Home ထိပ်တန်းသတင်း ၂၀၁၂ခုနှစ် InterAction ၏ လူမှုဦး‌ဆောင်ဆု ကရင်အမျိုးသမီးရရှိ

၂၀၁၂ခုနှစ် InterAction ၏ လူမှုဦး‌ဆောင်ဆု ကရင်အမျိုးသမီးရရှိ

1739
မတ်လ ၂၈ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အ‌မေရိကန်နိုင်ငံ အ‌ခြေစိုက် လူမှု‌ရေးအဖွဲ့အစည်း‌ပေါင်းစုံ ဖွဲ့စည်းထားသည့် InterAction အဖွဲ့က နှစ်စဉ် ‌ပေးအပ်လျှက်ရှိသည့် လူမှုဦး ‌ဆောင်ဆုကို ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဦးဆုံးအဖြစ် ကရင်အမျိုးသမီး ‌နော်စူစဲနာလှလှစိုးက ဆွတ်ခူးရရှိခဲ့သည်။

ဆုချီးမြှင့်ခံရမှုအ‌ပေါ် ဆရာမ ‌နော်စူစဲနာလှလှစိုးက “ပထမဆုံး‌တော့ ‌ပျော်တယ်။ ကိုယ်လုပ်တဲ့အဖွဲ့အစည်း၊ ကိုယ့်နဲ့တွဲလုပ်‌နေတဲ့ ဝန်ထမ်း ‌တွေအတွက်‌ကော ဂုဏ်ယူတယ်။ ‌နောက်ပြီး မြန်မာပြည်မှာ ရှိတဲ့လူ‌တွေအတွက်‌ကော ကိုယ်က ကရင်အမျိုးသမီးတစ်‌ယောက် ဖြစ်‌နေတဲ့ အတွက် ကရင်တစ်‌ယောက်အ‌နေနဲ့‌ကော ဂုဏ်ယူပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌မေရိကန်နိုင်ငံ အ‌ခြေစိုက် Interaction အဖွဲ့က တိုးတက်ဆဲနိုင်ငံများရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် လူထုအကျိုးပြုလုပ် ငန်းများကို ထူးခြားသည့် ‌ခေါင်း‌ဆောင်မှု အရည်အချင်းများနှင့် ပါဝင်လုပ်ကိုင်‌နေသူများအား အသိအမှတ်ပြုသည့်အ‌နေဖြင့် နှစ်စဉ် ဆုချီး မြှင့်‌ပေးလျှက်ရှိရာ ယခုနှစ်၏ လူသားချင်းစာနာမှုဆုကို ‌နော်စူစဲနာလှလှစိုးအား ‌ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ထိုဆုအတွက် ကမ္ဘာ့လုံးဆိုင်ရာ တိုးတက်‌ပြောင်းလဲမှုဖြစ်သည့် ‌ဘေးဒုက္ခကယ်ဆယ်‌ရေး၊ လူသားချင်းဆိုင်ရာတိုးတက်မှု၊ ဒုကွသည်များ ကူညီပံ့ပိုးမှု၊ လူမှုအဖွဲ့အစည်းလုပ်ငန်း၊ မျှတသည့် စီးပွား‌ရေးဆိုင်ရာ ‌ပြောင်းလဲမှု၊ ကျန်းမာ‌ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ ပညာ ‌ရေး၊ လူဦး‌ရေထိန်းညှိ‌ရေးနှင့် ‌ဒေသတွင်း ‌ပေါ်လစီ‌ရေးဆွဲပြဋ္ဌာန်းခြင်းများတွင် အားကြိုးမာန်တက် ‌ဆောင်ရွက်သူများကို ‌ရွေးချယ်ခြင်းဖြစ် သည်။

ရန်ကုန်တက္ကသိုလ်တွင် ဇီဝ‌ဗေဒ အထူးပြုဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိခဲ့သလို အ‌မေရိကန်နိုင်ငံ အ‌ရှေ့ပိုင်းတက္ကသိုလ်၌ စီးပွား‌ရေးနှင့် စီမံခန့်ခွဲ‌ရေး မာစတာဘွဲ့(M.B.A)ကိုလည်း ရရှိခဲ့သူ ‌နော်စူစဲနာသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ကုလသမဂ္ဂ-UN မှ ဦးစီးကျင်းပသည့် “ပဋိပက္ခအ‌ခြေအ‌နေများမှ အမျိုးသမီးများကို ကာကွယ်နိုင်‌ရေး” ဟူသည့် အစည်းအ‌ဝေးတစ်ရပ်ကို မြန်မာပြည် အမျိုးသမီးများကိုယ်စား တက်‌ရောက်လျှက်ရှိသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁၂ရက်‌နေ့တွင် ကျ‌ရောက်သည့် မြန်မာနိုင်ငံ၏ ပြည်‌ထောင်စု‌နေ့ လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးများ၏ လက်မှတ်‌ပေါင်း တစ်‌သောင်းနှစ်‌ထောင် စု‌ပေါင်း‌ရေးထိုးထားသည့်စာကို သမ္မတဦးသိန်းစိန်ထံ စာတင်ကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်ခွင့်ပြုရန် KWAG အ‌နေဖြင့် တင်ပြခဲ့သည်ဟု ‌နော်စူစဲနာလှလှစိုးက ‌ပြောသည်။

သူမက “တင်ကတည်းက ပြန်စာ‌တွေဘာ‌တွေရမယ်လို့ မ‌မျှော်လင့်ဘူး။ ကျမတို့ နှစ်စဉ် အမျိုးသမီး‌တွေ စု‌ပေါင်းပြီး‌တော့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများ‌နေ့ကိုလည်း ကျင်းပခဲ့ကြတယ်။ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်တဲ့ ‌ဟော‌ပြောပွဲ‌တွေလည်း လုပ်ခဲ့တယ်။ ကရင်အမျိုးသမီး အဖွဲ့တစ်ခုဖြစ်တဲ့အတွက် ‌လော‌လောဆယ် KNU နဲ့ အစိုးရ လုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုကိုလည်း တက်တက်ကြွကြွ ပါဝင်ဖို့ ကြိုး စားသွားမှာပါ”ဟု ဆိုသည်။

‌နော်စူစဲနာလှလှစိုးက စစ်ဖြစ်ပွားရာ‌ဒေသများတွင် အခက်အခဲများကြားမှ ကိုယ်ကျိုးမဖက်ဘဲ ကူညီလုပ်‌ဆောင်‌နေသူ ကရင်အမျိုးသမီး များကိုလည်း ယခုလို အား‌ပေးစကား ‌ပြောကြားခဲ့သည်။

“ကျမတို့ ကရင်အမျိုးသမီး‌တွေဟာ ကမ္ဘာမှာ မညံ့ပါဘူး။ စိတ်ရင်း‌စေတနာရင်းနဲ့ ကိုယ်ကျိုးစွန့်ပြီး လုပ်‌နေတဲ့သူ‌တွေ အများကြီး ရှိပါတယ်။ အဲဒီအတိုင်းပဲ ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုရင် ကျမတို့လိုလားတဲ့ ပန်းတိုင်ကို ‌ရောက်မှာပါ”ဟု ၎င်းက ‌ပြောသည်။

ရန်ကုန်အ‌ခြေစိုက် ကရင့်အမျိုးသမီးများလှုပ်ရှားမှုအဖွဲ့(KWAG)၏ စီမံခန့်ခွဲ‌ရေး ဒါရိုက်တာတစ်ဦးဖြစ်သူ ‌နော်စူစဲနာလှလှစိုးသည် မြန်မာ ပြည်ရှိ အမျိုးသမီးများ အရည်အချင်း မြှင့်တင်‌ရေးနှင့် အခွင့်အ‌ရေးဆိုင်ရာ သင်တန်းများ‌ပေး‌နေသည့်အပြင် ဆင်းရဲနွမ်းပါးသည့် မိသားစု များအတွက် ‌ငွေ‌ချေးလုပ်ငန်းများ၊ နွမ်းပါးက‌လေးများအတွက် ပညာ‌ရေးပံ့ပိုး‌ပေးမှုလုပ်ငန်းများအပြင် နာဂစ်မုန်တိုင်းသင့်‌ဒေသများတွင် ကယ်ဆယ်‌ရေးလုပ်ငန်းများကို လုပ်ကိုင်‌နေသူဖြစ်သည်။

ထို့အပြင် သူမသည် World Vision ၏ လူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး‌ရေး ညွှန်ကြား‌ရေးမှူးအဖြစ်လည်း‌ကောင်း၊ အမျိုးသမီးအဖွဲ့ ၂၇ဖွဲ့ ပါဝင်‌သော မြန်မာအမျိုးသမီးကွန်ယက်အဖွဲ့၏ ဥက္ကဌအဖြစ်လည်း‌ကောင်း၊ မြန်မာနိုင်ငံရှိ ကွန်ယက်အဖွဲ့အစည်း ၅ဝပါဝင်‌သော အမျိုးသ မီးကာကွယ်‌ရေးလှုပ်ရှားမှုအဖွဲ့၏ အလှည့်ကျ ‌ကော်မတီဝင်အဖြစ်လည်း‌ကောင်း တာဝန်ယူ ‌ဆောင်ရွက်လျှက်ရှိသည်။

၂၀၁၂ခုနှစ်အတွက် Interaction ၏ ဆုရရှိသူ ၄ဦးနှင့် World Vision အဖွဲ့ကို အ‌မေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Annual Gala Banquet ခမ်းမတွင် လာမည့် ‌မေလ ၁ရက်‌နေ့ ည ၇း၃ဝမှ ၉း၃ဝနာရီအထိ ဆုများအပ်နှင်းသွားမည်ဖြစ်‌ကြောင်း Interaction ၏ ဝက်ဘ်ဆိုက်တွင် ‌ဖော်ပြထားသည်။