Home သတင်း မွန်နိုင်ငံ‌ရေးအကျဉ်းသားနှစ်ဦး ပြန် လည်လွတ်‌မြောက်လာပြီ

မွန်နိုင်ငံ‌ရေးအကျဉ်းသားနှစ်ဦး ပြန် လည်လွတ်‌မြောက်လာပြီ

1500
ဧပြီလ ၃ဝရက်၊ ၂၀၁၂။ (‌ကေအိုင်စီ အလွတ်သတင်း‌ထောက်)


မွန်ပြည်သစ်ပါတီမှ ‌ထောင်ဒဏ်တသက်တကျွန်း အကျဉ်းကျခံထားရသည့် နိုင်ယက္ခနှင့် နိုင်မျိုး‌သွေးတို့ နှစ် ဦးကို မွန်ပြည်သစ်ပါတီသို့ ယ‌နေ့ ‌နေ့လည်ခန့် တွင် ပြန်လည်လွှဲအပ်‌ပေးလိုက်သည်။

အင်းစိန်‌ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီ‌ထောင်မှ နိုင်မျိုး‌သွေးတို့ နှစ်ဦးကို လျှပ်စစ်စွမ်းအားဝန်ကြီး ဦး‌ဇော်မင်း နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ကိုယ်တိုင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်‌ထောမွန်ထံ ‌မော်လမြိုင်မြို့ တွင် ပြန်လည်လွှဲ အပ်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ယက္ခနဲ့ နိုင်မျိုး‌သွေး နှစ်ဦးကို ဒီက‌နေ့မှာ ‌မော်လမြိုင်မှာ လာပြီး လွှဲ‌ပြောင်း‌ပေးမယ်၊ ကျ‌နော်တို့အ‌နေနဲ့ အတိုင်း မသိ ဝမ်းသာမိပါတယ်၊ သူတို့ကို လွှတ်‌ပေးဖို့လည်း ကျ‌နော်တို့ အကြိမ်ကြိမ်‌တောင်းဆိုခဲ့တာပဲ”ဟု ‌မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ‌ပြောသည်။

နိုင်ယက္ခနှင့် နိုင်မျိုး‌သွေးတို့ နှစ်ဦးသည် နိုင်ငံ‌တော် ပုန်ကန် ကြံစည်မှုဖြင့် ၂ဝဝ၃ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်‌နေ့တွင် ‌သေဒဏ်စီရင်ချက်ဖြင့် ‌ထောင်ဒဏ်ကျခံခဲ့ရ‌သော်လည်း အယူခံဝင်ရာမှ ‌ထောင်ဒဏ် တသက်တကျွန်းသို့ ပြစ်ဒဏ် ‌လျှော့ချခြင်း ခံထားရသူများ ဖြစ်သည်။

“နိုင်ယက္ခနဲ့ နိုင်မျိုး‌သွေးတို့ကို ‌မော်လမြိုင် ကမ်းနားဟိုတယ်မှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်‌ထောမွန်လက်ထဲကို လာအပ်သွားတာ”ဟု ထိုအခမ်းအနားသို့ ကိုယ်တိုင်တက်‌ရောက်ခဲ့သူတစ်ဦးက ‌ပြောသည်။

ပြန်လည်လွတ်‌မြောက်လာသူများအနက် နိုင်မျိုး‌သွေးမှာ ၂၀၀၉ခုနှစ်က အင်းစိန်‌ထောင်မှ သာယာဝတီ‌ထောင်သို့ ‌ပြောင်း‌ရွှေ့ချုပ်‌နှောင်ထားခဲ့ပြီး နိုင်ယက္ခကိုမူ လွတ်‌မြောက်လာသည်အထိ အင်းစိန်‌ထောင်၌သာ ချုပ်‌နှောင်ထား ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက် ‌နေ့က ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့၌ ပဏာမ ‌ဆွေး‌နွေးစဉ်က အစိုးရကိုယ်စားလှယ် မီးရထားဝန်ကြီး ဦး ‌အောင်မင်းက မြန်မာအစိုးရအ‌နေဖြင့် နိုင်ငံ‌ရေးအကျဉ်းသားများနှင့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များကို လွှတ်‌ပေး ရန် အစီအစဉ် ရှိ‌ကြောင်းနှင့် ဇန်နဝါရီလ ၄ရက်‌နေ့ (လွတ်လပ်‌ရေး‌နေ့)နှင့် ‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့ (ပြည်‌ထောင်စု ‌နေ့)တွင် လွှတ်‌ပေးမည်ဟု ‌ပြောကြားခဲ့‌သေးသည်။

ပြီးခဲ့သည့် မတ်လ ၁၃ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင် အင်းစိန်‌မြောက်ပိုင်းခရိုင် တရားရုံးတွင် ‌ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံခဲ့ရပြီး သမ္မတ၏ တိုက်ရိုက် ညွှန် ကြားမှုဖြင့် မတ်လ ၁၉ရက်‌နေ့က ပြန်လည် လွတ်‌မြောက်လာခဲ့သည်။