Home သတင်း ဘုရားသုံးဆူမြို့တွင် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

ဘုရားသုံးဆူမြို့တွင် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်

1822
ဧပြီလ ၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ USDPက ယခုလ ၄ရက်‌နေ့တွင် ဘုရားသုံးဆူမြို့၌ ပါတီဆိုုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။

ဘုရားသုံးဆူမြို့ရှိ ပြည်ခိုင်ဖြိုးပါတီဝင်အ‌ခြေခံ အဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးက “အခမ်းအနားကို မနက် ၉နာရီမှာ စတယ်။ ၉း၄၅မှာ ကျ‌နော်တို့ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားလုပ်ပါတယ်။ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနဲ့ပဲ ‌အောင်မြင်စွာ ကျ‌နော်တို့ ကျင်းပနိုင်ခဲ့တယ်။”ဟု ‌ပြောသည်။

၎င်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်‌ကော်မတီဝင် ကြာအင်းဆိပ်ကြီးမြို့နယ် တာဝန်ခံ ဦး‌စောထွဋ်‌ခေါင်လွှင်၊ ကရင်ပြည်နယ် တွဲဖက်အတွင်း‌ရေးမှူး ဦးဆန်းကို၊ ကရင်ပြည်နယ် ဗဟို‌ကော်မတီဝင် ဦး‌စောထူးက‌ပေါ်၊ ကြာအင်းဆိပ်ကြီး အတွင်း‌ရေးမှူး ဦးကြည်ဝင်း၊ ‌ကော့ကရိတ်ခရိုင် အတွင်း‌ရေးမှူး ဦးခွန်‌အောင်သိန်းဝင်း၊ ကရင်ပြည်နယ် အမျိုးသားလွှတ်‌တော် ဦး‌စောမြဝင်းနှင့် ဘုရားသုံးမြို့ရှိ ပါတီဝင်များက တက်‌ရောက်ခဲ့ကြသည်။

“ကျ‌နော်တို့ အဓိက ရည်ရွယ်ချက်က ဘုရားသုံးဆူမြို့နယ် လက်ရှိဖြစ်‌နေတဲ့ အခက်အခဲ‌တွေကို ‌ဖြေရှင်း‌ပေးချင်တဲ့ ဆန္ဒရယ်၊ မြို့မှာ ဖြစ်‌နေတဲ့ ပန်းသီးပုံး ‌လောင်းကစားကိစ္စ‌တွေ၊ ပြည့်တန်ဆာကိစ္စ‌တွေကို တိုက်ဖျက်ချင်တဲ့ ဆန္ဒက အဓိက ရည်ရွယ်ချက်ကျပါတယ်”ဟု ၎င်းပါတီဝင် အ‌ခြေခံအဖွဲ့‌ခေါင်း‌ဆောင်က ဆက်‌ပြောသည်။

ထို့အပြင် ဘုရားသုံးဆူ‌ဒေသရှိ အစိုးရမဟုတ်‌သောအဖွဲ့အစည်းများ၊ အမျိုးသမီး‌ရေရာ၊ မဟာမိတ်ပါတီဝင်များ၊ နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များအပါအဝင် လူထုပရိဿတ် ၄၀ဝခန့်တက်ခဲ့သည်ဟု သိရသည်။

အခမ်းအနားသို့ တက်‌ရောက်ခဲ့သူ မြို့ခံတစ်ဦးက“ ခမ်းခမ်းနားနားနဲ့ပဲ ကျင်းပသွားတယ်။ အဖွဲ့‌ပေါင်းစုံတက်‌ရောက်တာ‌တွေ့ရတယ်။”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီနှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီတို့က ပါတီရုံးအသီးသီး ဖွင့်လှစ်ထားသည်။