Home သတင်း ခ‌နောက်စိမ်း တူး‌ဖော်မှုကို ဧပြီလကုန်တွင် ‌ကေအဲန်ယူ ရပ်ဆိုင်းမည်

ခ‌နောက်စိမ်း တူး‌ဖော်မှုကို ဧပြီလကုန်တွင် ‌ကေအဲန်ယူ ရပ်ဆိုင်းမည်

2821
ဧပြီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ ‌မောလူ့‌တောင် (‌ဒေသခံအ‌ခေါ်)ရှိ ကုမ္ပဏီနှစ်ခု၏ ခ‌နောက်စိမ်းတူး‌ဖော်မှုကို ယခုဧပြီလကုန်တွင် ရပ်ဆိုင်းမည်ဟု သိရသည်။

KNU ဖာပွန်ခရိုင် ဥက္ကဌ ပဒို‌စောထဲန်ဒယ်က “အရင်နှစ်တုန်းက‌တော့ ‌နွေရာသီအချိန်မှာ ကုမ္ပဏီ‌တွေကို ဇန်နဝါရီလက‌နေ ဧပြီလအထိ တူး‌ဖော်ခွင့်‌ပေးတယ်။ ဒီနှစ် ‌ဒေသခံ‌တွေက အခက်အခဲ‌တွေ တင်ပြလာ‌တော့ သူတို့အတွက် ကျ‌နော်တို့ ထည့်စဉ်းစား‌ပေးရမယ်။”ဟု ‌ပြော သည်။

အဆိုပါ ခ‌နောက်စိမ်း တူး‌ဖော်သည့်‌နေရာသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်(‌ကေအဲန်ယူ ဖာပွန်ခရိုင်)နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ (‌ကေအဲန်ယူ သထုံခရိုင်) နယ်စပ်အကြားတွင် တည်ရှိပြီး ၂၀၀၆ခုနှစ်ကတည်းက ‌ကေအဲန်ယူ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်အ‌ခြေစိုက် စိုင်းသူရပိုင် “မြင့်မြတ်စံ”ကုမ္ပဏီနှင့် ကိုချိုပိုင် “ထွဋ်‌ခေါင်” ကုမ္ပဏီတို့က စတင် တူး‌ဖော်ခဲ့ခြင်းဖြစ်သည်။

“‌ဒေသခံ‌တွေက သူတို့အတွက် ထိခိုက်မှု‌တွေ ရှိတယ်လို့ ကျ‌နော်တို့ကို တင်ပြထားတာ ရှိတယ်‌လေ။ ဒါ‌ကြောင့် ကုမ္ပဏီ‌တွေအ‌နေနဲ့ ဒီလ ကုန်အထိပဲ တူး‌ဖော်ဖို့ ကျ‌နော်တို့ ခွင့်ပြုတာဖြစ်တယ်။”ဟု KNU သထုံခရိုင် ဥက္ကဌ ပဒို‌စောပဲနုက ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် တ‌ဂေး‌လောင်မှ ‌ဒေသခံရွာသားများက ပြီးခဲ့သည့် ၂၀၀၆ခုနှစ်မှစ၍ ၎င်းတို့‌ဒေသအတွင်း ခ‌နောက်စိမ်းတူး‌ဖော်မှုများ ဆက်တိုက် ဖြစ်‌နေသည်မှာ လက်ရှိအချိန်ထိ ဖြစ်သည်ဟု ‌ပြောသည်။

ခ‌နောက်စိမ်း တူး‌ဖော်သည့်‌နေရာမှ တ‌ဂေး‌လောင်း‌ကျေးရွာဘက်သို့ စီးဆင်းလာသည့် ထီးချိ‌ဘော‌ချောင်း (‌ဒေသခံအ‌ခေါ် တ‌ဂေး‌လောင်း ‌ချောင်း) ဗွက်‌ရေ‌ကြောင့် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း လယ်ကွင်း ၂ကွင်း(ဧကအတိအကျ မသိ) အပါအဝင် ကွမ်းခြံ ၉ခြံ၊ ကွမ်းပင်ခြံ ၄ခြံ နှင့် ငရုပ်‌ကောင်းခြံ ၃ခြံ ပျက်စီးသွားခဲ့သလို ၎င်း‌ချောင်း‌ရေကို ‌သောက်သုံးရသည့် ကျွဲ၊ နွားများလည်း ‌သေဆုံးမှုများ ရှိသည်ဟုလည်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ရွာသားများသည် ၎င်းတို့၏ ပျက်စီးသွား‌သော ဥယျာဉ်ခြံနှင့် လယ်ကွင်းများအတွက် ‌လျော်‌ကြေး‌ပေးရန် မ‌တောင်းဆို‌သော်လည်း ခ‌နောက်စိမ်း တူး‌ဖော်မှုများ ရပ်တန့်‌ပေးရန် ယခုနှစ်ဆန်းပိုင်းတွင် ‌တောင်းဆိုတင်ပြခဲ့ပြီး‌နောက်ပိုင်း KNU အ‌နေဖြင့် ခ‌နောက်စိမ်း တူး‌ဖော် သည့် ကုမ္ပဏီများကို ဧပြီလကုန်အထိသာ ‌နောက်ဆုံးလုပ်ခွင့်‌ပေးလိုက်ခြင်း ဖြစ်သည်။

ခ‌နောက်စိမ်း လာ‌ရောက်တူး‌ဖော်သည့် ကုမ္ပဏီများသည် KNU ထံ ‌ငွေ‌ကြေးအခွန် ‌ပေး‌ဆောင်မှုများ ရှိ‌သော်လည်း မည်မျှနှုန်းဖြင့် ‌ကောက်ခံသည်ကိုမူ ‌ကေအဲန်ယူမှ တရားဝင် ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိ‌ပေ။