အမည်။ ။ နော်ကညော
အသက်။ ။ ၂ဝနှစ်
ပညာအရည်အချင်း။ ။ အထက်တန်းလွန်
ဇာတိ-ဖာပွန်ခရိုင်
ဝါသနာ။ ။ ဆေးဆရာမ
ကျမရဲ့ ဇာတိက ကရင်ပြည်နယ် ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ထီးလော်သိရွာဖြစ်ပါတယ်။ မောင်နှမခြောက် ယောက်ထဲမှာ ကျမကငါးယောက်မြောက်ပါ။
တိုင်းပြည်ကလဲ ငြိမ်းချမ်းမှုမရှိ နယ်မြေလည်းမတည်မငြိမ်ဖြစ်နေ တော့ မိဘတွေလဲစီးပွားရေး အခြေအနေ မကောင်းတာနဲ့ သုံးတန်းအထိပဲ မြန်မာပြည်မှာ ကျောင်းနေခဲ့ရပါတယ်။
ကျမအသက် ၈နှစ် ၉နှစ်အရွယ်လောက်တုန်းက နအဖစစ်သားတွေကျမတို့ ရွာထဲကိုဝင်ပြီး ရွာသူရွာသားတွေကို
နှိပ်စက်၊ မိန်းကလေးတွေကိုလည်း မုဒိမ်းကျင့်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျမတို့ရွာထဲမှာမနေရဲတော့ပဲ လွတ် မြောက်ဖို့အတွက် တောထဲမှာယာယီရှောင်တိမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ ကျမတို့ ရွာသားတွေဟာ အခက်ခဲ တွေအများကြီး ကြုံခဲ့ရပါတယ်။ ရွာသားတွေဟာ ဖျားနာကြတဲ့အခါ ဆေးဝါးနဲ့အစားအစာ တွေ မလုံလောက်ခဲ့ပါ ဘူး။ ကျမလဲ အဲဒီတုန်းက ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျမတစ်နေ့ကျရင် ကိုယ့်လူမျိုးတွေကို အကျိုး ပြုနိုင်တဲ့ ဆေးဆရာမကောင်းတစ်ဦးဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်။ အခြေ
နေတွေငြိမ်သက်သွားတော့မှ ကျမတို့ရွာထဲမှာပြန်နေခဲ့ ကြရပါတယ်။ ဒါပေမယ့် စိုးရိမ်ကြောက်လန့် စိတ်တွေက တော့အမြဲ ဖြစ်နေခဲ့ရပါတယ်။ အဲဒီနှစ်ဟာ ငယ်စဉ်ကနေ ယနေ့အထိမမေ့နိုင်တဲ့နှစ် ဖြစ်ပါတယ်။
၂၀၀၃-၂၀၀၄ ခုနှစ်ရောက်တော့ ကရင်ဒုက္ခသည်စခန်းမှာ အခမဲ့ပညာတွေသင်ပေးနေတယ်ဆိုတဲ့သတင်း ကြားခဲ့
ပါတယ်။ ဒါကြောင့် ကရင်ဒုက္ခသည်စခန်းဖြစ်တဲ့ ထိုင်းနိုင်ငံနယ်စပ်က မဲ့ခေါင်ခါး ဒုက္ခသည်စခန်းမှာ လေးတန်း အထိ တက်ပြီးတော့ မယ်လအူး ဒုက္ခသည်စခန်းမှာ ငါးတန်းကနေ ဆယ်တန်းအထိပညာသင်ကြား ခဲ့ပါတယ်။ ကျမ ဆယ်တန်းအောင်ပြီး ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်ရွေ့ပြောင်းကျောင်းဖြစ်တဲ့ ကော်သဘလေး ကျောင်း မှာ ဆေးပညာကို ၂နှစ် သင်ယူခဲ့ပါတယ်။ အခုကျောင်းပြီးတော့ လက်တွေ့သုံးလ ဆင်းပြီးရင် ဆေးပညာ ထပ်ပြီး လေ့လာပြီးတော့ နာမည်ကြီး ဆရာဝန်မ တစ်ယောက်ဖြစ်လာတဲ့ အထိကြိုးစားသွားမှာပါ။ ကျမရည်ရွယ်ထားတဲ့ အတိုင်း ဆရာဝန်မတစ်ယောက်ဖြစ်လာတဲ့ အခါကျရင် တိုင်းပြည်နဲ့ လူမျိုးအတွက်အကျိုးပြုသွားမှာပါ။
ပြီးတော့ ကျမ လူငယ်တစ်ယောက်အနေနဲ့ ညီအကိုမောင်နှမတွေကို ပြောချင်တာကတော့ ပြည်တွင်းမှာပဲနေနေ ပြည်ပနိုင်ငံတွေမှာပဲရှိနေပါစေ ကိုယ်ဟာလူငယ်တစ်ယောက်ဖြစ်တာကို အမြဲသိရမယ်။ ခေါင်းဆောင်တွေက တာ ဝန်တွေလွှဲပြောင်းပေးဖို့အတွက် လူငယ်တွေအများ ကြီးလိုအပ်နေပါတယ်။ ဒါကြောင့်သူ့နေရာနဲ့သူ တတ်နိုင် တဲ့နေရာကနေ တာဝန်ကိုယ်စီထမ်းဆောင်စေချင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျမလူမျိုးတွေ ဘယ်နေရာဘယ်ဒေသမှာပဲနေနေ ကိုယ့်လူမျိုးတွေရဲ့ အခက်ခဲတွေကိုမမေ့ကြဖို့၊
ပြည်တွင်းက ကျမတို့လူမျိုးတွေရဲ့အခက်ခဲတွေကိုလဲ မမေ့လျော့ပဲ ဝိုင်းဝန်းကူညီပြီးဖြေရှင်းပေးစေချင်ပါတယ်။