Home သတင်း “NLD ကို မဲ‌ပေးလိုက်” ‌တေးစီးရီး စီဒီအယ်လ်ဘမ် မကြာမီ ထုတ်မည်

“NLD ကို မဲ‌ပေးလိုက်” ‌တေးစီးရီး စီဒီအယ်လ်ဘမ် မကြာမီ ထုတ်မည်

2165
မတ်လ ၁၉၊ ၂၀၁၂။ (‌ကေအိုင်စီ)

“NLD ကို မဲ‌ပေးလိုက်” အမည်ရှိ ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေး ‌တေးစီးရီး စီဒီအယ်လ်ဘမ်ကို ဧရာဝတီတိုင်းရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ ချုပ်(လူငယ်)မှ မကြာမီ ထုတ်လုပ်ဖြန့်ချိသွားမည်ဟု သိရသည်။

၎င်း‌တေးအယ်လ်ဘမ်ကို KZ စတူဒီယိုတွင် အသံသွင်းယူထားပြီး သီချင်း သံစဉ်နှင့် ‌တေးစာသားများကို ဝကင်္ဘာလမ်းရှိ စာ‌ပေစိစစ်‌ရေးရုံး သို့ ‌လျှောက်ထားဆဲဖြစ်ပြီး ‌ရွေး‌ကောက်ပွဲမတိုင်ခင် တစ်ပတ်ခန့်အလိုတွင် ဖြန့်ချိနိုင်မည်ဟု ‌တေးသီချင်းပါဝင်‌ရေးသားသူ မင်းရဲ‌ထွေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဧပြီ ၁ရက် ‌ရွေး‌ကောက်ပွဲအမှီ ဖြန့်ချိရမှာဖြစ်လို့ အသံသွင်းတဲ့ရက် တို‌တောင်းပါတယ်။ ဒါ‌ပေမဲ့ သီချင်းတစ်ပုဒ်ရဲ့ ပုံစံရ‌အောင် အ‌ကောင်း ဆုံး တီးခတ်သီဆိုပြီး ပုံ‌ဖော်ထားပါတယ်။ ငြိမ်းချမ်း‌ရေးနဲ့ လူငယ်အကျိုးပြုသီချင်း‌တွေပါတာမို့ ဒီမိုက‌ရေစီ ပရိဿတ်‌တွေ ကြိုက်နှစ်သက် ကြမှာပါ”ဟု သူက ‌ပြောဆိုသည်။

အဆိုပါ‌တေးစီးရီးတွင် ပါဝင်သည့် သီချင်းအားလုံးမှာ ကိုယ်ပိုင်သံစဉ်များဖြစ်ပြီး POP ROCK COUNTRY BLUE အမျိုးအစားများ ပါဝင်သည်ဟုလည်း မင်းရဲ‌ထွေးက ရှင်းပြသည်။

‌တေးသီချင်း ၁၂ပုဒ် ပါဝင်သည့် ၎င်းစီးရီး‌ခွေတွင် သီဆိုသူများမှာ အယ်မင်းသူ၊ လင်းနိုင်ထွန်း၊ ‌စောဂျက်ဇ်၊ ‌နေထူး၊ ‌ကောင်းသန့်၊ မြတ်ကို၊ ဆုန်သင်းပါရ်၊ ‌ဒေါလီနှင့် ‌ဟေမာပြည့်ဖြိုးတို့ ဖြစ်ကြပြီး ‌တေး‌ရေးဆရာများမှာ မင်းရဲ‌ထွေး၊ ခန့်‌မော်နှင့် စိုးစိုးတို့ ဖြစ်ကြသည်။

ဧရာဝတီတိုင်း အဖွဲ့ချုပ် လူငယ်တာဝန်ခံ စခင်‌ဇော်လင်းက “ဒီ NLD ကိုမဲ‌ပေးလိုက် ‌တေးအယ်လ်ဘမ်ကို ထုတ်လုပ်ရတဲ့ အ‌ကြောင်းက ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေး သက်သက် မဟုတ်ပါဘူး။ အ‌မေ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဂုဏ်ပြုချင်တာရယ်၊ လူငယ်နဲ့ နိုင်ငံအကျိုးကို ‌ဖော်‌ဆောင်ချင်တာ‌ကြောင့် ‌တေး‌ရေး ဦးမင်းရဲ‌ထွေး၊ ဂီတာ ဦးစိုးစိုး၊ ဒရမ်မာ ဦးမင်းလွင်တို့နဲ့ တိုင်ပင်ပြီး အခုလို ထုတ်လုပ်ဖြစ်တာပါ”ဟု ‌ပြောသည်။

ယင်းသီချင်းများကို ကီးဘုတ်ဖြင့်သာ တီးခတ်ပြီး အသံသွင်းရင် ရည်ရွယ်ခဲ့‌သော်လည်း တီးဝိုင်းများဖြင့် တီးခတ်လျှင် ပိုမို‌ကောင်းမွန်မည် ဟု ထင်မြင်သည့်အ‌ပေါ် KZ စတူဒီယို၌ လိဒ် စိုးစိုး၊ ‌ဘေ့စ် မင်း‌ဝေမြင့်၊ ဒရမ်မာ မင်းလွင်၊ ကီးဘုတ် ဂျက်ဆင်တို့ဖြင့် အသံသွင်းခဲ့သည့်အ တွက် ထင်မှတ်ထားသည်ထက် အားရ‌ကျေနပ်မှုရှိ‌ကြောင်းလည်း စခင်‌ဇော်လင်းက ‌ပြောသည်။

ပါဝင်သီဆိုသူများထဲတွင် ဆုန်သင်းပါရ်တစ်ဦးသာ နာမည်ကြီးအဆို‌တော်ဖြစ်‌သော်လည်း လင်းနိုင်ထွန်းနှင့် ‌ဒေါလီတို့မှာ ၆၆နှစ်‌မြောက် ‌ဒေါ်စု‌မွေး‌နေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့သူများဖြစ်သလို ‌ဒေါလီ၏ “ဦးညွှတ်လိုက်ပါတယ် အ‌မေ”အမည်ရှိ ‌တေးသီချင်း မှာ DVB ၏ အကြိုက်ဆုံး‌တေးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထို့အပြင် အယ်မင်းသူနှင့် ‌စောဂျက်စ်တို့မှာ ‌တေးစီးရီး‌ခွေများ ထုတ်ထားသူများ ဖြစ်ကြပြီး ‌တေး‌ရေး မင်းရဲ‌ထွေးနှင့် ခန့်‌မော်တို့မှာ နာမည် ကြီးအဆို‌တော် စိုင်းထီးဆိုင်အတွက် သီချင်း‌ရေးစပ်‌ပေးခဲ့သူများဖြစ်သည်။