရှိ‌တော့ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အသစ်တည်‌ဆောက်ပြီး ‌ငွေ‌တောင်းခံခဲ့သည့် ထိုဂိတ်ရှိ အချို့တဲများကိုလည်း မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သူက ဆက်‌ပြော သည်။

ဧပြီလ ၁ရက်‌နေ့မှစ၍ မြန်မာစစ်တပ် ‌ရှေ့တန်း စစ်ဆင်‌ရေးကွပ်ကဲ‌ရေးဌာနချုပ်(၈) လက်‌အောက်ခံ နည်းဗျူဟာ (၁)မှူး ဗိုလ်မှူးကြီးကြည် စိုး ဦး‌ဆောင်သည့် ခမရ(၄၁၀)သည် သွားလာ‌နေသည့် ‌ဒေသခံလူထုထံမှ ‌ငွေ‌ကြေးများ ‌ကောက်ခံပြီး ‌ကေအဲန်ယူ၊ တပ်မဟာ(၄) တပ်ဖွဲ့ ကို မျှ‌ဝေ‌ပေးလျှက်ရှိသည်ဟု သတင်းထွက်‌ပေါ်ပြီး‌နောက် ယခုလို ဂိတ်ရုပ်သိမ်းမှု လုပ်‌ဆောင်လိုက်ခြင်း ဖြစ်သည်။

၎င်းလမ်း‌ကြောတွင် ပုံမှန်သွားလာသူ ကုန်သည်တစ်ဦးက “အခု‌တော့ သွားလာရတာ လွတ်လပ်သွားတယ်။ စစ်‌ဆေး‌မေးမြန်းတာ‌တွေ လည်း မရှိ‌တော့ဘူး။ ဒီလို ဂိတ်‌တွေကို ပြန်ရုပ်သိမ်းလိုက်‌တော့ ဝမ်းသာတယ်။”ဟု ‌ပြောဆိုသည်။

မြန်မာစစ်တပ်ဘက်မှ ရုပ်သိမ်းလိုက်သည့် အဆိုပါဂိတ်များ ဖွင့်ထားစဉ်က ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ‌ဘောတီ ‌ကျေးရွာနှင့် မြန်မာပြည်ဘက်ခြမ်းရှိ ဖြတ်သန်းသွားလာ‌နေသည့် ‌ဒေသခံနှင့် လူထုများကို တစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၂၀ဝနှုန်းဖြင့် ‌ငွေ ‌ကြေး‌ကောက်ခံခဲ့သည်။ ‌ဘောတီရွာသည် ထိုင်းဘက်နှင့် မြန်မာဘက်ဟူ၍ နှစ်ခြမ်းတည်ရှိသည်။