Home သတင်း လားရှိုးမြို့ရှိ မဲရုံများ လုံခြုံမှုရှိ‌ကြောင်း NLD ‌ပြော

လားရှိုးမြို့ရှိ မဲရုံများ လုံခြုံမှုရှိ‌ကြောင်း NLD ‌ပြော

1740
ဧပြီလ ၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ရှမ်းပြည်နယ် လားရှိုးမြို့ရှိ မဲရုံအများစုသည် လုံခြုံမှုရှိပြီး ဝန်ထမ်းများ ချထား‌ကြောင်း အမျိုးသား ဒီမိုက‌ရေစီအ ဖွဲ့ချုပ်(NLD) က ‌ပြောသည်။“မဲရုံဝမှာက ရပ်ကွက်က အရပ်ဝတ် လုံခြုံ‌ရေး ချထားတာပါ။ မဲရုံထဲမှာ မဲရုံမှူး‌တွေ ‌ရွေး‌ကောက်ပွဲရုံ မဲရုံကိုယ်စား လှယ်‌တွေ ရှိတယ်” ဟု NLD မှ ကိုယ်စားလှယ်‌လောင်း ဦးစိုင်းမြင့်‌မောင် က‌ပြောသည်။

လားရှိုးမြို့တွင် စုစု‌ပေါင်း မဲရုံ ၄၃ ရုံရှိပြီး အများစုမှာ စာသင်‌ကျောင်းများတွင် ထားရှိခြင်းဖြစ်သည်ဟုလည်း သိရ သည်။
မဲရုံများတွင် လိုက်လံကြည့်ရှု့ခဲ့ရာ အဆင်‌ပြေမှု ရှိ‌ကြောင်း ဦးစိုင်းမြင့်‌မောင်က “အခုမဲ‌ပေး‌နေကြပြီ။
အ‌ခြေအ‌နေ‌ကောင်းတယ်။မဲရုံမှူး‌တွေကို ‌ဆွေး‌နွေး‌မေးကြည့်တာအဆင်‌ပြေတယ်” ဟု‌ပြောသည်။

ထို့အပြင် မဲကဒ်ပြားများမှာလည်း ထင်ရှားမှုရှိကာ မဲရုံထဲတွင် ‌ဘောဘင် စသည်တို့လည်း အပြည့်အစုံရှိ‌ကြောင်း နှင့် မဲရုံ တစ်ရုံစီတွင် NLD မှ ကိုယ်စားလှယ် ဝန်ထမ်းနှစ်ဦး ထားရှိထား‌ကြောင်း၎င်း ကဆက်‌ပြောသည်။

မဲ‌ပေးပြီး ပြန်လာသည့် ‌ဒေသခံတစ်ဦးကလည်း “ကျွန်‌တော်က‌တော့ တစ်နိုင်ငံလုံး ဟိုး‌လေးတစ်‌ကျော်ဖြစ်‌နေတဲ့ ခွပ်‌ဒေါင်း ကိုပဲမဲ‌ပေးပါတယ်။ကိုယ်ကြိုက်တဲ့ပါတီကို မဲထည့်ရ‌တော့ ‌ပျော်တာ‌ပေါ့။” ဟု‌ပြောသွားသည်။

ရှမ်းပြည်နယ် လားရှိုးမြို့နယ် မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များအတွက် အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ်‌မြေ တွင်ကြံ့ခိုင်‌ရေးပါတီမှ ‌ဒေါက်တာ နန်းကိန်‌ဖောင်းတစ်၊ NLD ပါတီမှ ဦးစိုင်းမြင့်‌မောင်နှင့် တစည ပါတီမှ ဦးစိုင်းစံ မင်း၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီမှ ဦး‌ရောဘတ်နှင့် ကိုးကန့်ဒီမိုက‌ရေစီနှင့် ညီညွတ်‌ရေးပါတီမှ ဦး ‌လော်ကျွန်ကွမ်းတို့ ဝင်‌ရောက်ယှဉ်ပြိုင်‌နေကြသည်။