Home သတင်း ဧပြီလဆန်းတွင် ‌ကျောင်းသားတပ်မ‌တော် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမည်

ဧပြီလဆန်းတွင် ‌ကျောင်းသားတပ်မ‌တော် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမည်

1792
မတ်လ ၁၂ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် လာမည့် ဧပြီလဆန်းပိုင်းတွင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမည့် လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု အဖွဲ့၏ ဒုဥက္ကဌကိုမျိုးဝင်းက ယ‌နေ့ ‌ပြောကြားလိုက်သည်။

၎င်းက “လာမဲ့ ဧပြီလဆန်းမှာ ကျ‌နော်တို့ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့က ဦး‌အောင်‌သောင်း‌ခေါင်း‌ဆောင်တဲ့အဖွဲ့နဲ့ ရန်ကုန်မြို့မှာ သွား‌ရောက်‌ဆွေး‌နွေးမှာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရနှင့် နိုင်ငံ‌ရေးအရ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးနိုင်ရန် ယခုလ(၇)ရက်‌နေ့က ‌ရှေ့‌ပြေးအဖွဲ့အဖြစ် ရန်ကုန်မြို့သို့ ‌စေလွှတ်လိုက်သည့် ABSDF အဖွဲ့ဝင်‌ခြောက်ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ‌ဆောက်-မြဝတီလမ်း‌ကြောမှတဆင့် ရန်ကုန်မြို့သို့ သွား‌ရောက်ခဲ့ပြီး နယ်စပ် ‌ဒေသသို့ ယ‌နေ့ ပြန်လည်‌ရောက်ရှိလာခဲ့ပြီး‌နောက် ယင်းသို့ ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုအဖွဲ့သည် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ကရင်ပြည်နယ်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥက္ကဌ (ငြိမ်း) ဦး‌စောခင်စိုးနှင့် သွား‌ရောက်‌တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ အစီအစဉ်များ ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ရန်ကုန်မြို့သို့ သွား‌ရောက်မည့် ငြိမ်းချမ်း‌ရေးဆိုင်ရာ ခရီးစဉ်တွင် ဗဟိုအဆင့်‌ခေါင်း‌ဆောင်များ အပြင် မြန်မာနိုင်ငံ ‌ဒေသအသီးသီးရှိ ‌ကျောင်းသားတပ်မ‌တော် မှ ‌ခေါင်း‌ဆောင်များလည်း ပါရှိမည် ဖြစ်သည်။

ကိုမျိုးဝင်းက “အဓိက ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအတွက် သွား‌ရောက်‌ဆွေး‌နွေးမှာ ဖြစ်တယ်။ ကျ‌နော် တို့ရဲ့ ရည်မှန်းချက် မပြည့်ဝသ‌ရွေ့‌တော့ ‌ကျောင်းသားတပ်မ‌တော်က ဆက်လက် တည်ရှိ‌နေအုံးမှာဖြစ်တယ်”ဟု ‌ဒေသခံသတင်း ‌ထောက်များကို ‌ပြောကြားခဲ့သည်။

ABSDF ကို ရှစ်‌လေးလုံး လူထုအ‌ရေး‌တော်ပုံအပြီး နယ်စပ်သို့ တိမ်း‌ရှောင်လာကြသည့် ‌ကျောင်းသားလူငယ်များနှင့် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာ လ (၁)ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး ‌ကော့မူးရာမြို့နယ်၊ ဝမ်းခစခန်း၌ စတင် ဖွဲ့စည်းခဲ့ပြီး ယ‌နေ့အထိတိုင် လက်နက်ကိုင် တိုက်ပွဲဝင်လျှက်ရှိကာ လက်ရှိ ဥက္ကဌမှာ ရဲ‌ဘော်သံခဲ ဖြစ်သည်။