Home သတင်း ‌ကော့မှူးကြံ့ဖွံ့၏ မဲထည့်နည်း ပယ်မဲသ‌ဘော‌ဆောင်ဟု မြို့ခံများ‌ပြောဆို

‌ကော့မှူးကြံ့ဖွံ့၏ မဲထည့်နည်း ပယ်မဲသ‌ဘော‌ဆောင်ဟု မြို့ခံများ‌ပြောဆို

2199
မတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ရန်ကုန်တိုင်း၊ ‌ကော့မှူးမြို့တွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP မှ ယ‌နေ့မနက်တွင် ပြုလုပ်ခဲ့သည့် မဲထည့်ပုံထည့်နည်း ရှင်းလင်း‌ပြောပြမှုမှာ မဲများကို ပယ်မဲဖြစ်‌အောင် လုပ်ခိုင်း‌နေခြင်းဖြစ်‌ကြောင်း မြို့ခံများက ‌ဝေဖန်‌ပြောဆို‌နေကြသည်။

မြို့ခံအမျိုးသမီးကြီးတစ်ဦးက “ဒီ‌နေ့ ကြံ့ခိုင်‌ရေးပါတီက မဲထည့်ပုံ၊ ထည့်နည်းအ‌ကြောင်း‌ပြောတယ်။ ‌ဒေါ်စုကိုကြိုက်ရင် အမှန်ခြစ်ပြီး ကြံ့ ခိုင်‌ရေးကို မကြိုက်ရင် အမှားခြစ်ထည့်ခိုင်းတယ်။ ကြံ့ခိုင်‌ရေးကို မကြိုက်လို့ အမှားခြစ်ခိုင်းမှ‌တော့ ဒါ ပယ်မဲ ဖြစ်သွားမယ်‌လေ။”ဟု ‌ပြော သည်။

‌ကော့မှူးမြို့၊ မြို့မရပ်ကွက်ရှိ ကြံ့ခိုင်‌ရေးရုံးတွင် ယ‌နေ့မနက် ၉နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့သည့် မဲထည့်နည်းရှင်းလင်းပွဲတွင် လူဦး‌ရေ ၁,၀၀ဝခန့် တက်‌ရောက်ခဲ့ကြ‌သော်လည်း အခြားမြို့နယ် သုံးမြို့နယ်မှ USDP ပါတီဝင်များသာဖြစ်ပြီး ကြံ့ဖွံ့ပါတီဝင် မဟုတ်သူ ‌ကော့မှူးမြို့ ခံများမှာ ပါဝင်ခြင်းမရှိ‌ကြောင်း ကိုယ်တိုင် မြင်‌တွေ့ခဲ့သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဌာနဆိုင်ရာ အပြာနု‌ရောင် ဂျစ်ကား‌တွေနဲ့ Light truck ကား‌တွေ ၁၅စီးဝန်းကျင်‌လောက်ရှိတယ်။ အများစုက‌တော့ ‌ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ဒလက သူတို့(ကြံ့ဖွံ့)ပါတီဝင်‌တွေချည်း အင်အားလာပြတာပါပဲ။”ဟု ဆိုသည်။

‌ကော့မှူးမြို့နယ်မှ ‌ဒေသခံပြည်သူများမှာ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုသာ မဲ‌ပေးရန် ဆန္ဒရှိကြ ပြီး ကြံ့ဖွံ့ပါတီထက် ‌ဒေါ်‌အောင်ဆန်းစုကြည် ပါတီက လူထုအတွက် လုပ်‌ဆောင်‌ပေးနိုင်မည်ဟု ယုံကြည်‌ကြောင်း ‌ပြောဆို‌နေကြသည်။

“သူတို့(ကြံ့ဖွံ့)က ပြည်သူ‌တွေ မလုပ်နိုင်တာကို ‌ဒေါ်စုက လုပ်‌ပေးနိုင်တယ်။ အရင် ၂၀၁ဝတုန်းက‌တော့ ထည့်စရာပါတီမရှိလို့ ကြံ့ခိုင်‌ရေး ကို မဲ‌ပေးခဲ့တယ်။ ဒါ‌ပေမယ့် သူတို့ဘာမှမလုပ်‌ပေးဘူး။ အခု သူတို့မလုပ်‌ပေးနိုင်တာကို ‌ဒေါ်စုက လုပ်‌ပေးနိုင်တယ်။ အဲဒါ‌ကြောင့် ‌ဒေါ်စုကို မဲထည့်တာပါ။”ဟု မြို့ခံ မွတ်ဆလင်မ်လူမျိုး ‌ဈေးသည်တစ်ဦးက ‌ပြောသည်။

‌ကော့မှူးမှ ကရင်အမျိုးသမီးကြီးတစ်ဦးက “‌ဒေါ်စုကို ယုံကြည်လို့။ ဗိုလ်ချုပ်(‌အောင်ဆန်း)သမီးဖြစ်လို့။ ကရင်ရွာမှာ သန်း‌ခေါင်းစာရင်းဝင် ထားလို့။ ဒီမှာ‌တော့ အားလုံးက ‌ဒေါ်စုကိုပဲ မဲထည့်မယ်။”ဟု ‌ပြောသည်။

ယမန်‌နေ့က ‌ကော့မှူးမြို့မှ ကြံ့ဖွံ့ပါတီဝင်များသည် ၎င်းတို့ပါတီ၏ လက်ကမ်းစာ‌စောင်များကို လူ‌နေအိမ်များ‌ရှေ့တွင် ညဘက် လိုက်လံချ ထား‌ပေးခဲ့သလို ၎င်းတို့ပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲသို့ လာ‌ရောက်နား‌ထောင်သူများအား ‌ငွေ ၃၀၀ဝကျပ် ‌ပေးမည်ဟုလည်း မကျီးကန် ‌ကျေးရွာမှ ကြံ့ဖွံ့ပါတီဝင်များက အိမ်တိုင်ရာ‌ရောက် ‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

“ဒီအတိုင်း‌ပေးရင် ‌ဒေသခံ‌တွေက မယူဘူး။ ညဘက်လိုက်ထား‌တော့ မနက်ပိုင်းကျရင် လူ‌တွေက ယူ‌ကောက်ကြည့်တယ်။ ဒါ‌ပေမဲ့ အား လုံးက ဆွဲဖြဲပစ်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ၂၀၁ဝတုန်းက ကြံ့ခိုင်‌ရေးကို မဲထည့်ခဲ့‌ပေမယ့် ကြံ့ခိုင်‌ရေးက ဘာမှလုပ်‌ဆောင်‌ပေးခြင်း မရှိ ဘူး။”ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ‌ကော့မှူးမြို့နယ် ကြံ့ခိုင်‌ရေးပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲတွင် ပါတီဝင်များက ၎င်းတို့ယူ‌ဆောင်လာသည့် ခြ‌သေင့်္ပုံပါ မဲစာရွက်‌ပေါ်တွင် အမှန်၊ အမှား ခြစ်ကာ လာ‌ရောက်သူများအား ပြသ‌ပေးခဲ့သည်။

ဧပြီလ ၁ရက်‌နေ့ ကြားဖြတ် ‌ရွေး‌ကောက်ပွဲတွင် ‌ကော့မှူးမြို့နယ်၌ ၃ပါတီ ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်‌တော်အမတ်‌လောင်းများမှာ NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ငြိမ်းချမ်း‌ရေးနှင့် ဒီမိုက‌ရေစီပါတီမှ ဦးတင်ရီနှင့် USDP မှ ‌ဒေါက်တာစိုးမင်းတို့ ဖြစ်သည်။