Home သတင်း မဂင်္လာ‌တောင်ညွှန့် တွင်‌ဒေါ်ဖြူဖြူသင်း ‌ဖျော်‌ဖြေ‌ရေး ကားဖြင့် ပြည်သူများကို လှည့်လည်နှုတ်ဆက်

မဂင်္လာ‌တောင်ညွှန့် တွင်‌ဒေါ်ဖြူဖြူသင်း ‌ဖျော်‌ဖြေ‌ရေး ကားဖြင့် ပြည်သူများကို လှည့်လည်နှုတ်ဆက်

1922
မတ်လ ၃၁ရက်၊ ၂၀၁၂။ ‌စောလားက‌ပေါ် (အလွတ်သတင်း‌ထောက်)

ရန်ကုန်တိုင်း၊ မဂင်္လာ‌တောင်ညွှန်ြ့မို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချူပ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ‌ဒေါ်ဖြူဖြူသင်းက မတ်လ ၃ဝရက်‌နေ့ည‌နေပိုင်းတွင် ပြည်သူများအား ‌ဖျော်‌ဖြေ‌ရေးကားဖြင့် လှည့်လည်နှုတ်ဆက်ခဲ့သည်။

“ကျမ အခုလို ပြည်သူ‌တွေကို ‌ဖျော်‌ဖြေ‌ရေးကားနဲ့ လိုက်ပြီး နှုတ်ဆက်ရတာက‌တော့ ပြည်သူ‌တွေကို ‌ကျေးဇူးတင်လို့ပါ။ ဒီ ၃ဝရက်‌နေ့ည က ‌နောက်ဆုံးမဲဆွယ်တဲ့အ‌နေနဲ့ လုပ်တာပါ။ မိဘပြည်သူ‌တွေအ‌နေနဲ့ မနက်ဖြန်မှာ ‌အေး‌အေး‌ဆေး‌ဆေး အနားယူပြီး‌တော့ ဧပြီ ၁ရက်‌နေ့ ကျရင် မဲလာ‌ပေးဖို့မ‌မေ့ပါနဲ့လို့ ‌ပေးရင်လည်း ကျမကိုပဲ ‌ပေးပါလို့ ‌မေတ္တာရပ်ခံချင်ပါတယ်။”ဟု ဆိုသည်။

အဆိုပါ‌ဖျော်‌ဖြေ‌ရေးကား လှည့်လည်ရာ‌နေရာတိုင်းတွင် ပြည်သူလူထုက တခဲနက် ကြိုဆိုခဲ့ကြပြီး ယာဉ်‌ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ ‌သော်လည်း မ‌တော်တဆ ထိခိုက်မှု လုံးဝ မရှိခဲ့‌ကြောင်း သိရသည်။

“ဗိုလ်မင်း‌ရောင်လမ်းကို‌ရောက်‌တော့ ည ၈နာရီ‌ကျော်‌နေပြီး။ ပြည်သူ‌တွေက လမ်းတစ်‌လျှောက် လိုက်လာတာ လူဦး‌ရေ နှစ်‌သောင်း ‌လောက် ရှိတယ်။ ဒီ‌တော့ ကား လုံးဝသွားလို့ မရ‌တော့ဘူး။ လမ်းပိတ်သွားတယ်။ လမ်း‌ဘေး ‌ခြောက်ထပ် ရှစ်ထပ် တိုက်တိုင်းလိုလိုက ဝရံတာက‌နေထွက်ပြီး လက်ခုပ်တီး ကြိုဆိုကြတယ်။ ‌ဖျော်‌ဖြေ‌ရေးယာဉ် ‌အောင်ဆန်းကွင်းနဲ့ ရန်ကုန်ဘူတာကြီး‌ရောက်‌တော့ လူ ငါး ‌သောင်း‌လောက် ရှိတယ်။ အဲ့ဒီမှာ အဆို‌တော်တစ်ချို့က ဆက်ပြီး ‌ဖျော်‌ဖြေတယ်။ ည ၁၂နာရီ‌လောက်မှ ပြီးသွားတယ်။”ဟု ကိုယ်တိုင် လိုက်ပါခဲ့သူ ပြည်တွင်းသတင်း‌ထောက်တစ်ဦးက ဆိုသည်။

“အခုလို ပြည်သူ‌တွေ တစ်ခဲနက်အား‌ပေးတာ ‌တွေ့ရ‌တော့ ဧပြီတစ်ရက်မှာ ကျမ အ‌ဖြေ‌စောင့်စရာမလို‌တော့‌အောင် အားရှိသွားပါ တယ်။”ဟု မဖြူဖြူသင်းက ဆိုသည်။