Home သတင်း ‌ကော့မှူးရှိ ပြည်‌တော်သာမဲရုံမှ ဖ‌ယောင်းသုတ်မဲ လဲလှယ်ခွင့်မရ

‌ကော့မှူးရှိ ပြည်‌တော်သာမဲရုံမှ ဖ‌ယောင်းသုတ်မဲ လဲလှယ်ခွင့်မရ

1694
ဧပြီလ ၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

‌ကော့မှူးမြို့နယ် ပြည်‌တော်သာမဲရုံ ၁တွင် မဲပြား‌ပေါ်တွင် ဖ‌ယောင်းသုတ်ထားသဖြင့် မဲဆန္ဒရှင်မှ လဲလှယ်‌ပေးရန် ‌တောင်းဆိုမှုကို သက် ဆိုင်ရာမှ ငြင်းပယ်လိုက်‌ကြောင်း သိရသည်။

“ဖ‌ယောင်းသုတ်ထား‌တော့ မှင်မထင်ဘူး။ ထင်‌အောင်ထပ်ခြစ်‌တော့ နှစ်‌ကြောင်း ဖြစ်တယ်။ ပယ်မဲဖြစ်မှာစိုးလို့ ‌ကော်မရှင်ကို လက်မှတ်လဲ ခိုင်း‌တော့ မလဲ‌ပေးနိုင်ဘူးလို့ ‌ပြောတယ်။ အဲဒါနဲ့ ဒီအတိုင်း ထည့်ခဲ့ရတယ်”ဟု မဲဆန္ဒရှင် ‌ဒေါ်ကြည်‌အေးမှ‌ပြော‌ကြောင်း ပြည်တွင်း YPI သတင်း‌ထောက်တစ်ဦးက ‌ပြောသည်။

ထိုသို့ ငြင်းပယ်လိုက်သူများမှာ ပြည်‌တော်သာမဲရုံ ၁မှ မဲရုံမှူး ‌ဒေါ်‌အေး‌အေးလှိုင်နှင့် ရပ်ကွက်‌ကော်မရှင် ဦးမျိုးသန့်တို့ဖြစ်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

‌ကော့မှူးမြို့နယ်ရှိ ပြည်‌တော်သာရပ်ကွက်တွင် မဲရုံ(၁)ရုံသာ ရှိသည်။

၎င်းမဲရုံတွင် ‌လေ့လာ‌စောင့်ကြည့်သူများနှင့် နိုင်ငံတကာသတင်း‌ထောက်များ ရှိ‌နေပြီး ထိုသို့ မဲပြားတွင် ဖ‌ယောင်းသုတ်ထားခြင်း ရှိမရှိကို အာဆီယံအဖွဲ့မှ သွား‌ရောက်စစ်‌နေကြာင်း သိရသည်။