Home သတင်း ‌ဒေါ်‌အောင်ဆန်းစုကြည်‌ကော့မှူးတွင် ပထမဆုံး မဲဆွယ်စည်းရုံး

‌ဒေါ်‌အောင်ဆန်းစုကြည်‌ကော့မှူးတွင် ပထမဆုံး မဲဆွယ်စည်းရုံး

2229
မတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ၎င်း၏မဲဆန္ဒနယ် ‌ကော့မှူးမြို့နယ်တွင် ပထမဆုံးအကြိမ် မဲ ဆွယ်စည်းရုံးမှုကို ယ‌နေ့ ပြုလုပ်ခဲ့သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ‌ကော့မှူးမြို့သို့ ‌လေးကြိမ်လာ‌ရောက်ခဲ့ပြီးဖြစ်‌သော်လည်း ယခုတစ်ကြိမ်မှသာ ၎င်းမဲဆန္ဒနယ်အတွက် လာ ‌ရောက်စည်းရုံးခြင်းဖြစ်သည်ဟု ‌ကော့မှူးမြို့နယ် (NLD) မဲ‌အောင်နိုင်‌ရေး တာဝန်ခံ ဦးမြင့်သိန်းက ‌ပြောသည်။

“အရင် သုံးကြိမ်တုန်းက လာတာက‌တော့ ပါတီအတွက်လာတာ။ သူ(‌ဒေါ်စု)က ‌ရွေး‌ကောက်ပွဲကိုယ်စားလှယ် ဟုတ်မယ် မဟုတ်ဘူးဆို တာ မ‌သေချာ‌သေးတဲ့အတွက် စည်းရုံးဖို့လာတာ မဟုတ်ဘူး။ အခုလာတာက‌တော့ ‌ရွေး‌ကောက်ပွဲအတွက် စည်းရုံးဖို့ အဓိကလာတာလို့ ‌ပြောသွားတယ်။”ဟု ၎င်းက ‌ပြောဆိုသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအ‌ရေးကို အ‌လေးအနက်ထားသည့်အ‌နေဖြင့် ‌ကော့မှူးမြို့နယ် ဝါးသခင်္‌ကျေးရွာရှိ ကရင်မိသား စုတစ်စုထံတွင် အိမ်‌ထောင်စုစာရင်းဝင်ကာ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ခြင်း ဖြစ်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ယ‌နေ့ ‌နေ့လည်တွင် ရန်ကုန်မှ ‌ကော့မှူးသို့လာ‌ရောက်ခဲ့ပြီး ၎င်းမြို့နယ်အတွင်းရှိ ဘုရားလမ်းရပ်ကွက် ဝိ‌ဇ္ဇေ ဒရ‌ကျောင်းတိုက် အ‌ရှေ့ကွင်းပြင်တွင် ‌လေးဆယ့်ငါးမိနစ်ကြာ စည်းရုံး‌ဟော‌ပြောခဲ့သည်။

လူထုပရိဿတ် ‌လေး‌သောင်းခန့် တက်‌ရောက်ခဲ့သည့် ထို‌ဟော‌ပြောပွဲတွင် ‌ဒေသခံပြည်သူများအ‌နေဖြင့် မဲထည့်မမှားကြရန်၊ မိမိအား မဲ‌ပေးကြရန် ‌ဟော‌ပြောသွားခဲ့သည်ဟု ၎င်း‌ဟော‌ပြောပွဲသို့ သတင်းတက်‌ရောက်ယူ‌နေသည့် ပြည်တွင်းသတင်း‌ထောက်တစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “‌ပြောသွားတာက‌တော့ မဲထည့်မမှားကြဖို့ တခြားပါတီ‌တွေကလည်း ‌ငွေ‌ချေး‌ပေးမယ်ဆိုရင် ယူ‌ပေါ့‌နော်။ အခက်အခဲ‌ကြောင့် ‌ငွေလို တယ်ဆိုရင်‌တော့ ယူ‌ပေါ့။ ဒါ‌ပေမယ့် မဲ‌ပေးတဲ့‌နေရာမှ‌တော့ ကိုယ့်ရည်မှန်းထားတဲ့လူကိုပဲ မဲ‌ပေး၊ ကိုယ့်အတွက် ‌ကောင်း‌အောင်လုပ်‌ပေး နိုင်တယ် မနိုင်ဘူးဆိုတာ‌တော့ ကိုယ့်ဘာသာကိုယ် ‌လေ့လာပါဆို ပြီး‌ပြောသွားတယ်”ဟု ‌ပြောသည်။

‌ကော့မှူး‌ဒေသခံတစ်ဦးကလည်း “‌ဒေါ်စု‌ပြောသွားတာက‌တော့ တကယ်လို့ ‌ရွေး‌ကောက်ပွဲက တင်‌မြှောက်ထားတဲ့ အမတ်တစ်‌ယောက် ဖြစ်‌နေပြီး ရွာတိုင်းလိုလို မ‌ရောက်ခဲ့ဘူးဆိုရင်‌တော့ သူ တာဝန်မ‌ကျေဘူး‌ပေါ့။ အဲ့ဒီအတွက် သူ‌ရောက် ‌အောင်သွားမယ်။ ‌နောက်ပြီး ပြည် သူအတွက် တာဝန်ယူထားတဲ့အတွက် တာဝန်‌ကျေ‌အောင် ‌ပေးဆပ်ဖို့ ကြိုးစားမယ်‌ပေါ့” ဟု ‌ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ၎င်း၏မဲဆန္ဒနယ်တွင် မဲ‌ပေးနိုင်ရန်အတွက် ပုံစံ (၁၀)ပြုလုပ်ရန် ‌ကော့မှူးမြို့သို့ သွား‌ရောက်မည်ဟု သတင်းများထွက်‌ပေါ်‌နေခဲ့‌သော်လည်း အလုပ်များ မအားလပ်သည့်အတွက် မဲမထည့်ရန် ဆုံးဖြတ်လိုက်‌ကြောင်း NLD တာဝန်ရှိသူများ၏ ‌ပြောဆိုချက်အရ သိရသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ‌ကော့မှူးမဲဆန္ဒနယ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်အပြင် ကြံ့ခိုင်‌ရေးပါတီမှ ‌ဒေါက်တာစိုးမင်း၊ ညီညွှတ်‌ရေး နှင့် ငြိမ်းချမ်း‌ရေးပါတီမှ ဦးတင်ရီတို့ ဝင်‌ရောက်အ‌ရွေးခံကြမည် ဖြစ်သည်။