Home သတင်း ‌ကေအဲန်ယူကိုယ်စားလှယ် အချို့နှင့် နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန် ‌နေပြည်‌တော်တွင်‌တွေ့ဆုံ

‌ကေအဲန်ယူကိုယ်စားလှယ် အချို့နှင့် နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန် ‌နေပြည်‌တော်တွင်‌တွေ့ဆုံ

1605
ဧပြီလ ၇ရက်။ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် ငြိမ်းချမ်း ‌ရေးကိုယ်စားလှယ်အဖွဲ့ဝင်အချို့သည် ယ‌နေ့ ‌နေ့လည် ၁၁နာရီမှ ၁၁နာရီခွဲအချိန်တွင် မြန်မာနိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်နှင့် ‌နေပြည်‌တော်တွင် ‌တွေ့ဆုံခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူဘက်မှ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး၊ ဗိုလ်မှူး ထူးထူး‌လေး စသည့် ကိုယ်စားလှယ် ၇ဦးသည် သမ္မတ ဦးသိန်းစိန်နှင့် ‌တွေ့ဆုံခဲ့ရာတွင် ပြည်တွင်းငြိမ်းချမ်း ‌ရေး‌ဖော်‌ဆောင်‌ရေးအတွက် လုပ်‌ဆောင်ရန် လိုသည့်အချက်များကို ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်အ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မည်၊ ပြည်တွင်းငြိမ်းချမ်းမှ တိုင်ရင်း သား တန်းတူ‌ရေးကို လုပ်‌ဆောင်နိုင်မည်၊ ဒီမိုက‌ရေစီ အနှစ်မရှိဘဲနဲ့ တိုင်းပြည်ကို တိုးတက်‌အောင် မလုပ် ‌ဆောင်နိုင်ဘူးဆိုသည်ကို လက်ခံ‌ကြောင်းနှင့် ထို့အတွက် လက်ရှိ တိုင်းပြည်ကို ဒီမိုက‌ရေစီလမ်း‌ကြောင်း ‌ပေါ်တွင် ‌လျှောက်ချ လုပ်‌ဆောင်‌နေသည်ဟု ‌ပြောဆို‌ကြောင်း ထို‌တွေ့ဆုံပွဲတွင် ပါဝင်သည့် ‌ကေအဲန်ယူ ကိုယ်စားလှယ်များက ‌ပြောသည်။

‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “အခုလို သမ္မတ ဦးသိန်းစိန်နဲ့ သွား‌တွေ့တဲ့အခါမှာ နိုင်ငံ‌တော်အ‌ပေါ်မှာ ထားတဲ့ သူ့ရဲ့ စိတ်သ‌ဘောထား‌တွေကို သိနားလည်လာတယ်။”ဟု ‌ပြောသည်။