Home သတင်း ‌ဒေါ်စုပါတီ၏ မဲဆွယ် စည်းရုံး‌ရေးကို ‌ကော့မှူးလူထုအားလုံး ကြိုဆို

‌ဒေါ်စုပါတီ၏ မဲဆွယ် စည်းရုံး‌ရေးကို ‌ကော့မှူးလူထုအားလုံး ကြိုဆို

1910
မတ်လ ၃၁ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ကြားဖြတ် ‌ရွေး‌ကောက်ပွဲမတိုင်ခင် ပါတီဆိုင်းပုဒ်တင်ပွဲနှင့် မဲဆွယ်စည်းရုံး‌ရေးကို ရန်ကုန်တိုင်း၊ ‌ကော့မှူးမြို့နယ် NLD မဲ‌အောင်နိုင်‌ရေး အဖွဲ့ဝင်များက မတ်လ ၃ဝရက်‌နေ့က ကျင်းပ ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်လူထုအားလုံး ကြိုဆို‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌ရွေး‌ကောက်ပွဲ ‌လေ့လာ‌စောင့်ကြည့်သူတစ်ဦးက “ဒီ‌နေ့ ‌ကော့မှူးမြို့နယ် မဆယ်ဆိပ်‌ကျေးရွာမှာ အမျိုးသားဒီမိုက‌ရေစီဆိုင်းပုဒ်တင်ပွဲ ပြု လုပ်တာ လူဦး‌ရေ ၃၀၀‌ကျော် တက်‌ရောက်ပါတယ်။ ကွမ်းခြံကုန်းလူငယ်‌တွေ စုဖွဲ့ထားတဲ့ စ‌နေသင်း (လူမှု‌ရေးအသင်း)က ပါဝင် အားဖြည့် ‌ပေးတယ်။ ဆိုင်းပုဒ်တင်ပွဲပြီးတာနဲ့ ‌ကျေးရွာ‌တွေကို မဲ‌အောင်နိုင်‌ရေး စည်ရုံး‌ရေးဆင်းပါတာမှာလည်း လူထုအားလုံး ဝမ်းပမ်းတသာ ကြိုဆို ကြတာ ‌တွေ့ရတယ်။”ဟု ဆိုသည်။

‌ကျေးရွာများမှ က‌လေးသူငယ်များမှစ၍ သက်ကြီးရွယ်အိုအဆုံး ကြိုဆိုကြသည့် NLD ၏ မဲဆွယ် စည်းရုံး‌ဟော‌ပြောခြင်းကို ‌ကော့မှူးမြို့ NLD မဲ‌အောင်နိုင်‌ရေးတာဝန်ခံ မန်းဘ‌ရွှေမှ ဦး‌ဆောင်ခြင်းဖြစ်ပြီး ပုပ္ပါး၊ ‌မှော်‌တော၊ မဆယ်ဆိပ်နှင့် ‌ကော့မှူးမြို့တစ်‌လျှောက်ရှိ ‌ကျေးရွာများ သို့ စည်းရုံး‌ရေးဆင်းခဲ့ကြခြင်း ဖြစ်သည်။

‌ကော့မှူးမြို့တွင် ဆိုင်ကယ်အစီး ၅၀၊ ‌ထော်လာဂျီ ၁ဝစီးဖြင့် သွားခဲ့သည့် NLD ၏ မဲဆွယ်စည်းရုံး‌ရေးတွင် မဲဆန္ဒရှင်များ မဲ‌ပေးတတ်ရန်နှင့် ၎င်းတို့ပါတီကို မဲထည့်ရန် ရွာတိုင်း၌ ‌ဟော‌ပြောခဲ့ရာ ‌ဒေသခံလူထုက စည်းကမ်းတကျ လက်ခုပ်တီးကာ ကြိုဆိုအား‌ပေးခဲ့ကြသည်။

စည်းရုံး‌ရေးခရီးတွင် ပါဝင်သူတစ်ဦးက ““ဆိုင်းပုဒ်တင်ပွဲက ၁၁ခွဲက‌နေ ၁၂နာရီအထိ လုပ်တယ်။ မဆယ်ဆိပ်‌ကျေးရွာမှာ ဆိုင်းပုဒ်တင်ပြီး တာနဲ့ ‌ထော်လာဂျီ‌တွေ၊ ဆိုင်ကယ်‌တွေနဲ့ စည်းရုံး‌ရေးဆင်းတာပဲ။ လူ‌တွေက‌တော့ ရွာတိုင်းမှာ လူ‌တွေက‌တော့ အများကြီးပဲ။ ကရင်ရွာ‌တွေ မှာ‌တော့ ကရင်‌တွေက ကြိုဆိုတယ်။ ကရင်ရွာမဟုတ်တဲ့ အခြားရွာ‌တွေလည်း ကြိုဆိုတာ တရွာကို အနည်းဆုံး ၁၀ဝရှိမယ်။ ည‌နေပိုင်းမှာ ‌ကော့မှူးကိုဝင်‌တော့ အဲဒီမှာ လူ‌တွေပိုများလာတယ်။”ဟု NLD အဖွဲ့ဖြင့် ပါဝင်ခဲ့သူတစ်ဦးက ‌ပြောသည်။

‌ကော့မှူးမြို့နယ်အတွင်းရှိ ပုပ္ပါး၊ ‌မှော်‌တော၊ ဝါးသခင်္၊ ဆုံရှမ်း၊ မဆယ်ဆိပ်၊ ဥတို၊ သပြုဆမ်း၊ သံအိုင်၊ နတ်‌ရေတွင်း၊ ဖရဲနီ၊ သမဲ့၊ ‌အောက် ‌ကျောင်း၊ ကျုံတံတား၊ မကျီးကန၊ ‌ရေဖြူတွင်း၊ အင်းလျား‌ချောင်၊ ခ‌လောင်၊ ဘန့်‌ဘွေးအိုင်ရွာများမှာ ကရင်‌ကျေးရွာများဖြစ်ကြပြီး လယ်စပါး စိုက်ပျိုးခြင်းကို လုပ်ကိုင်‌နေကြသည်။

NLD အဖွဲ့ကို ကြိုဆိုသူ အဖွားအိုတစ်ဦးက “အခု ‌ရွေး‌ကောက်ပွဲမှာ ‌ဒေါ်စုနိုင်မယ်ဆိုတာ သူတို့ ကြိုသိ‌နေတယ်‌လေ။ အဲဒီအတွက် ‌ကျေနပ်တယ်။ ‌ပျော်တယ်။”ဟု ဆိုသည်။

ထို‌နေ့မနက်ပိုင်းတွင် ‌ကော့မှူးမြို့နယ် ကြံ့ခိုင်‌ရေးပါတီမှလည်း နယ်လှည့်စည်းရုံး‌ရေးကို လုပ်‌ဆောင်‌နေသည့်အပြင် ကျန်းမာ‌ရေးဝန်ကြီးက ‌ကျေးလက်ကျန်းမာ‌ရေးရုံး ဖွင့်လှစ်ခြင်းများလည်း လုပ်‌ဆောင်‌ပေးခဲ့ရာ ၎င်းမှာ ကြံ့ခိုင်‌ရေးပါတီ-USDP ၏ စည်းရုံး‌ရေးနှင့် ပတ်သက်‌နေ ‌ကြောင်း လူထုအတွင်း ထင်‌ကြေး‌ပေး‌နေကြသည်။

“အဲဒီ ‌ကျေးလက်ကျန်းမာ‌ရေးရုံးဖွင့်တာမှာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးက တစ်အိမ်တစ်‌ယောက် မလာမ‌နေရဆိုပြီး လိုက်‌ကြေညာတယ်။ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးက ကြံ့ဖွံ့ပါတီ‌ထောက်ခံသူဆို‌တော့ ဒါဟာ ကြံ့ခိုင်‌ရေးရဲ့ စည်းရုံး‌ရေးနဲ့ ပတ်သက်‌နေမယ် ထင်တယ်။”ဟု မြို့ခံ တစ်ဦးက ‌ပြောသည်။

ယင်းသို့ NLD နှင့် USDP ပါတီတို့ ‌ကော့မှူးတွင် အပြိုင်အဆိုင် မဲဆွယ်စည်းရုံး‌နေရာ၌ လူထုအားလုံး၏ ၉ဝရာခိုင်နှုန်းမှာ အမျိုးသားဒီမိုက ‌ရေစီအဖွဲ့ချုပ်-NLD အ‌ပေါ် ‌ထောက်ခံမှု ပိုအားသာ‌နေသည်ဟုလည်း ‌စောင့်ကြည့်သူများက ‌ပြောဆိုသည်။

ထို‌နေ့ည‌နေဘက်တွင် ‌ကော့မှူးမြို့၌ ‌ဒေါ်စုမဲဆွယ်သီချင်းများ သီဆိုကာ ကခုန်‌နေကြသူ ဆိုက္ကားသမားများကို ကြံ့ခိုင်‌ရေးပါတီမဲဆွယ်သူ တစ်ဦးက “‌ဒေါ်စု ‌သေပြီ”ဟု လှမ်း‌ပြောဆိုလိုက်သည့်အ‌ပေါ် နှစ်ဖက် လူဦး‌ရေ ၂ဝခန့် စကားများရန်ဖြစ်ခဲ့ကြရာ ကြံ့ဖွံ့ပါတီ‌ခေါင်း‌ဆောင် များက လာ‌ရောက်လူခွဲလိုက်သဖြင့် ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့‌ပေ။