Home သတင်း ‌ကော့မှူးတွင် USDP နယ်လှည့် စည်းရုံး‌ရေးဆင်း

‌ကော့မှူးတွင် USDP နယ်လှည့် စည်းရုံး‌ရေးဆင်း

2442
မတ်လ ၃ဝရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)


ရန်ကုန်တိုင်း၊ ‌ကော့မှူးမြို့နယ်ရှိ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP သည် ၎င်းတို့၏ နယ်လှည့် စည်းရုံး‌ရေး ခရီးစဉ်အတွက် ယ‌နေ့မနက် ၉နာရီခန့်တွင် ‌ကော့မှူးမြို့မှ ကား၊ ဆိုင်ကယ်များဖြင့် ‌ကျေးရွာများသို့ စတင် ထွက်ခွာသွားပြီးဖြစ်သည်။

ကိုယ်တိုင် မြင်‌တွေ့ခဲ့သူတစ်ဦးက “ကားအစီး ၂၀‌လောက်၊ ဆိုင်ကယ်အစီး ၃၀‌လောက်ရှိတယ်။ သူတို့ပါတီဝင်‌တွေချည်းပဲ။ ကား‌ပေါ်မှာ သူတို့ရဲ့ စည်းရုံး‌ရေးသီချင်း‌တွေ ဖွင့်သွားတယ်။ ရဲရင့်တဲ့ ခြ‌သေင့်္၊ အားရှိတဲ့ ခြ‌သေင့်္ အဲဒါ‌တော့ ကြားမိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ခန့်မှန်း‌ခြေ လူဦး‌ရေ ၂၀ဝခန့်ရှိသည့် အဆိုပါ စည်းရုံး‌ရေးခရီးတွင် ပါဝင်သူများမှာ ‌ရွှေပြည်သာ၊ အင်းစိန်၊ တွံ‌တေး၊ ကွမ်းခြံကုန်း၊ ‌ကော့မှူး၊ ဒလမြို့နယ်များမှ USDP ပါတီဝင်များဖြစ်ကြပြီး ၎င်းတို့သည် ‌ကော့မှူးမှ ကျိုက်‌ထော်၊ ထိုမှတဆင့် အခြားရွာများသို့ သွား‌ရောက်မည်ဟု လည်း စည်းရုံး‌ရေးခရီးစဉ်တွင် ပါဝင်သူ ၎င်းပါတီဝင်တစ်ဦးက ‌ပြောဆိုသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ‌ကော့မှူးမြို့နယ်တွင် မတ်လ ၂၂ရက်‌နေ့က မဲဆွယ်စည်းရုံးခဲ့ပြီး ယမန်‌နေ့ညကလည်း သူမ၏ NLD ပါတီဝင်များက မဲထည့်ရန် ‌ထော်လာဂျီကားစီးကာ မိုက်ခရိုက်ဖုန်းဖြင့် လိုက်လံ‌ကြေညာခဲ့‌ကြောင်းလည်း သိရသည်။

‌ကော့မှူးမြို့နယ်တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးပါတီတို့ ကြားဖြတ် ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌သော်လည်း ညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးပါတီမှ စည်းရုံး‌ရေးလုပ်ငန်း စတင် လုပ်‌ဆောင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။