Home သတင်း နယ်စပ်ဒုက္ခသည်များအား ပြန်လည်‌နေရာချထား မည်မှာ မ‌သေချာ‌သေး

နယ်စပ်ဒုက္ခသည်များအား ပြန်လည်‌နေရာချထား မည်မှာ မ‌သေချာ‌သေး

1409
ဧပြီလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအား မြန်မာပြည်သို့ပြန်လည် ‌နေရာချထား‌ရေး‌ပေး‌တော့မည်ဟု သတင်းများထွက်‌ပေါ်‌နေ‌သော်လည်း ထိုသတင်းများမှာ တိကျခိုင်မာမှု မရှိ‌ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံမှလည်း အ‌ကြောင်းကြားလာခြင်း တစ်စုံတစ်ရာ မရှိ ‌သေး‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ‌ပြောသည်။

KRC ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက “အခုအချိန်ထိ ဘယ်တာဝန်ရှိသူ တစ်ဦးတစ်‌ယောက်ကမှ နယ်စပ်က ဒုက္ခသည်‌တွေကို ပြန်ပို့မယ်ဆို တာနဲ့ ပတ်သက်ပြီး လာ‌ရောက်အ‌ကြောင်းကြားတာ‌တွေ တစ်ခုမှမရှိ‌သေးပါဘူး။ ပြန်နိုင်တဲ့ အ‌နေအထားမရှိပဲနဲ့‌တော့ ပြန်ပို့မှာ မဟုတ်ဘူး လို့ စခန်းအားလုံးက တာဝန်ရှိသူ‌တွေ‌ကော၊ ဒုက္ခသည်‌တွေကိုပါ ကျ‌နော်တို့ ‌ပြောပြထားပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နိုင်ငံတကာမှ ဒုက္ခသည် အကူအညီ‌ပေး‌နေသည့် အဖွဲ့အစည်းများ၊ UN နှင့် KRC မှ တာဝန်ရှိသူများက ပြန်လည်‌နေရာချထားခြင်းနှင့် ပတ် သက်ပြီး ‌ပြောဆိုမှုများ မရှိ‌သေးသကဲ့သို့ မြန်မာအစိုးရအ‌နေဖြင့် ပြန်လည်‌ခေါ်ယူမည်ဆိုပါက ဒုက္ခသည်များ ပြန်ကြမည်မဟုတ်‌ကြောင်း ထမ်းဟင်ဒုက္ခသည်စခန်းမှ အတွင်း‌ရေးမှူး(၁) ‌စော‌အောင်သန်းက ‌ပြောသည်။

‌စော‌အောင်သန်းက “မြန်မာအစိုးရက အတင်းပြန်ခိုင်းမယ်ဆိုရင်လည်း မပြန်ဘူး။ ပြန်‌နေဖို့အတွက် လုံခြုံမှုလည်း မရှိ‌သေးဘူး။ အသက် ရှင်ရပ်တည်ဖို့လည်း မဖြစ်နိုင်‌သေးတဲ့အတွက် မပြန်‌သေးဘူး။ ပြန်နိုင်တဲ့အ‌နေအထားမျိုးကို ‌ရောက်ရင်‌တော့ ပြန်ကြမှာပါ”ဟု ဆိုသည်။

သို့‌သော် အစိုးရအ‌နေဖြင့် ဒုက္ခသည်များအား ပြန်လည်‌နေရာချထားမည်ဆိုပါက အိုးမဲအိမ်မဲ့ ဒုက္ခသည်များ၏ ဘဝရပ်တည်‌ရေးအတွက် ‌နေထိုင်နိုင်ရန် ‌နေရာများ သတ်မှတ်‌ပေးခြင်း၊ ‌နေထိုင်နိုင်မည့် အိမ်များတည်‌ဆောက်‌ပေးခြင်း၊ အသက်‌မွေး‌ကြောင်းလုပ်ငန်းများ ရှာ‌ဖွေ‌ပေး ခြင်း၊ လွတ်လပ်စွာ ပညာသင်ကြားနိုင်‌ရေးအတွက် လုပ်‌ဆောင်‌ပေးခြင်းနှင့် လုံခြုံမှုရှိ‌သော ဘဝများရှိ‌အောင် လုပ်‌ဆောင်‌ပေးခြင်း စသည့် တို့ကို ကြိုတင်ပြင်ဆင်‌ပေးသင့်‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

လတ်တ‌လော အ‌နေအထားတွင် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ ငြိမ်းချမ်း‌ရေးနှင့် အပစ်ရပ်စဲ‌ရေး သ‌ဘောတူ ညီမှုများ ရရှိခဲ့ပြီး‌နောက် ကရင်ပြည်နယ် နယ်စပ်ရှိ ဒုက္ခသည်များအား ဌာ‌နေပြန်လည်ပို့‌ဆောင်‌တော့မည်ဟု သတင်းများ ထွက်‌ပေါ်‌နေခဲ့ သည်။

ထမ်းဟင်ဒုက္ခသည်တစ်ဦးကလည်း သူက “ကျ‌နော်တို့အ‌နေနဲ့ အစိုးရအ‌ပေါ် မယုံ‌သေးဘူး။ ဒီမှာ ‌နေလာခဲ့တာနှစ်‌တွေလည်း ကြာလာခဲ့ ပြီ။ အခုချိန်ထိ ကျ‌နော်တို့ပြန်ဖို့ ဘာပြင်ဆင်မှုမျိုးမှ လုပ်‌ပေးတာ မ‌တွေ့ရ‌သေးဘူး”ဟု ‌ပြောသည်။

မယ်လဒုက္ခသည်စခန်းမှ လူငယ်တစ်ဦးကလည်း “လူတစ်‌ယောက်ရရှိရမယ့် အခွင့်အ‌ရေးနဲ့ တန်းတူညီမျှစွာ ရရှိမယ်။ လုပ်ကိုင်နိုင်မယ်။ ရပ်တည်နိုင်မယ်ဆိုရင်‌တော့ ကျ‌နော်ပြန်မှာပါ။ ဒုက္ခသည်‌တွေ ပြန်‌နေဖို့ကလည်း အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်”ဟု ‌ပြောသည်။

မြန်မာပြည်အတွင်း ‌နေရာ‌ရွှေ့‌ပြောင်း‌နေထိုင်‌နေကြရသူ(IDPs) များစွာရှိ‌နေ‌သေးပြီး ၎င်းတို့ပြဿနာကို အစိုးရအ‌နေဖြင့် ပထမဦးစွာ ‌ဖြေ ရှင်းသင့်ကာ ထိုပြဿနာများအား မ‌ဖြေရှင်းဘဲ ဒုက္ခသည်များကို ပြန်ပို့မည်ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ‌တွေ့ကြုံနိုင်‌ကြောင်း မယ်လစခန်း ကရင်လူငယ်အစည်းအရုံး(KYO) ဥက္ကဌ ‌စောအယ်ထီး‌ကော်က ‌ပြောသည်။

“ဒုက္ခသည်‌တွေကို ပြန်ပို့မယ်ဆိုတဲ့ ကိစ္စ‌တွေက‌တော့ ‌စော‌သေးတယ်လို့ ထင်ပါတယ်။ အ‌ခြေအ‌နေ အတိုင်းအတာတစ်ခု‌တော့ ‌စောင့် ကြည့်ရဦးမယ်‌လေ။ မြန်မာနိုင်ငံထဲမှာပဲ ဒုက္ခသည်‌တွေထက် ဒုက္ခ‌ရောက်‌နေတဲ့ IDP ‌တွေလည်း အများကြီးရှိ‌သေးတာကိုး။ ဒါ‌ကြောင့် သူတို့‌တွေရဲ့ ပြဿနာကို ‌ဖြေရှင်းပြီးမှ ဒီနယ်စပ်က ပြဿနာကို သူတို့ ‌ဖြေရှင်းကြဖို့ လိုပါတယ်”ဟု ‌ပြောသည်။

ယခုလက်ရှိ ဖြစ်‌ပေါ်‌နေသည့် ငြိမ်းချမ်း‌ရေးလမ်းစဉ်အ‌ပေါ် ပီတိဖြစ်မိ‌ကြောင်းနှင့် ဒုက္ခသည်များအ‌နေဖြင့် တိုက်ပွဲများအစား ငြိမ်းချမ်း‌ရေး ကို လိုလားကြ‌ကြောင်း ထိုမှတဆင့် အများလက်ခံ ယုံကြည်နိုင်သည့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်ရန် ‌မျှော်လင့်‌နေကြ ‌ကြောင်း နယ်စပ်ဒုက္ခသည်အများစုက ‌ပြောဆို‌နေကြသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်ရာမို၊ မယ်လအူး၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည်စခန်းများနှင့် ကရင်နီ အမှတ် ၁၊ ၂ ဒုက္ခသည်စခန်းများရှိပြီး လက်ရှိ လူဦး‌ရေ စုစု‌ပေါင်းမှာ တစ်သိန်းခွဲရှိကာ ၎င်းတို့မှာ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေသည့် ပြည်‌ထောင်စုအဆင့် ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဒုက္ခသည် စခန်းသို့ လာ‌ရောက်မည်ဟူ‌သော သတင်းများ‌ကြောင့် စိုးရိမ်‌နေကြခြင်း ဖြစ်သည်။